ဆံစကနေ ခြေဖျားအထိ အပြစ်ကင်းလွန်းတဲ့ မိန်းကလေးဖြစ်စေဖို့ နည်းလမ်းကောင်းများ
၁။ ဆံပင်
၃။ ဝက်ခြံ
၅။ မျက်တောင်ရှည်စေဖို့
၆။ နှုတ်ခမ်း
၇။ မိတ်ကပ်ဖျက်ခြင်း
၈။ ခြေထောက်
[ Unicode ]
ပြစ်မျိုးမှဲ့မထင်တဲ့ အလှပဂေးလေးဖြစ်စေနိုင်မယ့် သဘာဝနည်းလမ်းနဲ့ ပြုပြင်နည်းတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။
၁။ ဆံပင်
ငှက်ပျောသီး ၁ လုံး၊ ကြက်ဥ ၁ လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဘီယာ အနည်းငယ် ရောပြီး ဆံပင်ကို ၂ နာရီလောက် ပေါင်းတင်ပေးလိုက်ပါ။ ပြီးရင် ခေါင်းပြန်လျှော်လိုက်ပါ။ သင့်ဆံကေသာ နူးညံ့ ချောမွေ့လာတာကို ခံစားရမှာဖြစ်ပါတယ်။
၂။ မျက်နှာရောင်အမ်းခြင်း
ဆားနဲ့ ရေနွေးနွေးလေးကို ရောလိုက်ပါ။ တဘက်ကို နှစ်ပြီး ရေသေချာညှစ်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာ ၁၀ မိနစ်လောက်ကပ်ထားပေးလိုက်ပါ။ ရောင်တာ သက်သာသွားပါလိမ့်မယ်။
၃။ ဝက်ခြံ
ပျားရည်ကို ဝက်ခြံလေးတွေသက်သာဖို့နဲ့ ဝက်ခြံအရောင်ကျဖို့ အသုံးပြုနိုင်ပါတယ်။ ပျားရည်ကို လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေဆေးချလိုက်ပါ။ ဝက်ခြံရှိတဲ့နေရာမှာပဲလိမ်းပေးရမှာပါ။ ပုံမှန်အသုံးပြုပေးရမယ်နော်။
၅။ မျက်တောင်ရှည်စေဖို့
အုန်းဆီ၊ သံလွင်ဆီ တစ်မျိုးမျိုးကို ညအိပ်ယာမဝင်ခင် သင့်မျက်တောင်လေးတွေမှာ လိမ်းပေးလိုက်ပါ။
၆။ နှုတ်ခမ်း
Lip Balm ကို သင့်နှုတ်ခမ်းပေါ်မှာလိမ်းပေးလိုက်ပါ။ ညအိပ်ယာမဝင်ခင်လိမ်းပေးပါ။ သကြားနဲ့ အုန်းဆီရောပြီး လည်း နှုတ်ခမ်းကို သေချာ Scrub လုပ်ပေးနိုင်ပါတယ်။
၇။ မိတ်ကပ်ဖျက်ခြင်း
တကယ်လို့ မိတ်ကပ်ဖျက်ဆေးကုန်နေတယ်ဆိုရင်တော့ သံလွင်ဆီနဲ့ ရေနည်းနည်းရောလိုက်ပြီး ဝါဂွမ်းလေးနဲ့ မိတ်ကပ်ကို ဖျက်ပေးနိုင်ပါတယ်။
၈။ ခြေထောက်
ခြေထောက်လေး ဖြူဖွေး နူးညံ့စေဖို့ သကြား၊ သံပရာရည် ရောပြီး သင့်ရဲ့ ခြေဖဝါးကနေ ခြေသလုံးအထိ သေချာလေး ပွတ်လိမ်းပေးလိုက်ပါ။ ၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။ လက်ကိုလည်း အလားတူလုပ်နိုင်ပါတယ်။
Ref;remedies
484 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.