ေအာင္ျမင္ေက်ာ္ၾကားသူတို႔ရဲ႕စာဖတ္ႏႈန္းမ်ား

တိုးတက္တဲ့ လူမ်ိဳးတိုင္း စာဖတ္ၾကၿပီး စာဖတ္တဲ့ လူမ်ိဳးတိုင္း တိုးတက္ၾကပါတယ္။ အဲဒီလိုပဲ ေအာင္ျမင္တဲ့ လူတိုင္းဟာလည္း စာဖတ္ၾကပါတယ္။ ဒါေၾကာင့္ လက္႐ွိ ကမၻာမွာ စီးပြားေရးအရ၊ လူမႈေရးအရ ေအာင္ျမင္ေက်ာ္ၾကားေနသူေတြရဲ႕ စာဖတ္ႏႈန္းေတြကို ေဝမၽွလိုက္ပါတယ္။

၁။ ဘီလ္ဂိတ္ ( Bill Gates )
Microsoft ကုမၸဏီႀကီးကို တည္ေထာင္ခဲ့တဲ့ ကမၻာ့အခ်မ္းသာဆံုးသူေဌးႀကီး ဘီလ္ဂိတ္ဟာဆိုရင္ တစ္ႏွစ္ကို စာအုပ္ ( ၅၀ ) ေလာက္ ဖတ္႐ႈပါသတဲ့။ တစ္ပတ္ကို တစ္အုပ္ႏႈန္းဖတ္တယ္လို႔ ဆိုရမယ္ဗ်။ သူရဲ႕ လက္႐ွိပိုင္ဆိုင္မႈဝင္ေငြဟာ အေမရိကန္ေဒၚလာ ( ၈၃ ) ဘီလီယံ႐ွိၿပီး ဒီအတိုင္းသာ ဝင္ေငြေတြ ဆက္႐ွိေနမယ္ဆိုရင္ အခု၂၀၂၀ ခုနွစ္အတြင္း မွာေတာ့ ဘီလ္ဂိတ္ဟာ ကမၻာ့ပထမဆံုး ထရီလီယံ သူေဌးႀကီး ျဖစ္လာမွာပါ။

၂။ မာ့ခ္ကူဘန္ ( Mark Cuban )
အေမရိကန္စီးပြားေရးလုပ္ငန္း႐ွင္ႀကီး NSA ( National Basketball Association ) အပါအဝင္ ႐ုပ္သံနဲ႔ တီဗီြကုမၸဏီေတြ ( AXS TV ) ပိုင္ဆိုင္ထားတဲ့ မာ့ခ္ကူဘန္ဟာ တစ္ရက္ကို ( ၃ ) နာရီအထက္ စာဖတ္ေလ့႐ွိပါတယ္တဲ့။ ခန္႔မွန္းေျခ သူဟာ အေမရိကန္ေဒၚလာ ၃.၈ ဘီလီယံ ၾကြယ္ဝခ်မ္းသာပါတယ္။

၃။ အီလြန္မာ့က္စ္ ( Elon Musk )
Space X, Tesla, နဲ႔ Paypal စတဲ့နည္းပညာကုမၸဏီႀကီးေတြရဲ႕ ဥကၠ႒၊ ကုမၸဏီပိုုင္႐ွင္လည္းျဖစ္တဲ့ ေတာင္အာဖရိကသား အေမရိကန္စီးပြားေရးလုပ္ငန္း႐ွင္ျဖစ္တဲ့ အီလြန္မာ့က္စ္ဟာ စာ ‘အလြန္’ ဖတ္သူတစ္ေယာက္ ( Avid Reader ) ျဖစ္ပါတယ္တဲ့။ သူ႔ရဲပိုင္ဆိုင္မႈဟာ အေမရိကန္ေဒၚလာ ၁၂.၇ ဘီလီယံထိ ႐ွိပါတယ္။ သူ႔ကို အာကာသသြား ဒံုးပ်ံယာဥ္ေတြတည္ေဆာက္ဖို႔ ဘယ္လိုေလ့လာသင္ယူခဲ့လဲဆိုေတာ့ သူက ႐ိုး႐ိုးေလးပဲ ျပန္ေျဖခဲ့တယ္။ “ကၽြန္ေတာ္ စာအုပ္ေတြအမ်ားႀကီးဖတ္ပါတယ္” တဲ့။

၄။ မာ့ခ္ဇူကာဘတ္ ( Mark Zuckerberg )
လူမႈကြန္ရက္ ( Facebook ) ကို တီထြင္ဖန္တီးသူျဖစ္တဲ့ အေမရိကန္ေဒၚလာ ၅၁.၂ လီလီယံၾကြယ္ဝခ်မ္းသာသူ မာ့ခ္ဇူကာဘတ္ဟာ ႏွစ္ပတ္ကို စာအုပ္တစ္အုပ္ႏႈန္း ဖတ္ဖို႔ဆံုးျဖတ္ထားတယ္တဲ့။

၅။ ေအာ္ပရာဝင္းဖေရး ( Oprah Winfrey )
အေမရိကန္မီဒီယာေတြမွာ၊ တီဗီစီးရီးနဲ႔ ႐ုပ္သံေတြမွာ ပင္တိုင္စကားေျပာတင္ဆက္သူ ( talk show host ) နဲ႔ ကိုယ္တိုင္ထုတ္လုပ္သူအျဖစ္ ေအာင္ျမင္လာတဲ့ လူမည္းအမ်ိဳးသမီး ေအာ္ပရာဝင္းဖေရးဟာ ယခုႏွစ္ ေဖေဖာ္ဝါရီလအထိ စာရင္းအရ အေမရိကန္ေဒၚလာ ၂.၈ ဘီလီယံ ခ်မ္းသာၾကြယ္ဝပါတယ္။ သူမကေတာ့ သူမရဲ႕ စာဖတ္မိတ္ေဆြေတြနဲ႔ စာဖတ္ဝိုင္းအတြက္ တစ္လကို အႏွစ္သက္ဆံုး စာအုပ္တစ္အုပ္ေ႐ြးခ်ယ္ၿပီး ဖတ္႐ႈကာ ျပန္လွန္ေဆြးေႏြးတာမ်ိဳး လုပ္ေလ့႐ွိ သူပါတဲ့။

[ Unicode ]

တိုးတက်တဲ့ လူမျိုးတိုင်း စာဖတ်ကြပြီး စာဖတ်တဲ့ လူမျိုးတိုင်း တိုးတက်ကြပါတယ်။ အဲဒီလိုပဲ အောင်မြင်တဲ့ လူတိုင်းဟာလည်း စာဖတ်ကြပါတယ်။ ဒါကြောင့် လက်ရှိ ကမ္ဘာမှာ စီးပွားရေးအရ၊ လူမှုရေးအရ အောင်မြင်ကျော်ကြားနေသူတွေရဲ့ စာဖတ်နှုန်းတွေကို ဝေမျှလိုက်ပါတယ်။

၁။ ဘီလ်ဂိတ် ( Bill Gates )
Microsoft ကုမ္ပဏီကြီးကို တည်ထောင်ခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ဘီလ်ဂိတ်ဟာဆိုရင် တစ်နှစ်ကို စာအုပ် ( ၅၀ ) လောက် ဖတ်ရှုပါသတဲ့။ တစ်ပတ်ကို တစ်အုပ်နှုန်းဖတ်တယ်လို့ ဆိုရမယ်ဗျ။ သူရဲ့ လက်ရှိပိုင်ဆိုင်မှုဝင်ငွေဟာ အမေရိကန်ဒေါ်လာ ( ၈၃ ) ဘီလီယံရှိပြီး ဒီအတိုင်းသာ ဝင်ငွေတွေ ဆက်ရှိနေမယ်ဆိုရင် အခု၂၀၂၀ ခုနှစ်အတွင်း မှာတော့ ဘီလ်ဂိတ်ဟာ ကမ္ဘာ့ပထမဆုံး ထရီလီယံ သူဌေးကြီး ဖြစ်လာမှာပါ။

၂။ မာ့ခ်ကူဘန် ( Mark Cuban )
အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီး NSA ( National Basketball Association ) အပါအဝင် ရုပ်သံနဲ့ တီဗွီကုမ္ပဏီတွေ ( AXS TV ) ပိုင်ဆိုင်ထားတဲ့ မာ့ခ်ကူဘန်ဟာ တစ်ရက်ကို ( ၃ ) နာရီအထက် စာဖတ်လေ့ရှိပါတယ်တဲ့။ ခန့်မှန်းခြေ သူဟာ အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံ ကြွယ်ဝချမ်းသာပါတယ်။

၃။ အီလွန်မာ့က်စ် ( Elon Musk )
Space X, Tesla, နဲ့ Paypal စတဲ့နည်းပညာကုမ္ပဏီကြီးတွေရဲ့ ဥက္ကဋ္ဌ၊ ကုမ္ပဏီပိုင်ရှင်လည်းဖြစ်တဲ့ တောင်အာဖရိကသား အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ အီလွန်မာ့က်စ်ဟာ စာ ‘အလွန်’ ဖတ်သူတစ်ယောက် ( Avid Reader ) ဖြစ်ပါတယ်တဲ့။ သူ့ရဲပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၁၂.၇ ဘီလီယံထိ ရှိပါတယ်။ သူ့ကို အာကာသသွား ဒုံးပျံယာဉ်တွေတည်ဆောက်ဖို့ ဘယ်လိုလေ့လာသင်ယူခဲ့လဲဆိုတော့ သူက ရိုးရိုးလေးပဲ ပြန်ဖြေခဲ့တယ်။ “ကျွန်တော် စာအုပ်တွေအများကြီးဖတ်ပါတယ်” တဲ့။

၄။ မာ့ခ်ဇူကာဘတ် ( Mark Zuckerberg )
လူမှုကွန်ရက် ( Facebook ) ကို တီထွင်ဖန်တီးသူဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၅၁.၂ လီလီယံကြွယ်ဝချမ်းသာသူ မာ့ခ်ဇူကာဘတ်ဟာ နှစ်ပတ်ကို စာအုပ်တစ်အုပ်နှုန်း ဖတ်ဖို့ဆုံးဖြတ်ထားတယ်တဲ့။

၅။ အော်ပရာဝင်းဖရေး ( Oprah Winfrey )
အမေရိကန်မီဒီယာတွေမှာ၊ တီဗီစီးရီးနဲ့ ရုပ်သံတွေမှာ ပင်တိုင်စကားပြောတင်ဆက်သူ ( talk show host ) နဲ့ ကိုယ်တိုင်ထုတ်လုပ်သူအဖြစ် အောင်မြင်လာတဲ့ လူမည်းအမျိုးသမီး အော်ပရာဝင်းဖရေးဟာ ယခုနှစ် ဖေဖော်ဝါရီလအထိ စာရင်းအရ အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံ ချမ်းသာကြွယ်ဝပါတယ်။ သူမကတော့ သူမရဲ့ စာဖတ်မိတ်ဆွေတွေနဲ့ စာဖတ်ဝိုင်းအတွက် တစ်လကို အနှစ်သက်ဆုံး စာအုပ်တစ်အုပ်ရွေးချယ်ပြီး ဖတ်ရှုကာ ပြန်လှန်ဆွေးနွေးတာမျိုး လုပ်လေ့ရှိ သူပါတဲ့။

Ref; reading

300 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.