သုညမှ စခဲ့ကြသော ကမ္ဘာကျော်အနုပညာရှင်များ
1. Shahrukh Khan
2. Aamir_Khan
3. Jackie Chan
4. Tom Hanks
5. Angenila Jolie
[ Unicode ]
ဘဝကို သုညက စခဲ့ကြတဲ့ လေးစားအားကျ အတုယူဖွယ် ကမ္ဘာကျော် အနုပညာရှင်များအကြောင်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။
1. Shahrukh Khan
သာမာန်ဆင်းရဲသားမိသားစုက ကလေးတစ်ဦး အဖြစ်မွေးဖွားလာတယ်။ ရုပ်ရှင်သရုပ်ဆောင်အရမ်းဖြစ်ချင်ပေမယ့် မိသားစုအခြေအနေကြောင့် အချိန်အကြာကြီး အိမ်မက်တွေကိုမေ့ထားခဲ့ရာက ရုပ်ရှင်သရုပ်ဆောင်ဘဝကို ရူးသွပ်လွန်းတဲ့စိတ်ကြောင့် အရာအားလုံးကို စွန့်လွှတ်ပြီး ရုပ်ရှင်လောကထဲကိုအောက်ဆုံးကနေစဝင်ခဲ့တယ်။ နှစ်ရှည်လများအနှိမ်ခံရပြီးမှ Bollywoodရဲ့မင်းသားတဦးဖြစ်လာခဲ့တယ်။တန်းလျားအစုတ်လေးမှာနေခဲ့တဲ့လူငယ်တယောက်က ကမ္ဘာ့အချမ်းသာဆုံးမင်းသားတဦးဖြစ်လာခဲ့တယ်။ Bollywoodရဲ့No.1မင်းသားဖြစ်လာခဲ့တယ်။
2. Aamir_Khan
ဖခင်ဖြစ်သူကမင်းသား ထုတ်လုပ်သူဖြစ်ပေမယ့် မိသားစုမျက်နှာကို မထောက်ဘဲ အိမ်
ထောင်ရေးဖောက်ပြန်ခဲ့ရာကနေ မိခင်နဲ့ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့ရသူ။ ဖခင်ကိုနာကျည်း
စိတ်ကြောင့် သရုပ်ဆောင်တယောက်ဖြစ်ဖို့ သားဖြစ်သူကိုတွန်းအားပေးခဲ့တဲ့အမေကြောင့် ရုပ်ရှင်လောကထဲကအောက်ခြေကဝင်ခဲ့ရတယ်။ ရုပ်ရှင်ကားဆို အလွမ်းအဆွေ းဟာသ အက်ရှင်တွေပဲများတဲ့ခေတ်မှာ Aamir Khanဆိုတဲ့သူက ရုပ်ရှင်ကားတကားချင်းစီမှ ာကမ္ဘာကြီးရဲ့ပျက်စီးနေတဲ့ပညာရေးစနစ် ကလေးသူငယ်တွေရဲ့အိမ်မက်၊ ဘာသာရေး၊ နိုင်ငံရေး အစွန်းရောက်တွေကိုသရော်ထောက်ပြမူ တွေကိုချပြလာခဲ့တယ်။ သူ လူမုန်းခံရတယ်။ ဒါပေမယ့်ယနေ့အချိန်မှာတော့Bollywoodရဲ့Khan ၃ Khanထဲကတစ်ဦးဖြစ်လာခဲ့သလို ပရဟိတသူရဲကောင်းဖြစ်လာခဲ့တယ်။ ဒါတင်မကဘဲ ကမ္ဘာ့ရုပ်ရှင်ပရိတ်သတ်တွေကစောင့်ကြည့်လာရတဲ့ကားတွေရဲ့မင်းသားတဦးဖြစ်လာခဲ့တယ်။
3. Jackie Chan
ဖခင်ကထောက်လှမ်းရေး၊ မိခင်ကအိမ်အကူ။ မိသားစုစားဝတ်နေရေးအတွက် မူးယစ်ဆေးရောင်းခဲ့ရသူ။ ၁တန်းတောင်၃ခါကျတဲ့ ကလေးတယောက်ကို ဘယ်သူကမှေ နာင်တချိန်မှာ အထင်ကရမင်းသားတဦးဖြစ်လာမယ့်သူလို့ထင်ကြမှာမဟုတ်ပေမယ့် သူကတော့ဆောက်လုပ်ရေးအလုပ်ကြမ်းသမား၊ အရံအစားထိုး ဖြတ်လျှောက်၊ ရိုက်ကွင်းအထမ်းသမား၊ လုံခြုံရေးသမားကနေ အာရှရဲ့အထင်ကရမင်းသားတဦးဖြစ်လာခဲ့တယ်။ သူပညာမတတ်ဘူး ဒါပေမယ့် မင်းသား ဒါရိုက်တာ တေးရေး တေးဆို ဇာတ်လမ်းဇာတ်ညွှန်းရေးဆရာ၊ ထုတ်လုပ်သူ၊ စတန့်နည်းပြ ၊ ကွန်ဖူးပညာရှင် Hollywood မင်းသားတွေတောင်မလုပ်နိုင်တဲ့ ကမ္ဘာ့စတန့်အလုပ်ဆုံးမင်းသားဖြစ်လာခဲ့တယ်။ သူအတန်းပညာမတတ်ဘူးဘွဲ့ရပညာတတ်မဟုတ်ဘူး ဒါပေမယ့်ဘာသာစကား၇မျိုးတတ်သူ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်သင်တန်းကျောင်းပိုင်ရှင် ပရဟိတFoundationတွေရဲ့ပိုင်ရှင် ကမ္ဘာ့ရုပ်ရှင်သမိုင်းနှစ်ရာချီမှာမှတယောက်ထွက်လာတဲ့စတန့်ပြကွက်အများဆုံးထိခိုက်ဒဏ်ရာအရဆုံး ကမ္ဘာ့တိုက်ခိုက်ရေးပညာအမြင့်ဆုံးမင်းသား၁၀ဦးစာရင်းဝင် ဂင်းနစ်စံချိန်တွေရဲ့ပိုင်ရှင်ဖြစ်လာခဲ့တယ်။
4. Tom Hanks
ဆင်းရဲသားမိသားစု ကမွေးလာခဲ့တဲ့ခြေထောက်တဖက်အကြောမသန်ခဲ့သူ။ ငယ်စဉ်ထဲကမိတကွဲဖကွဲနဲ့အသက်ကြီးမှရုပ်ရှင်လောကထဲကိုဝင်ခဲ့ရသူ။ သူ့မှာထူးခြားရဲ့ရုပ်ရည် ဗလမရှိဘူး။သာမာန်လူလေးက ကမ္ဘာ့ရုပ်ရှင်လောကမှာအံ့သြရလောက်တဲ့Forrest Gump , Big ,Cast Away လိုကားတွေနဲ့စထွက်လာခဲ့တယ်။သူကမင်းသားပေမယ့် ထူးခြားတယ်။ဖြစ်ရပ်မှန်ကားတွေပဲရိုက်ခဲ့သလို လေယာဉ် သင်္ဘောတွေကိုကိုယ်တိုင်မောင်းတတ်တဲ့အထိကြိုးစားခဲ့သလို ကမ္ဘာ့စစ်နယ်ပယ် သင်္ဘောသားတွေ လေယာဉ်မှူးတွေကပါလေးစားရတဲ့သရုပ်ဆောင်တဦးဖြစ်လာခဲ့တယ်။သူသာအသက်ကြီးလို့မင်းသားမဖြစ်နိုင်ဘူး ရုပ်မရှိလို့မင်းသားမဖြစ်နိုင်ဘူး တွေနဲ့သာအားငယ်ခဲ့ရင် ကမ္ဘာ့အော်စကာ၂နှစ်ဆက်တိုက်ရမင်းသား ကမ္ဘာ့အော်စကာဆုဇကာတင်အများဆုံးခံရတဲ့ကားတွေရဲ့မင်းသားHonorsMedallion ဂုဏ်ထူးဆောင်ဆုရမင်းသားတဦးဖြစ်လာမှာမဟုတ်ပါဘူး။
5. Angenila Jolie
ဖခင်စွန့်ပစ်လိုက်လို့မိခင်နဲ့အတူပေ၂၀ကျယ်တိုက်ခန်းအစုတ်လေးမှာနေခဲ့ရတဲ့ ကလေးတယောက်က ရုပ်ရှင်မင်းသမီးဖြစ်ချင်လွန်းလို့ ရုပ်ရှင်လောကထဲကိုသုညကနေတိုးခဲ့ရသူ။
ကျရာအလုပ်လုပ်ရတယ်။ modelလုပ်တယ်။ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်သေကြောင်းကြံခဲ့တဲ့အထိဘဝဆိုးခဲ့တယ်။ အချစ်ရေးမှာလည်း လူယုတ်မာလူလိမ်ယောကျာ်းတွေကိုယုံစားမိလို့ကြေကွဲခဲ့ရတယ်။ ရင်သားကင်ဆာပါဖြစ်လို့ပိုကြေကွဲခဲ့ရတယ်။ ဒါပေမယ့်ဒီဒဏ်တွေကနေရုန်းကန်ရင်း ကမ္ဘာ့No.1မင်းသမီးဖြစ်လာခဲ့တယ်။ ပရဟိတအဖွဲ့၅၁ဖွဲ့ကိုဦးဆောင်သူအထိဖြစ်ခဲ့သလို Unicefရဲ့သံတမန် ဂုဏ်ထူးဆောင်စံပြအမျိုးသမီးတဦးဖြစ်လာခဲ့ပါတယ်။
Ref; world_celebrities
2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.