အသားျဖဴေစတဲ့ နည္းလမ္းေကာင္းမ်ား

အႏၲရာယ္လည္းကင္း၊ အိမ္မွာေနရင္းလည္း ျပဳလုပ္လို႔ရတဲ့ အသားျဖူေစမယ့္ နည္းလမ္းေလးေတြကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္တယ္ေနာ္။ ဖတ္ၾကည့္လို္က္ပါဦး။

၁။ သံပုရာရည္ လိမ္းျခင္း
သံပုရာသီးေဖ်ာ္ရည္ကို အသားျဖဴေဆးအျဖစ္ လူေတြသုံးစြဲခဲ့တာ ႏွစ္ေပါင္းေထာင္နဲ႔ ခ်ီေနပါၿပီ။ သံပရာရည္မွာ အရည္ျပားကို ေၾကးခြၽတ္ေစ႐ုံသာမက အရည္ျပားအေပၚယံလႊာက အသားမည္းေစတဲ့ ဆဲလ္ေတြကို ဖယ္ရွားေပးႏိုင္တဲ့ စြမ္းအင္ရွိပါတယ္။ သို႔ေပမဲ့ သံပရာက ညႇစ္ထားတဲ့ အရည္ကို ေရမေရာပဲ လိမ္းရင္ေတာ့ အေရျပားနဲ႔ မတည့္တာေတြ ျဖစ္ႏိုင္တာကိုေတာ့ သတိထားရပါမယ္။ ဒါ့ေၾကာင့္ သံပုရည္တစ္ဆ ေရတစ္ဆနဲ႔ အသုံးျပဳႏိုင္ပါတယ္။ ဒီသံပုရာရည္ကိုေတာ့ ဂြမ္းလုံးေလးနဲ႔ ၁၅ မိနစ္ခန႔္ ခႏၶာကိုယ္အရည္ျပားအေပၚယံလႊာကို လိမ္းေပးပါ။ ၿပီးရင္ေတာ့ ေရခပ္ေႏြးေႏြးေလးနဲ႔ ျပန္လည္ ပြတ္သပ္ေပးႏိုင္ပါတယ္။

ဒီလိုလုပ္တာကို တစ္ပတ္ကို ၃ႀကိမ္ထက္ေတာ့ မျပဳလုပ္သင့္ပါဘူး ။ အႀကိမ္ေရမ်ားေလေလ အေရျပားကို အနာတရ ျဖစ္ေစတဲ့အတြက္ ခႏၶာကိုယ္အတြက္ မေကာင္းေစဘူးဆိုတာကိုေတာ့ သတိထားရမွာပါ။ တစ္ခါ အသုံးျပဳၿပီးတိုင္း အေပၚကေျပာခဲ့သလို ေရေႏြးေလးနဲ႔ျဖစ္ျဖစ္ အစိုဓာတ္ထိန္းခရင္နဲ႔ ျဖစ္ျဖစ္ ျပန္လည္ သန႔္ရွင္းေရးလုပ္ဖို႔ေတာ့ လိုအပ္ပါလိမ့္မယ္။
သံပုရာရည္ရဲ႕ ေကာင္းက်ိဳးကိုေတာ့ ခ်က္ခ်င္း မသိသာေသးဘဲ တစ္လခန႔္အထိေတာ့ စိတ္ရွည္ရွည္နဲ႔ ေစာင့္ေနရပါလိမ့္မယ္။
အေရးႀကီးတာတစ္ခုကေတာ့ အျပင္မသြားခင္ အထူးသျဖင့္ ေနပူထဲမထြက္ခင္ သံပုရာရည္နဲ႔ လိမ္းထားသမွ်ကို စင္ေအာင္ ဖ်က္ဖို႔ လိုအပ္ပါတယ္။ ေနေရာင္ျခည္ထဲမွာပါတဲ့ UV ေရာင္ျခည္တန္းေတြနဲ႔ သံပရာရည္ထဲမွာပါတဲ့ ဓာတ္ေတြ ဓာတ္ျပဳျခင္းေတြ ျဖစ္ပြားၿပီး အေရျပားေရာင္ရမ္းတာေတြ ျဖစ္တတ္တာကိုေတာ့ သတိထားရမွာပါ။

၂။ ႏြားႏို႔နဲ႔ သံပုရာရည္ျဖင့္ ေရခ်ိဳးျခင္း
ပထမဆုံး ေရခ်ိဳးဇလုံထဲကို ေရေႏြးေတြ ေတာ္သင့္႐ုံေလာက္ ျဖည့္ထားရပါမယ္။ ႏြားႏို႔တစ္ခြက္ထဲကို သံပရာသီးတစ္လုံးထဲက သံပရာရည္ကုန္ဆုံးသည္အထိ ညႇစ္ႏိုင္ပါတယ္။ ၿပီးရင္ေတာ့ ဒီႏြားႏို႔ခြက္ကို ေရဇလုံထဲေလာင္းၿပီး သမေအာင္ ေမႊပါ။

ဒီလိုမ်ိဳး ေရဇလုံနဲ႔ ေရခ်ိဳးတာကို တစ္ခါခ်ိဳးရင္ မိနစ္ ၂၀ ခန႔္နဲ႔ တစ္ပတ္ကို တစ္ခါေလာက္ေတာ့ ျပဳလုပ္ႏိုင္ပါတယ္။
အသားျဖဴလာတဲ့ အက်ိဳးရလဒ္ကိုေတာ့ တစ္လခန႔္မွာ သိသာလာတတ္ပါတယ္။

၃။ ဒိန္ခ်ဥ္ႏွင့္ ပ်ားရည္ လိမ္းျခင္း
ဒိန္ခ်ဥ္မွာ သင့္အရည္ျပားကို ျဖည္းညႇင္းစြာနဲ႔ ျဖဴဝင္းလာေစတဲ့ အာနိသင္ရွိပါတယ္။ ပ်ားရည္ကေတာ့ သဘာဝတရားကေပးတဲ့ အစိုဓာတ္ထိန္းခရင္မ္ တစ္မ်ိဳး ျဖစ္တဲ့အျပင္ ပဋီဇီဝေဆးေတြလိုမ်ိဳး ဘက္တီးရီးယားေတြကို ႏိုင္တဲ့ အက်ိဳးရွိပါတယ္။ ဒီလိုမ်ိဳး အက်ိဳးရွိတဲ့ သဘာဝပစၥည္းႏွစ္မ်ိဳးကို ေပါင္းစပ္ၿပီးေတာ့ မ်က္ႏွာကို ျဖဴဝင္းေစတဲ့ မ်က္ႏွာဖုံးေလးတစ္ခု ဖန္တီးႏိုင္ပါတယ္။ ဒီလို လုပ္ဖို႔အတြက္ ပထမဆုံး အခ်ိဳဓာတ္ အထူးသျဖင့္ သၾကားမထည့္ရေသးတဲ့ ဒိန္ခ်ဥ္သီးသန႔္ကို လိုအပ္ပါတယ္။ ဒါမွသာ ဒိန္ခ်ဥ္ေတြ မ်က္ႏွာေပၚမွာ မခဲသြားမွာပါ။ ဒိန္ခ်ဥ္နဲ႔ ပ်ားရည္ကို တစ္ဆစီေရာၿပီးေတာ့ သင့္မ်က္ႏွာေပၚမွာ ၁၅ မိနစ္ခန႔္ လိမ္းထားႏိုင္ပါတယ္။ ၿပီးရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ မ်က္ႏွာျပန္သစ္ေပးပါ။ ဒီနည္းလမ္းကိုေတာ့ တစ္ပတ္မွာ ဘယ္ႏွစ္ႀကိမ္ပဲ လုပ္ရမယ္ဆိုၿပီး ကန႔္သတ္ခ်က္ထားတာကိုေတာ့ မေတြ႕ရပါဘူး။ ပ်ားရည္က ေဈးႀကီးေနတယ္ သို႔မဟုတ္ ဝယ္ရခက္ေနတယ္ဆိုလည္း ၁၀၀ ရာခိုင္ႏႈန္း သဘာ၀ အစိုဓာတ္ထိန္းခရင္မ္ ျဖစ္တဲ့ ရွားေစာင္းလက္ပတ္အဆီကို အစားထိုး သုံးစြဲႏိုင္ပါတယ္။

၄။ အလွအပ ပစၥည္းမ်ားသုံးျခင္း
ကိုယ့္အသားအရည္နဲ႔ တည့္တဲ့ အမ်ိဳးအစားနဲ႔ Brand အလိုက္ အသားျဖဴေစတဲ့ အာနိသင္ပါတဲ့ အလွအပ ပစၥည္းေတြ အမ်ားႀကီး ရွိပါတယ္။ ထုတ္လုပ္တဲ့ ကုမၸဏီအလိုက္ အရည္အေသြးနဲ႔ ထိေရာက္မႈအာနိသင္ အနည္းငယ္ေတာ့ ကြာျခားတတ္ပါတယ္။

[ Unicode ]

အန္တရာယ်လည်းကင်း၊ အိမ်မှာနေရင်းလည်း ပြုလုပ်လို့ရတဲ့ အသားဖြူစေမယ့် နည်းလမ်းလေးတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။

၁။ သံပုရာရည် လိမ်းခြင်း
သံပုရာသီးဖျော်ရည်ကို အသားဖြူဆေးအဖြစ် လူတွေသုံးစွဲခဲ့တာ နှစ်ပေါင်းထောင်နဲ့ ချီနေပါပြီ။ သံပရာရည်မှာ အရည်ပြားကို ကြေးချွတ်စေရုံသာမက အရည်ပြားအပေါ်ယံလွှာက အသားမည်းစေတဲ့ ဆဲလ်တွေကို ဖယ်ရှားပေးနိုင်တဲ့ စွမ်းအင်ရှိပါတယ်။ သို့ပေမဲ့ သံပရာက ညှစ်ထားတဲ့ အရည်ကို ရေမရောပဲ လိမ်းရင်တော့ အရေပြားနဲ့ မတည့်တာတွေ ဖြစ်နိုင်တာကိုတော့ သတိထားရပါမယ်။ ဒါ့ကြောင့် သံပုရည်တစ်ဆ ရေတစ်ဆနဲ့ အသုံးပြုနိုင်ပါတယ်။ ဒီသံပုရာရည်ကိုတော့ ဂွမ်းလုံးလေးနဲ့ ၁၅ မိနစ်ခန့် ခန္ဓာကိုယ်အရည်ပြားအပေါ်ယံလွှာကို လိမ်းပေးပါ။ ပြီးရင်တော့ ရေခပ်နွေးနွေးလေးနဲ့ ပြန်လည် ပွတ်သပ်ပေးနိုင်ပါတယ်။

ဒီလိုလုပ်တာကို တစ်ပတ်ကို ၃ကြိမ်ထက်တော့ မပြုလုပ်သင့်ပါဘူး ။ အကြိမ်ရေများလေလေ အရေပြားကို အနာတရ ဖြစ်စေတဲ့အတွက် ခန္ဓာကိုယ်အတွက် မကောင်းစေဘူးဆိုတာကိုတော့ သတိထားရမှာပါ။ တစ်ခါ အသုံးပြုပြီးတိုင်း အပေါ်ကပြောခဲ့သလို ရေနွေးလေးနဲ့ဖြစ်ဖြစ် အစိုဓာတ်ထိန်းခရင်နဲ့ ဖြစ်ဖြစ် ပြန်လည် သန့်ရှင်းရေးလုပ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
သံပုရာရည်ရဲ့ ကောင်းကျိုးကိုတော့ ချက်ချင်း မသိသာသေးဘဲ တစ်လခန့်အထိတော့ စိတ်ရှည်ရှည်နဲ့ စောင့်နေရပါလိမ့်မယ်။
အရေးကြီးတာတစ်ခုကတော့ အပြင်မသွားခင် အထူးသဖြင့် နေပူထဲမထွက်ခင် သံပုရာရည်နဲ့ လိမ်းထားသမျှကို စင်အောင် ဖျက်ဖို့ လိုအပ်ပါတယ်။ နေရောင်ခြည်ထဲမှာပါတဲ့ UV ရောင်ခြည်တန်းတွေနဲ့ သံပရာရည်ထဲမှာပါတဲ့ ဓာတ်တွေ ဓာတ်ပြုခြင်းတွေ ဖြစ်ပွားပြီး အရေပြားရောင်ရမ်းတာတွေ ဖြစ်တတ်တာကိုတော့ သတိထားရမှာပါ။

၂။ နွားနို့နဲ့ သံပုရာရည်ဖြင့် ရေချိုးခြင်း
ပထမဆုံး ရေချိုးဇလုံထဲကို ရေနွေးတွေ တော်သင့်ရုံလောက် ဖြည့်ထားရပါမယ်။ နွားနို့တစ်ခွက်ထဲကို သံပရာသီးတစ်လုံးထဲက သံပရာရည်ကုန်ဆုံးသည်အထိ ညှစ်နိုင်ပါတယ်။ ပြီးရင်တော့ ဒီနွားနို့ခွက်ကို ရေဇလုံထဲလောင်းပြီး သမအောင် မွှေပါ။

ဒီလိုမျိုး ရေဇလုံနဲ့ ရေချိုးတာကို တစ်ခါချိုးရင် မိနစ် ၂၀ ခန့်နဲ့ တစ်ပတ်ကို တစ်ခါလောက်တော့ ပြုလုပ်နိုင်ပါတယ်။
အသားဖြူလာတဲ့ အကျိုးရလဒ်ကိုတော့ တစ်လခန့်မှာ သိသာလာတတ်ပါတယ်။

၃။ ဒိန်ချဉ်နှင့် ပျားရည် လိမ်းခြင်း
ဒိန်ချဉ်မှာ သင့်အရည်ပြားကို ဖြည်းညှင်းစွာနဲ့ ဖြူဝင်းလာစေတဲ့ အာနိသင်ရှိပါတယ်။ ပျားရည်ကတော့ သဘာဝတရားကပေးတဲ့ အစိုဓာတ်ထိန်းခရင်မ် တစ်မျိုး ဖြစ်တဲ့အပြင် ပဋီဇီဝဆေးတွေလိုမျိုး ဘက်တီးရီးယားတွေကို နိုင်တဲ့ အကျိုးရှိပါတယ်။ ဒီလိုမျိုး အကျိုးရှိတဲ့ သဘာဝပစ္စည်းနှစ်မျိုးကို ပေါင်းစပ်ပြီးတော့ မျက်နှာကို ဖြူဝင်းစေတဲ့ မျက်နှာဖုံးလေးတစ်ခု ဖန်တီးနိုင်ပါတယ်။ ဒီလို လုပ်ဖို့အတွက် ပထမဆုံး အချိုဓာတ် အထူးသဖြင့် သကြားမထည့်ရသေးတဲ့ ဒိန်ချဉ်သီးသန့်ကို လိုအပ်ပါတယ်။ ဒါမှသာ ဒိန်ချဉ်တွေ မျက်နှာပေါ်မှာ မခဲသွားမှာပါ။ ဒိန်ချဉ်နဲ့ ပျားရည်ကို တစ်ဆစီရောပြီးတော့ သင့်မျက်နှာပေါ်မှာ ၁၅ မိနစ်ခန့် လိမ်းထားနိုင်ပါတယ်။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာပြန်သစ်ပေးပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ်ပဲ လုပ်ရမယ်ဆိုပြီး ကန့်သတ်ချက်ထားတာကိုတော့ မတွေ့ရပါဘူး။ ပျားရည်က ဈေးကြီးနေတယ် သို့မဟုတ် ဝယ်ရခက်နေတယ်ဆိုလည်း ၁၀၀ ရာခိုင်နှုန်း သဘာ၀ အစိုဓာတ်ထိန်းခရင်မ် ဖြစ်တဲ့ ရှားစောင်းလက်ပတ်အဆီကို အစားထိုး သုံးစွဲနိုင်ပါတယ်။

၄။ အလှအပ ပစ္စည်းများသုံးခြင်း
ကိုယ့်အသားအရည်နဲ့ တည့်တဲ့ အမျိုးအစားနဲ့ Brand အလိုက် အသားဖြူစေတဲ့ အာနိသင်ပါတဲ့ အလှအပ ပစ္စည်းတွေ အများကြီး ရှိပါတယ်။ ထုတ်လုပ်တဲ့ ကုမ္ပဏီအလိုက် အရည်အသွေးနဲ့ ထိရောက်မှုအာနိသင် အနည်းငယ်တော့ ကွာခြားတတ်ပါတယ်။

Ref; skincare

333 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.