သီးစံုေခါက္ဆြဲၾကြပ္ေၾကာ္ ျပဳလုပ္နည္း

ေခါက္ဆြဲၾကြပ္ၾကြပ္ေလးရယ္၊ သီးစံု ရြက္ပူပူေလးရယ္နဲ႔ အရသာတစ္မ်ိဳးထူးမယ့္ သီးစံုေခါက္ဆြဲၾကြပ္ေၾကာ္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
၁။ ေခါက္ဆြဲ
၂။ ထိုင္ဝမ္မုန္ညွင္း
၃။ ေျပာင္းဖူးအေသး
၄။ မုန္လာဥနီ
၅။ ဝက္သား (သို႔) ၾကက္သား (သို႔) ပုစြန္ (သို႔) ျပည္ႀကီးငါး
၆။ ငံုးဥ
၇။ ၾကက္သြန္နီ
၈။ ဆား အနည္းငယ္
၉။ အရသာမႈန္႔
၁၀။ ေကာ္မႈန္႔
၁၁။ မၽွစ္

*အသား၊ ငါးနဲ႕ အသီးအရြက္ေတြကို ႏွစ္သက္ရာ ထည့္လို႔ ရပါတယ္။

ျပဳလုပ္နည္း
၁။ ေခါက္ဆြဲျပဳတ္ကို အေခြလိုက္ေသာ္လည္းေကာင္း၊ ေခ်ၿပီးေသာ္လည္းေကာင္း ႏွစ္သက္သလို ဆီပူမွာ နီညိဳေရာင္အေနေတာ္သန္းလာတဲ့အထိ ၾကြပ္ေအာင္ေၾကာ္ေပးပါ။
၂။ ထိုင္ဝမ္မုန္ညႇင္း (long cabbage)၊ ၾကက္သြန္နီ၊ ေျပာင္းဖူးအေသး(baby corn)၊ မုန္လာဥနီ၊ မွ်စ္၊ ဝက္သားအနည္းငယ္၊ ျပည္ႀကီးငါး၊ ငံုးဥတို႔ကို ဆီနဲ႔ေၾကာ္ေပးပါ။
၃။ အသီးရြက္ေတြ က်က္ၿပီဆိုရင္ ဆယ္ယူထားလိုက္ပါ။
၄။ ေစာေစာကေျကာ္ၿပီးဆယ္ထားတဲ့ အသီးရြက္ေတြထဲကို စြပ္ျပဳတ္ေရ (သို႔) ေရ အနည္းငယ္ထည္ၿပီး ဆားအနည္းငယ္၊ ရသာမႈန္႔ အနည္းငယ္ထည့္ၿပီး ခ်က္ပါ။
၅။ ၿပီးရင္ ေကာ္မႈန္႔ကို ေရမပ်စ္မက်ဲ ေဖ်ာ္ၿပီးရင္ေတာ့ ေကာ္ရည့္ထည့္လို႔ရပါၿပီ။
၆။ အေနေတာ္ျဖစ္သြားရင္ ေခါက္ဆြဲေၾကာ္ထားတဲ့ အေပၚမွာထည့္ၿပီး အရသာရွိရွိသံုးေဆာင္လို႔ရပါၿပီေနာ္။

[ Unicode ]

ခေါက်ဆွဲကြွပ်ကြွပ်လေးရယ်၊ သီးစုံ ရွက်ပူပူလေးရယ်နဲ့ အရသာတစ်မျိုးထူးမယ့် သီးစုံခေါက်ဆွဲကြွပ်ကြော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ခေါက်ဆွဲ
၂။ ထိုင်ဝမ်မုန်ညှင်း
၃။ ပြောင်းဖူးအသေး
၄။ မုန်လာဥနီ
၅။ ဝက်သား (သို့) ကြက်သား (သို့) ပုစွန် (သို့) ပြည်ကြီးငါး
၆။ ငုံးဥ
၇။ ကြက်သွန်နီ
၈။ ဆား အနည်းငယ်
၉။ အရသာမှုန့်
၁၀။ ကော်မှုန့်
၁၁။ မျှစ်

*အသား၊ ငါးနဲ့ အသီးအရွက်တွေကို နှစ်သက်ရာ ထည့်လို့ ရပါတယ်။

ပြုလုပ်နည်း
၁။ ခေါက်ဆွဲပြုတ်ကို အခွေလိုက်သော်လည်းကောင်း၊ ချေပြီးသော်လည်းကောင်း နှစ်သက်သလို ဆီပူမှာ နီညိုရောင်အနေတော်သန်းလာတဲ့အထိ ကြွပ်အောင်ကြော်ပေးပါ။
၂။ ထိုင်ဝမ်မုန်ညှင်း (long cabbage)၊ ကြက်သွန်နီ၊ ပြောင်းဖူးအသေး(baby corn)၊ မုန်လာဥနီ၊ မျှစ်၊ ဝက်သားအနည်းငယ်၊ ပြည်ကြီးငါး၊ ငုံးဥတို့ကို ဆီနဲ့ကြော်ပေးပါ။
၃။ အသီးရွက်တွေ ကျက်ပြီဆိုရင် ဆယ်ယူထားလိုက်ပါ။
၄။ စောစောကကြော်ပြီးဆယ်ထားတဲ့ အသီးရွက်တွေထဲကို စွပ်ပြုတ်ရေ (သို့) ရေ အနည်းငယ်ထည်ပြီး ဆားအနည်းငယ်၊ ရသာမှုန့် အနည်းငယ်ထည့်ပြီး ချက်ပါ။
၅။ ပြီးရင် ကော်မှုန့်ကို ရေမပျစ်မကျဲ ဖျော်ပြီးရင်တော့ ကော်ရည့်ထည့်လို့ရပါပြီ။
၆။ အနေတော်ဖြစ်သွားရင် ခေါက်ဆွဲကြော်ထားတဲ့ အပေါ်မှာထည့်ပြီး အရသာရှိရှိသုံးဆောင်လို့ရပါပြီနော်။

Ref; asianfood

782 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.