ေဘာလီးဝုဒ္ရဲ႕ဘုရင္ (သို႔မဟုတ္) ရွရြတ္ခန္

ေလးစားအားက်အတုယူဖြယ္ေကာင္းတဲ့ နာမည္ေက်ာ္စတား ရွရြတ္ခန္းရဲ႕ ဘဝဇာတ္ေၾကာင္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ ဖတ္ၾကည့္လိုက္ပါဦး။

ရွ႐ြတ္ခန္း ကို ျမန္မာလို ရွ႐ြတ္ခန္၊ ရွာ႐ြတ္ခန္း၊ ရာ႐ြတ္ခန္ စသျဖင့္ အမ်ိဳးမ်ိဳး စာလံုးေပါင္းၾကသလို အဂၤလိပ္လို Shah Rukh Khan လို႔ ေခၚၾကပါတယ္။
ေဘာလီးဝုဒ္မွာ SRK လို႔ အတိုေကာက္ ေရးမယ္ဆိုရင္ ဒါမွမဟုတ္ ေဘာလီးဝုဒ္ရဲ႕ ဘုရင္ႀကီး (King of Bollywood) လို႔ ၫႊန္းဆို ခံရတဲ့သူ ဆိုရင္ သူ႔ အျပင္ ေနာက္တစ္ေယာက္ မရွိႏိုင္ ေတာ့ပါဘူး။ ”ရွာရြတ္” ဆိုတဲ့ သူ႔နာမည္ ကိုက ဘုရင့္မ်က္ႏွာ (Face of the King) လို႔ အဓိပၸာယ္ ရေနတာပါ။ ဒါေၾကာင့္ ထင္ပါရဲ႕။ သူ႔မ်က္ႏွာေပၚက ပါးခ်ဳိင့္ေတြကို သူ႔ပရိသတ္က စြဲလမ္း ခဲ့ၾကတာေပါ့။


ရွာရြတ္ခန္ရဲ႕ ဘဝဇာတ္ေၾကာင္း
……………………………………..
ရွာရြတ္ခန္ကို သာမန္ မိဘ ႏွစ္ပါးက ၁၉၆၅ ခုႏွစ္ ႏိုဝင္ဘာ ၂ ရက္ေန႔ မွာ ေမြးဖြား ခဲ့ပါတယ္။ ”ခန္” အသက္ ၁၅ ႏွစ္အရြယ္ ကတည္းက ဖခင္ ျဖစ္သူဟာ ကင္ဆာ ေရာဂါနဲ႔ ေသဆံုးခဲ့ၿပီး မိခင္ကလည္း ၁၉၉ဝ ခုႏွစ္မွာ နာမက်န္းျဖစ္ၿပီး ေသဆံုးခဲ့ ျပန္ပါတယ္။ မိဘေတြရဲ႕ ေသဆံုးမႈဟာ သူ႔ကို ပိုမို ရင့္က်က္ ေစခဲ့ၿပီး အလုပ္ကို ပိုတိုးလို႔ ႀကိဳးစား ေစခဲ့ပါတယ္။

”ခန္” ဟာ သူ႔မိဘမ်ားက တမလြန္မွ သူ႔ကို ေစာင့္ၾကည့္အားေပး ေနမွာျဖစ္လို႔ ပိုႀကိဳးစားရေၾကာင္း ေျပာ တတ္သူပါ။ ငယ္စဥ္ ကတည္းက အားကစားနဲ႔ ဒရာမာေတြမွာ ထူးခြၽန္ခဲ့ၿပီး ေက်ာင္းရဲ႕ဂုဏ္ေဆာင္ ေက်ာင္း သားတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ ေကာလိပ္ေက်ာင္းသား ဘဝမွာလည္း ဘက္စံု ထူးခြၽန္ခဲ့ၿပီး Master ဘြဲ႔ပါ ရေအာင္ ယူႏိုင္ ခဲ့ပါတယ္။ ေက်ာင္းၿပီးမွပဲ သူ႔ရဲ႕ အိပ္မက္ျဖစ္တဲ့ ေဘာလီးဝုဒ္ နယ္ေျမကို ေျခခ်ခဲ့ၿပီး ေဒလီမွာ ရွိတဲ့ ဒရာမာေက်ာင္းကို တက္ေရာက္ခဲ့ပါ ေတာ့တယ္။ ၁၉၈၈ မွ ၁၉၉၂ ခုႏွစ္ ၾကားကာလ မ်ားဟာ ”ခန္” တစ္ေယာက္ မင္းသားျဖစ္ဖို႔ ႀကိဳးစားဆဲ ကာလမ်ားပါ။ ၁၉၈၈ ခုႏွစ္မွာ Fauji TV စီးရီးမွာ ေခါင္းေဆာင္မင္းသား ေနရာက သ႐ုပ္ေဆာင္ခြင့္ ရခဲ့ၿပီး ဇာတ္ကား အခ်ဳိ႕မွာလည္း ဇာတ္ရံအျဖစ္ ပါဝင္ ခဲ့ရ ျပန္ပါတယ္။

ဒါေပမဲ့ အစဦး သ႐ုပ္ေဆာင္ ခ်က္ေတြက မင္းသားႀကီး ဒီလစ္ကူးမားနဲ႔ ႏႈိင္းယွဥ္ခံရတဲ့ အထိ ေဝဖန္သံေတြ ၾကားခဲ့ရၿပီး “Dil Aqshna Hai” ကားကို ေဗြေဆာ္ဦး ႐ိုက္ခြင့္ ရပါတယ္။ ဒါေပမဲ့ ထြက္ရွိမႈ ေနာက္က်ခဲ့ တာေၾကာင့္သူ႕ရဲ႕ ကားတစ္ကား ျဖစ္တဲ့ “Deewana (၁၉၉၂) က အရင္ ထြက္သြားၿပီး ပရိသတ္ရဲ႕ လက္ ခုပ္သံကို ရရွိ သြားခဲ့ပါတယ္။ ဒီကားမွာ ”ခန္”ဟာ ဇာတ္ပို႔အျဖစ္ တာဝန္ ေက်ခဲ့တာေၾကာင့္ အေကာင္း ဆံုး ဇာတ္ပို႔ မင္းသားဆုကိုလည္း ရရွိေစခဲ့ ပါေတာ့တယ္။ ဒီေနာက္မွာေတာ့ မင္းသမီး ဂ်ဴဟီေခ်ာလာနဲ႔ “Yes Boss”, “Phir Bhi Dil Hai Hindu stani” လို ဇာတ္ကားေကာင္း မ်ားစြာကို ဆက္တုိက္ ႐ိုက္ကူး ခဲ့ပါေတာ့တယ္။ ၁၉၉၃ ခုႏွစ္မွာ “Bazigar” ဇာတ္ကားနဲ႔ ေက်ာ္ၾကားလာတဲ့”ခန္”ဟာ Dil To Pagal Hai (1997) နဲ႔ Kuch Kuch Hota Hai (၁၉၉၉) တို႔ေၾကာင့္ ပရိသတ္ အသည္းစြဲ ”ခန္” ျဖစ္သြားရ ပါေတာ့ တယ္။ ဒီဇာတ္ကားမ်ားေၾကာင့္ ”ခန္”ကို မိန္းကေလး ပရိသတ္က သည္းသည္းလႈပ္ ျဖစ္လာၾကၿပီး “King of Romance “လို႔ပါ ေခၚတြင္ခဲ့ၾက ပါေသးတယ္။ Swades (၂ဝ၁၄) Chak De (2007), Mohabbatcin, Devdas, Asoka, My Name is Khan (၂ဝ၁ဝ) စတဲ့ ဇာတ္ကားေတြနဲ႔ ပရိသတ္ ရင္ထဲတိုးလို႔ ”ခန္” ဟာ ေရာက္ရွိလာတာ ျဖစ္ပါသည္။

”ခန္”ဟာ အေကာင္းဆံုး မင္းသားဆု ၄ဝ ေက်ာ္ ရထားၿပီး ႏိုင္ငံတကာ မီဒီယာ စာမ်က္ႏွာ အသီးသီးမွာ အိႏိၵယရဲ႕ ပုဂိၢဳလ္ေက်ာ္လို႔ ထာဝရ စာရင္း ပါဝင္တဲ့ ”လူ” တစ္ဦးပါ။

စင္ျမင့္ ေဖ်ာ္ေျဖေရး ေတြမွာ အစီအစဥ္ တင္ဆက္သူအျဖစ္ ေတြ႔ရေလ့ရွိသူ၊ ဆုခ်ီးျမႇင့္ေပးသူ၊ ရန္ပံုေငြ ပြဲေတြမွာ ကိုယ္တိုင္ကိုယ္က် ပါဝင္လႈပ္ရွားသူ၊ UNESCO ရဲ႕ Marni ဆု (၂ဝ၁၁)ကို ရရွိ ထားသူဟာ ”ခန္” ပါပဲ။ မိတ္ေဆြေတြက အလွဴဒါန လက္နဲ႔ မကြာတဲ့ ခန္ကို လူမႈေရး အလွဴပံုရိပ္ေတြ ထုတ္ျပန္ဖို႔ ေျပာေပ မယ့္ ”ခန္” က ဒါမ်ဳိး ကိစၥေတြကို လွ်ဳိ႕ဝွက္ ထားတတ္သူပါ။

”အဲဒီအေၾကာင္း ေျပာရမွာ ကြၽန္ေတာ္ မႀကိဳက္ဘူး။ ကိစၥတစ္ခုကို ယံုၾကည္ခ်က္နဲ႔ တိတ္တိတ္ဆိတ္ဆိတ္ပဲ လုပ္သင့္တယ္။ လူပုဂိၢဳလ္ ေတြကို အသံုးမခ် ပါရေစနဲ႔”လို႔ အင္တာဗ်ဴးမွာ ေျဖခဲ့ ဖူးပါတယ္။
”ခန္”ဟာ ဘီလ်ံနဲ႔ ခ်ီေအာင္ ခ်မ္းသာသူ တစ္ဦးျဖစ္ၿပီး ဒူဘိုင္းမွာပါ ကြၽန္း ဝယ္ထားပါတယ္။ ႐ုပ္ရွင္ ပ႐ို ဂ်ဴဆာ ေဂၚရီခန္နဲ႔ ၁၉၉၁ ခုႏွစ္ ကတည္းက လက္ထပ္ခဲ့ၿပီး သားသမီး ရတနာ သံုးဦး ရရွိထားပါေၾကာင္း တင္ျပလိုက္ရပါတယ္။

[ Unicode ]

လေးစားအားကျအတုယူဖွယ်ကောင်းတဲ့ နာမည်ကျော်စတား ရှရွတ်ခန်းရဲ့ ဘဝဇာတ်ကြောင်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။

ရှရွတ်ခန်း ကို မြန်မာလို ရှရွတ်ခန်၊ ရှာရွတ်ခန်း၊ ရာရွတ်ခန် စသဖြင့် အမျိုးမျိုး စာလုံးပေါင်းကြသလို အင်္ဂလိပ်လို Shah Rukh Khan လို့ ခေါ်ကြပါတယ်။
ဘောလီးဝုဒ်မှာ SRK လို့ အတိုကောက် ရေးမယ်ဆိုရင် ဒါမှမဟုတ် ဘောလီးဝုဒ်ရဲ့ ဘုရင်ကြီး (King of Bollywood) လို့ ညွှန်းဆို ခံရတဲ့သူ ဆိုရင် သူ့ အပြင် နောက်တစ်ယောက် မရှိနိုင် တော့ပါဘူး။ ”ရှာရွတ်” ဆိုတဲ့ သူ့နာမည် ကိုက ဘုရင့်မျက်နှာ (Face of the King) လို့ အဓိပ္ပာယ် ရနေတာပါ။ ဒါကြောင့် ထင်ပါရဲ့။ သူ့မျက်နှာပေါ်က ပါးချိုင့်တွေကို သူ့ပရိသတ်က စွဲလမ်း ခဲ့ကြတာပေါ့။
ရှာရွတ်ခန်ရဲ့ ဘဝဇာတ်ကြောင်း
……………………………………..
ရှာရွတ်ခန်ကို သာမန် မိဘ နှစ်ပါးက ၁၉၆၅ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ မှာ မွေးဖွား ခဲ့ပါတယ်။ ”ခန်” အသက် ၁၅ နှစ်အရွယ် ကတည်းက ဖခင် ဖြစ်သူဟာ ကင်ဆာ ရောဂါနဲ့ သေဆုံးခဲ့ပြီး မိခင်ကလည်း ၁၉၉ဝ ခုနှစ်မှာ နာမကျန်းဖြစ်ပြီး သေဆုံးခဲ့ ပြန်ပါတယ်။ မိဘတွေရဲ့ သေဆုံးမှုဟာ သူ့ကို ပိုမို ရင့်ကျက် စေခဲ့ပြီး အလုပ်ကို ပိုတိုးလို့ ကြိုးစား စေခဲ့ပါတယ်။

”ခန်” ဟာ သူ့မိဘများက တမလွန်မှ သူ့ကို စောင့်ကြည့်အားပေး နေမှာဖြစ်လို့ ပိုကြိုးစားရကြောင်း ပြော တတ်သူပါ။ ငယ်စဉ် ကတည်းက အားကစားနဲ့ ဒရာမာတွေမှာ ထူးချွန်ခဲ့ပြီး ကျောင်းရဲ့ဂုဏ်ဆောင် ကျောင်း သားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကောလိပ်ကျောင်းသား ဘဝမှာလည်း ဘက်စုံ ထူးချွန်ခဲ့ပြီး Master ဘွဲ့ပါ ရအောင် ယူနိုင် ခဲ့ပါတယ်။ ကျောင်းပြီးမှပဲ သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ ဘောလီးဝုဒ် နယ်မြေကို ခြေချခဲ့ပြီး ဒေလီမှာ ရှိတဲ့ ဒရာမာကျောင်းကို တက်ရောက်ခဲ့ပါ တော့တယ်။ ၁၉၈၈ မှ ၁၉၉၂ ခုနှစ် ကြားကာလ များဟာ ”ခန်” တစ်ယောက် မင်းသားဖြစ်ဖို့ ကြိုးစားဆဲ ကာလများပါ။ ၁၉၈၈ ခုနှစ်မှာ Fauji TV စီးရီးမှာ ခေါင်းဆောင်မင်းသား နေရာက သရုပ်ဆောင်ခွင့် ရခဲ့ပြီး ဇာတ်ကား အချို့မှာလည်း ဇာတ်ရံအဖြစ် ပါဝင် ခဲ့ရ ပြန်ပါတယ်။

ဒါပေမဲ့ အစဦး သရုပ်ဆောင် ချက်တွေက မင်းသားကြီး ဒီလစ်ကူးမားနဲ့ နှိုင်းယှဉ်ခံရတဲ့ အထိ ဝေဖန်သံတွေ ကြားခဲ့ရပြီး “Dil Aqshna Hai” ကားကို ဗွေဆော်ဦး ရိုက်ခွင့် ရပါတယ်။ ဒါပေမဲ့ ထွက်ရှိမှု နောက်ကျခဲ့ တာကြောင့်သူ့ရဲ့ ကားတစ်ကား ဖြစ်တဲ့ “Deewana (၁၉၉၂) က အရင် ထွက်သွားပြီး ပရိသတ်ရဲ့ လက် ခုပ်သံကို ရရှိ သွားခဲ့ပါတယ်။ ဒီကားမှာ ”ခန်”ဟာ ဇာတ်ပို့အဖြစ် တာဝန် ကျေခဲ့တာကြောင့် အကောင်း ဆုံး ဇာတ်ပို့ မင်းသားဆုကိုလည်း ရရှိစေခဲ့ ပါတော့တယ်။ ဒီနောက်မှာတော့ မင်းသမီး ဂျူဟီချောလာနဲ့ “Yes Boss”, “Phir Bhi Dil Hai Hindu stani” လို ဇာတ်ကားကောင်း များစွာကို ဆက်တိုက် ရိုက်ကူး ခဲ့ပါတော့တယ်။ ၁၉၉၃ ခုနှစ်မှာ “Bazigar” ဇာတ်ကားနဲ့ ကျော်ကြားလာတဲ့”ခန်”ဟာ Dil To Pagal Hai (1997) နဲ့ Kuch Kuch Hota Hai (၁၉၉၉) တို့ကြောင့် ပရိသတ် အသည်းစွဲ ”ခန်” ဖြစ်သွားရ ပါတော့ တယ်။ ဒီဇာတ်ကားများကြောင့် ”ခန်”ကို မိန်းကလေး ပရိသတ်က သည်းသည်းလှုပ် ဖြစ်လာကြပြီး “King of Romance “လို့ပါ ခေါ်တွင်ခဲ့ကြ ပါသေးတယ်။ Swades (၂ဝ၁၄) Chak De (2007), Mohabbatcin, Devdas, Asoka, My Name is Khan (၂ဝ၁ဝ) စတဲ့ ဇာတ်ကားတွေနဲ့ ပရိသတ် ရင်ထဲတိုးလို့ ”ခန်” ဟာ ရောက်ရှိလာတာ ဖြစ်ပါသည်။

”ခန်”ဟာ အကောင်းဆုံး မင်းသားဆု ၄ဝ ကျော် ရထားပြီး နိုင်ငံတကာ မီဒီယာ စာမျက်နှာ အသီးသီးမှာ အိန္ဒိယရဲ့ ပုဂ္ဂိုလ်ကျော်လို့ ထာဝရ စာရင်း ပါဝင်တဲ့ ”လူ” တစ်ဦးပါ။

စင်မြင့် ဖျော်ဖြေရေး တွေမှာ အစီအစဉ် တင်ဆက်သူအဖြစ် တွေ့ရလေ့ရှိသူ၊ ဆုချီးမြှင့်ပေးသူ၊ ရန်ပုံငွေ ပွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားသူ၊ UNESCO ရဲ့ Marni ဆု (၂ဝ၁၁)ကို ရရှိ ထားသူဟာ ”ခန်” ပါပဲ။ မိတ်ဆွေတွေက အလှူဒါန လက်နဲ့ မကွာတဲ့ ခန်ကို လူမှုရေး အလှူပုံရိပ်တွေ ထုတ်ပြန်ဖို့ ပြောပေ မယ့် ”ခန်” က ဒါမျိုး ကိစ္စတွေကို လျှို့ဝှက် ထားတတ်သူပါ။

”အဲဒီအကြောင်း ပြောရမှာ ကျွန်တော် မကြိုက်ဘူး။ ကိစ္စတစ်ခုကို ယုံကြည်ချက်နဲ့ တိတ်တိတ်ဆိတ်ဆိတ်ပဲ လုပ်သင့်တယ်။ လူပုဂ္ဂိုလ် တွေကို အသုံးမချ ပါရစေနဲ့”လို့ အင်တာဗျူးမှာ ဖြေခဲ့ ဖူးပါတယ်။
”ခန်”ဟာ ဘီလျံနဲ့ ချီအောင် ချမ်းသာသူ တစ်ဦးဖြစ်ပြီး ဒူဘိုင်းမှာပါ ကျွန်း ဝယ်ထားပါတယ်။ ရုပ်ရှင် ပရို ဂျူဆာ ဂေါ်ရီခန်နဲ့ ၁၉၉၁ ခုနှစ် ကတည်းက လက်ထပ်ခဲ့ပြီး သားသမီး ရတနာ သုံးဦး ရရှိထားပါကြောင်း တင်ပြလိုက်ရပါတယ်။

Ref; famous_celebrities

789 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.