အလုပ္လက္မဲ့ျဖစ္ေနခ်ိန္ စိတ္ဓာတ္က်ဆင္းမႈကို ေျဖရွင္းနည္းမ်ား

အရင္အလုပ္က ထြက္ခဲ့ၿပီးေနာက္ အလုပ္မရေသးခင္ အခ်ိန္ကာလစပ္ၾကားမွာ ျဖစ္တဲ့ စိတ္ဖိစီးမႈက အရမ္းကို သိသာတတ္ပါတယ္။ ငါ ထြက္ခဲ့တာ မွားမ်ား မွားေနၿပီလား၊ သူမ်ားေတြကိုၾကည့္ၿပီး အားက်ေနတတ္သလို ကိုယ့္ကိုယ္ကိုလည္း အလိုမက် ျဖစ္ေနတတ္ပါတယ္။ တခ်ိဳ႕လူေတြ ေျပာသလိုဆိုရင္ ေမွာင္မဲေနတဲ့ တြင္းနက္ႀကီးတစ္ခုထဲ ခုန္ဆင္းမိၿပီး ျပန္မတက္ႏိုင္ေတာ့သလိုခံစားေနရလို႔ စိတ္အားငယ္မိရပါတယ္တဲ့။
လက္က်န္ေငြေလးကို လက္ထဲမွာ က်စ္က်စ္ပါေအာင္ ဆုပ္ထားၿပီး ေအးဂ်င့္ေတြဆီ သြားလိုက္ အလုပ္အကိုင္ျပပြဲေတြ သြားလိုက္နဲ႔ ကိုယ့္ကိုခန႔္မဲ့ အလုပ္ရွင္ကို ျပန္လည္ရွာေဖြေနဆဲလူေတြ အမ်ားႀကီးပါပဲ။
ဒါေၾကာင့္ ဒီနည္းလမ္းေတြက အလုပ္လက္မဲ့ျဖစ္ေနခ်ိန္ စိတ္ဓာတ္က်ဆင္းမႈေတြကို အေကာင္းဆံုး ကုစားေပးပါလိမ့္မယ္။

၁။ ေနာက္တစ္လွမ္း ျပန္ဆုတ္ပါ ၊ မိမိကိုယ္ကို အနားေပးပါ
အလုပ္ကို မမုန္းဘဲ ဘယ္သူကမွ မထြက္ပါဘူး။ ဒါ့ေၾကာင့္ သင္ႏႈတ္ထြက္ခဲ့တာကို က်ရႈံးမႈတစ္ခုလို႔ မယူဆလိုက္ပါနဲ႔။ အလုပ္ေၾကာင့္ စိတ္ေရာကိုယ္ပါ ပင္ပန္းေနတဲ့ ကိုယ့္ကိုယ္ကို ခဏတာ အနားေပးလိုက္တာပါ။ ဒီအခ်ိန္ေလးအတြင္းမွာ လက္က်န္ေငြေပၚ မူတည္ၿပီး သင္ ဝါသနာပါတဲ့ ေပ်ာ္႐ႊင္ေစမယ့္ အရာေတြနဲ႔ ခဏတာ ေပ်ာ္ပါးပါ။ ေလာင္းကစား၊ မူးယစ္ေဆးဝါး အစရွိတဲ့အရာေတြကိုေတာ့ ေရွာင္ပါ။

၂။ မတုန္လႈပ္ပါနဲ႔
ဒီဘက္ေခတ္ႀကီးမွာ အလုပ္တစ္ခု ဆုံးရႈံးသြားလို႔ ေၾကကြဲေနရင္ေတာ့ မသင့္ေတာ္ပါဘူး။ ဒီလိုေျပာရတာ ကိုယ္ခ်င္းမစာဘူးလို႔ ဆိုႏိုင္ေပမဲ့ တုပ္လႈပ္ေၾကကြဲေနေတာ့ေရာ ဘာမ်ားထူးျခားသြားမွာလဲ။ ဒါေၾကာင့္ ဒီအလုပ္ကို ထြက္ရေလာက္ေအာင္အထိ စဥ္းစားျဖစ္ခဲ့တဲ့ သင္ဆုံးျဖတ္ခ်က္ေတြကို သတိရပါ။ အခ်ိန္ကို အက်ိဳး ရွိရွိ စီမံခန႔္ခြဲပါ။ ပုံမွန္အိပ္ရာထေနက် အခ်ိန္အတိုင္းပဲ ထပါ။
ဒီေနရာမွာလည္း အတိတ္ကို ျပန္လည္တမ္းတမေနဖို႔ အေရးႀကီးပါတယ္။ CV ေဖာင္အသစ္ ၊ ဒီဇိုင္းအသစ္နဲ႔ သင့္ အရည္အခ်င္းေတြကို အလုပ္ခဲ့မယ့္သူ သေဘာက်ေအာင္ စီစဥ္ပါ။

၃။ တက္ၾကစြာ ေနထိုင္ပါ
ဘယ္အလုပ္ရွင္မွ ယုံၾကည္ခ်က္မရွိဘဲ စိတ္ဓာတ္က်ေနတဲ့လူကို မခန႔္ပါဘူး။ အလုပ္ရွင္ အားကိုးရေလာက္ေအာင္ လူေရာစိတ္ပါ က်န္းမာၿပီး လန္းဆန္းတက္ႂကြေနဖို႔ လိုအပ္ပါတယ္။
သင္ဟာ လူ႔ေလာကႀကီးအတြက္ အသုံးဝင္ေသးတယ္ဆိုတာ မေမ့ပါနဲ႔။ အရင္အလုပ္ထက္ အမ်ားႀကီး ပိုေကာင္းတဲ့ အလုပ္တစ္ခု သင္ မၾကာခင္ ရေတာ့မွာပါ။

[ Unicode ]

အရင်အလုပ်က ထွက်ခဲ့ပြီးနောက် အလုပ်မရသေးခင် အချိန်ကာလစပ်ကြားမှာ ဖြစ်တဲ့ စိတ်ဖိစီးမှုက အရမ်းကို သိသာတတ်ပါတယ်။ ငါ ထွက်ခဲ့တာ မှားများ မှားနေပြီလား၊ သူများတွေကိုကြည့်ပြီး အားကျနေတတ်သလို ကိုယ့်ကိုယ်ကိုလည်း အလိုမကျ ဖြစ်နေတတ်ပါတယ်။ တချို့လူတွေ ပြောသလိုဆိုရင် မှောင်မဲနေတဲ့ တွင်းနက်ကြီးတစ်ခုထဲ ခုန်ဆင်းမိပြီး ပြန်မတက်နိုင်တော့သလိုခံစားနေရလို့ စိတ်အားငယ်မိရပါတယ်တဲ့။
လက်ကျန်ငွေလေးကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အေးဂျင့်တွေဆီ သွားလိုက် အလုပ်အကိုင်ပြပွဲတွေ သွားလိုက်နဲ့ ကိုယ့်ကိုခန့်မဲ့ အလုပ်ရှင်ကို ပြန်လည်ရှာဖွေနေဆဲလူတွေ အများကြီးပါပဲ။
ဒါကြောင့် ဒီနည်းလမ်းတွေက အလုပ်လက်မဲ့ဖြစ်နေချိန် စိတ်ဓာတ်ကျဆင်းမှုတွေကို အကောင်းဆုံး ကုစားပေးပါလိမ့်မယ်။

၁။ နောက်တစ်လှမ်း ပြန်ဆုတ်ပါ ၊ မိမိကိုယ်ကို အနားပေးပါ
အလုပ်ကို မမုန်းဘဲ ဘယ်သူကမှ မထွက်ပါဘူး။ ဒါ့ကြောင့် သင်နှုတ်ထွက်ခဲ့တာကို ကျရှုံးမှုတစ်ခုလို့ မယူဆလိုက်ပါနဲ့။ အလုပ်ကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနေတဲ့ ကိုယ့်ကိုယ်ကို ခဏတာ အနားပေးလိုက်တာပါ။ ဒီအချိန်လေးအတွင်းမှာ လက်ကျန်ငွေပေါ် မူတည်ပြီး သင် ဝါသနာပါတဲ့ ပျော်ရွှင်စေမယ့် အရာတွေနဲ့ ခဏတာ ပျော်ပါးပါ။ လောင်းကစား၊ မူးယစ်ဆေးဝါး အစရှိတဲ့အရာတွေကိုတော့ ရှောင်ပါ။
“ အရှေ့ဆယ်လှမ်းကို ခုန်လှမ်းမဲ့ ခြင်္သေ့က နောက်ကိုတော့ တစ်လှမ်းဆုတ်ပြီး အားယူရမှာပါ”

၂။ မတုန်လှုပ်ပါနဲ့
ဒီဘက်ခေတ်ကြီးမှာ အလုပ်တစ်ခု ဆုံးရှုံးသွားလို့ ကြေကွဲနေရင်တော့ မသင့်တော်ပါဘူး။ ဒီလိုပြောရတာ ကိုယ်ချင်းမစာဘူးလို့ ဆိုနိုင်ပေမဲ့ တုပ်လှုပ်ကြေကွဲနေတော့ရော ဘာများထူးခြားသွားမှာလဲ။ ဒါကြောင့် ဒီအလုပ်ကို ထွက်ရလောက်အောင်အထိ စဉ်းစားဖြစ်ခဲ့တဲ့ သင်ဆုံးဖြတ်ချက်တွေကို သတိရပါ။ အချိန်ကို အကျိုး ရှိရှိ စီမံခန့်ခွဲပါ။ ပုံမှန်အိပ်ရာထနေကျ အချိန်အတိုင်းပဲ ထပါ။
ဒီနေရာမှာလည်း အတိတ်ကို ပြန်လည်တမ်းတမနေဖို့ အရေးကြီးပါတယ်။ CV ဖောင်အသစ် ၊ ဒီဇိုင်းအသစ်နဲ့ သင့် အရည်အချင်းတွေကို အလုပ်ခဲ့မယ့်သူ သဘောကျအောင် စီစဉ်ပါ။

၃။ တက်ကြစွာ နေထိုင်ပါ
ဘယ်အလုပ်ရှင်မှ ယုံကြည်ချက်မရှိဘဲ စိတ်ဓာတ်ကျနေတဲ့လူကို မခန့်ပါဘူး။ အလုပ်ရှင် အားကိုးရလောက်အောင် လူရောစိတ်ပါ ကျန်းမာပြီး လန်းဆန်းတက်ကြွနေဖို့ လိုအပ်ပါတယ်။
သင်ဟာ လူ့လောကကြီးအတွက် အသုံးဝင်သေးတယ်ဆိုတာ မမေ့ပါနဲ့။ အရင်အလုပ်ထက် အများကြီး ပိုကောင်းတဲ့ အလုပ်တစ်ခု သင် မကြာခင် ရတော့မှာပါ။

Ref; depression

 

367 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.