FA များအတွက် ဈေးဗန်းခင်းနည်း ၅ နည်း
၃။ သတိထားမိပါစေ
၅။ အပြစ်မမြင်ပါနဲ့
[ Unicode ]
FA ဘဝနဲ့ နေတာ ဘယ်နှစ်နှစ်ရှိပြီလဲ။ ဒီမှာ FA ဘဝက အမြန်ဆုံး ကျွတ်နိုင်ဖို့ ပြုလုပ်ရမယ့် နည်းလမ်း ၅ နည်းကို ဖတ်ကြည့်လိုက်ပါဦး။ Trend FA ပရိသတ်ကြီးလည်း အမြန်ဆုံး ချစ်သူ ရကြပါစေနော်။
၁။ ကိုယ့်အားကိုယ်ကိုးပါ
လူတစ်ယောက်ကို ချစ်မိပြီဆိုရင့် သင်ချစ်တဲ့သူကို ရအောင်လုပ်ရမှာ သင့်တာဝန်ပါ။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးပြီး နည်းလမ်းကောင်းရှာ၊ ပြီးရင် ချဉ်းကပ်လိုက်တာ အသင့်တော်ဆုံးပါပဲ။
၂။ ရုပ်တည်ကြီးနဲ့ မနေပါနဲ့
ပြုံးပြုံးလေးနေတာ၊ စကားကို ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေးလေးပြောတာ၊ ရွှင်ရွှင်ပျပျလေးနေတာမျိုးတွေ က တစ်ဖက်လူအမြင်မှာ သင့်ကို ချဉ်းကပ်ရလွယ်ကူစေမှာပါ။
၃။ သတိထားမိပါစေ
Crush ရှေ့ရောက်ရင် သူသတိထားမိအောင် နေပါ။ ဥပမာ – အသံကို မြှင့်ပြောတာမျိုးတွေ…အဲဒီလိုမျိုးလေးတွေပေါ့။
၄။ ကိုယ်နှုတ် အမူအရာ ထိန်းသိမ်းပါ
မိန်းကလေးဆိုရင်တော့ ယောကျာ်းလေးတွေရှေ့မှာ ဆပ်စလူးမထမိဖို့နဲ့ ကိုယ်ကြမ်း နှုတ်ကြမ်းမဖြစ်ဖို့ သတိထားပါ။
၅။ အပြစ်မမြင်ပါနဲ့
အသားမည်းလို့၊ အရပ်ပုလို့၊ ဝက်ခြံ အများကြီးနဲ့ စသဖြင့် စိတ်တိုင်းမကျဖြစ်နေရင်တော့ ဒီတစ်သက် အချစ်စစ်နဲ့တွေ့ရဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် အချစ်စစ်ဆိုတာ ရုပ်ချောတာ၊ ဆိုးတာနဲ့မဆိုင်ဘဲ သင့်ကို စိတ်ရင်းအမှန်နဲ့ ချစ်တဲ့သူဖြစ်ဖို့သာ တကယ်လိုအပ်ကြောင်း သိထားရမှာပါ။ လောကကြီးမှာ ပြည့်စုံသူဆိုတာ မရှိပါဘူး။
Ref;how_to_flirt
80 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.