အုန္းသာကူလံုး အခ်ိဳပြဲ ျပဳလုပ္နည္း

အခ်ိဳပြဲလုပ္ဖို႔ အုန္းန႔ံေမႊးေမႊး အိအိေလးေလးနဲ႔ ဘယ္ေလာက္စားစား စားမဝတဲ့ အုန္းသာကူလံုး ျပဳလုပ္နည္းကို တင္ဆက္ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါ၀င္ပစၥည္းမ်ား
၁။ သာကူ – ၂ ခြက္
၂။ ေရ – ၂ ခြက္
၃။ ႏွစ္သက္ရာ ေဖ်ာ္ရည္ (စပါကလင္၊ ခရင္ေဆာ္ဒါ၊ လိေမၼာ္) – ၂ ခြက္
၄။ သျကား – ၂ ခြက္
၅။ ျခစ္ထားေသာ အုုန္းသီးဖတ္ – ၂ ခြက္
၆။ ဆား – အနည္းငယ္

ျပဳလုပ္နည္း
၁။ သာကူကိုေရ ေဆးျပီး ေရစစ္ထားပါ။
၂။ ေရ၊ ေဖ်ာ္ရည္၊ ဆား တို႔ကို သာကူႀကိဳမည့္ အိုးထဲထည့္ၿပီး ပြက္လာသည္အထိတည္ပါ။
၃။ အရည္မ်ားပြက္လာလွ်င္ သာကူကို ထည့္ၿပီး အဆက္မျပတ္ေမႊပါ။
၄။ ၃ မိနစ္ေလာက္ေမြွျပီးမွ သျကားကို ေနာက္ဆုံးမွ ထည့္ပါ။ (သျကားအရင္ထည့္ရင္ မတြဲပဲ ေနတတ္ပါတယ္)
၅။ သျကားထည့္ျပီး သာကူေစ့ ရဲ ့အလည္ အဆန္ အနည္းငယ္ က်န္တဲ့ အခ်ိန္တြင္ မီးဖိုေပၚမွခ်ၿပီး အေအးခံမည့္ ဘန္းထဲထည့္ကာ အေအးခံပါ။
၆။ ေအးသြားေသာ သာကူမ်ားကို ကပ္ေၾကးျဖင့္ ျဖတ္ၿပီး အုုန္းသီးဖတ္မ်ားျဖင့္ လူးကာ လံုးပါ။
ခုဆိုရင္ေတာ့ အုန္းသီးဖတ္ဖတ္ေလးေတြသင္းေနတဲ့ အုန္းသာကူလံုးကို သံုးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

အချိုပွဲလုပ်ဖို့ အုန်းနံ့မွှေးမွှေး အိအိလေးလေးနဲ့ ဘယ်လောက်စားစား စားမဝတဲ့ အုန်းသာကူလုံး ပြုလုပ်နည်းကို တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ သာကူ – ၂ ခွက်
၂။ ရေ – ၂ ခွက်
၃။ နှစ်သက်ရာ ဖျော်ရည် (စပါကလင်၊ ခရင်ဆော်ဒါ၊ လိမ္မော်) – ၂ ခွက်
၄။ သကြား – ၂ ခွက်
၅။ ခြစ်ထားသော အုန်းသီးဖတ် – ၂ ခွက်
၆။ ဆား – အနည်းငယ်

ပြုလုပ်နည်း
၁။ သာကူကိုရေ ဆေးပြီး ရေစစ်ထားပါ။
၂။ ရေ၊ ဖျော်ရည်၊ ဆား တို့ကို သာကူကြိုမည့် အိုးထဲထည့်ပြီး ပွက်လာသည်အထိတည်ပါ။
၃။ အရည်များပွက်လာလျှင် သာကူကို ထည့်ပြီး အဆက်မပြတ်မွှေပါ။
၄။ ၃ မိနစ်လောက်မွှေပြီးမှ သကြားကို နောက်ဆုံးမှ ထည့်ပါ။ (သကြားအရင်ထည့်ရင် မတွဲပဲ နေတတ်ပါတယ်)
၅။ သကြားထည့်ပြီး သာကူစေ့ ရဲ့အလည် အဆန် အနည်းငယ် ကျန်တဲ့ အချိန်တွင် မီးဖိုပေါ်မှချပြီး အအေးခံမည့် ဘန်းထဲထည့်ကာ အအေးခံပါ။
၆။ အေးသွားသော သာကူများကို ကပ်ကြေးဖြင့် ဖြတ်ပြီး အုန်းသီးဖတ်များဖြင့် လူးကာ လုံးပါ။
ခုဆိုရင်တော့ အုန်းသီးဖတ်ဖတ်လေးတွေသင်းနေတဲ့ အုန်းသာကူလုံးကို သုံးဆောင်နိုင်ပါပြီနော်။

Ref;foodies

4K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.