iWatch ဒီဇိုင်းပုံစံသစ်။

phone.png

Apple အတွက် smart watch ကိုယ်ထည်ပုံကို ဒီဇိုင်နာတစ်ဖွဲ့ နဲ့ အိုင်တီ အင်ဂျင်နီယာတို့ က တွေးမြင်ကြံဆပြီး ပူးပေါင်းနေဆွဲထားတဲ့ iWatch ပုံကြမ်းဒီဇိုင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အီတလီမှ Ciccarese Design အမည်ရတဲ့ ဒီဇိုင်းရေးဆွဲတဲ့အဖွဲ့ က ဒီ smart watch (iWatch) ကို iOS7 ထည့်သွင်းထားပြီး ခေတ်ရေစီးကြောင်းနဲ့ မှီအောင် အတွေးနဲ့ ဖန်တီးထားတာပါ။ 
http://www.youtube.com/watch?v=LE4JAAPV3IM&feature=player_embedded မှာ အသေးစိတ်ကြည့်ရှုနိုင်ပါတယ်

Apple ကုမ္ပဏီက iWatch ထုတ်လုပ်ဖို့ အတွက် အိုင်တီပညာရှင်တွေနဲ့ ဒီဇိုင်နာတွေကို ငှားရမ်းခဲ့ပြီးဖြစ်ကြောင်းကို ကြေညာခဲ့ပြီးပေမယ့် ဒီလို နာရီမျိုးကို တီထွင်နေတယ်ဆိုတဲ့အကြောင်းကိုတော့ လုံးဝ အတည်ပြုပြောကြားခြင်း မပြုလုပ်ခဲ့ပါဘူး။ မကြာသေးမှီကလည်း Nike’s FuelBand မှာ လုပ်ကိုင်နေတဲ့ Jay Blahnik ကို fitness တိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့် အပ်ထားပါသေးတယ်။
လက်မှာပတ်ပြီး သုံးလို့ ရတဲ့ ဖုန်းနာရီမျိုးကို Apple ကုမ္ပဏီတစ်ခုတည်းကပဲ ထုတ်လုပ်ဖို့ စိတ်ကူးရှိခဲ့တာမဟုတ်ပါဘူး။ Samsung ကလည်း smart watch ကို အရောင်၅ရောင်နဲ့ ထွက်ရှိမယ်လို့ သတင်းတွေထွက်နေပြီး Pebble ကတော့ ကြိုတင်မှာယူထားတဲ့ smart watch တွေကို တင်ပို့ ပြီးနေပါပြီ။
အခုဖော်ပြထားတဲ့ စိတ်ကူးယဉ် iWatch ပုံကြမ်းကို ဘယ်လိုသဘောရကြပါသလဲ?
Image Source: http://www.ciccaresedesign.com/wp-content/uploads/2013/08/Apple-iWatch-03.png 
http://mashable.com/2013/08/21/iwatch-concept-design/ မှာ ဘာသာပြန်တင်ဆက်ထားပါသည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.