ချစ်သူများနေ့မှာ ပေးဖို့ ရွေးချယ်သင့်တဲ့ လက်ဆောင် အကြံဥာဏ် ၁၀ မျိုး
[ Unicode ]
ချစ်သူများနေ့မှာ ချစ်ရသူလေးကို ပေးဖို့ ရွေးချယ်သင့်တဲ့ လက်ဆောင် ၁၀ ခုကို အကြံပြုလိုက်ပါတယ်။ တန်ဖိုးနည်းသည် ဖြစ်စေ၊ များသည် ဖြစ်စေ ချစ်ရသူအချင်းချင်းအတွက်ကတော့ မေတ္တာကို အခြေခံပြီးပေးတဲ့ လက်ဆောင်ဟာ တန်ဖိုးရှိစမြဲပဲမဟုတ်လား။
၁။ ပန်းစည်း – နှင်းဆီ အနီရဲရဲလေး ပန်းစည်း (သို့) သစ်ခွပန်းစည်း (ကြိုအော်ဒါမှာထားဖို့တော့ လိုမယ်နော်)
၂။ သကြားလုံး – ချစ်သူများနေ့ကို ကိုယ်စားပြုတဲ့ အသဲပုံဗူးနဲ့ သကြားလုံးများ (ဆိုင်တိုင်းလိုလိုမှာ ဝယ်လို့ရပါတယ်)
၃။ လက်ဝတ်ရတနာ – ဒီတစ်ခုကတော့ ကိုယ်ချစ်သူကို ဘယ်လိုမှ စိတ်ပျက်စေမှာ မဟုတ်ပါဘူး။
၄။ မိမိကြိုက်နှစ်သက်တဲ့ သီချင်း – ဒါကတော့ လူတိုင်းတတ်နိုင်ပါတယ်။
၅။ လက်ရေးနဲ့ ရေးထားသော ကဒ်ပြား – အဓိပ္ပါယ် ဖော်ကျူးနိုင်ဆုံး အရာပါ။ ကိုယ်သူမကို ဘယ်လောက် ချစ်တယ်ဆိုတာ စာနဲ့ ချရေးလိုက်ပါ။ ဒီအတွက် ငွေကုန်ကြေးကျ မများပါဘူး။
၆။ စိတ်ကူးယဉ်ဆန်တဲ့ ညစာ – ကိုယ်တိုင် အိမ်မှာ ပြင်ဆင်တာ (သို့) ဆိုင်တစ်ခုခုမှာ စီစဉ်ထားပါ။
၇။ မှတ်စု စာအုပ် – သင်တို့ ချစ်သူ နှစ်ဦးရဲ့ ဓာတ်ပုံတွေကို စုစည်းပြီ သင်တို့ ချစ်သူ နှစ်ဦးရဲ့ အမှတ်ရတွေကို စာအုပ် တစ်အုပ်ပြုလုပ်ပါ။
၈။ နှလုံးသားထိသွားမယ့် အရာ – အသဲပုံ စက္ကူတွေကို ဖြတ်ပြီ သူမ အခန်း (သို့) ကား တစ်ခုလုံး အနှံ့ လိုက်ကပ်ထားပါ။ ပိုပြီး စိတ်ကူးကွန့်မြူးချင်ရင်တော့ အသဲပုံတစ်ခုခြင်းဆီမှာ သူမကို ဘာလို့ချစ်တာလည်း ဆိုတာ လိုက်ရေးထားပါ။
၉။ ဝက်ဝံရုပ် – ဒါကတော့ လူတိုင်း ပေးနေကျပါ။
၁၀။ ဓာတ်ပုံ – ချစ်သူ ဓာတ်ပုံတွေကို စုစည်းပြီ ဗီဒီယို လေးတစ်ခုလုပ်ကာ သူ့အကြိုက်ဆုံး သီချင်းလေးကို နောက်ခံ ထားထားပါ။ မိမိ ပုံဖော်နိုင်သလို၊ Photoshop နဲ့ဖြစ်စေ၊ ဓာတ်ပုံတွေကို အသည်းပုံလေးတွေ ပုံဖော်၊ ရယ်စရာပုံလေး ပုံဖော်ထားနိုင်ပါတယ်။ သင်ရဲ့ မျက်နှာကိုလည်း ဖြတ်ညှပ်ကပ်လုပ်ပြီး သူ့ ဓာတ်ပုံဘေးမှာ ထည့်ပြီးချစ်စရာအသွင် ပြုလုပ်ပါ။
Ref; valentinefacts
311 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.