ဗီယက္နမ္ ပုဇြန္ ၾကက္ဥေၾကာ္ ျပဳလုပ္နည္း

ၾကက္ဥေၾကာ္ေမႊးေမႊးအိအိေလးကို ေဆြမ်ိဳးေမ့ေအာင္ စားနိုင္ဖုိ႔ Trend ပရိသတ္ႀကီးအတြက္ ဗီယက္နမ္ ၾကက္ဥေၾကာ္နည္းေလးကို ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။ ၾကက္ဥ ေၾကာ္ကို ျမန္မာ့ခံတြင္းနဲ႔ကိုက္ေအာင္ ျပဳျပင္ေပးထားပါတယ္။

ပါဝင္ပစၥည္းမ်ား

၁။ ၾကက္ဥ (ေလးလုံး)
၂။ ဆား (လက္ဖက္ရည္ဇြန္း ေလးပုံတစ္ပုံ)
၃။ ၾကက္သြန္ျမိတ္ ၂စည္း
၄။ ပဲပင္ေပါက္ အနည္းငယ္
၅။ မုန္လာဥနီ
၆။ ပုဇြန္ (သုိ႔) ၿပဳတ္ၿပီးအသားေတာက္ေတာက္စင္း (သုိ႔) ပင္လယ္စာ
၇။ ဟင္းခ်က္ဆီ
*ၾကက္သြန္ၿမိတ္နဲ႔ မုန္လာဥနီကို ပါးပါးလွီးထားပါ။

ျပဳလုပ္နည္း
၁။ ခြက္တစ္ခုထဲမွာ ၾကက္ဥ ၄ လုံးနဲ႔ ၾကက္သြန္ၿမိတ္ကုိ ဆား နဲနဲထည့္ျပီး ေမႊထားပါ။
၂။ အုိးကိုအပူေပးျပီး ဆီကို ပါေလကာေလာက္ပဲထည့္ေပးပါေနာ္။ ဆီပူပူမွာ ၾကက္သြန္နီကို အရင္ထည့္ၿပီး ပုဇြန္၊ ပဲပင္ေပါက္၊ မုန္လာဥနီတို႔ကို ဆက္ထည့္ပါ။
၃။ ေနာက္ ခုနက ေခါက္ထားတဲ့ ၾကက္ဥကို ထည့္ေလာင္းလိုက္ပါ။
ထည့္ထည့္ျပီးခ်င္းမွာ ၾကက္ဥကို အုိးအႏွံ႔ ျဖန္႕ေပးလုိက္ပါ။
ၾကက္ဥအေပၚဘက္ကိုအရမး္က်က္စရာမလုိပါဘူး။
၄။ ျပီးရင္ ဟင္းခ်က္ဇြန္းအျပားနဲ႕ၾကက္ဥ တစ္ဖက္ကို ယူျပီး ေခါက္လိုက္ပါ။ ၾကက္ဥအပူရွိန္ေၾကာင့္ ပဲပင္ေပါက္၊ မုန္လာဥနီနဲ႔ ပုဇြန္ ခပ္ဆတ္ဆတ္ေလးက်က္ေအာင္ ေၾကာ္လိုက္ပါ။

ခုဆိုရင္ေတာ့ ေမႊးေမႊးၾကြပ္ၾကြပ္ေလးနဲ႔ ဗီယက္နမ္ ၾကက္ဥေၾကာ္ ေလး သံုးေဆာင္လို႔ ရပါၿပီ။

[ Unicode ]

ကြက်ဥကြော်မွှေးမွှေးအိအိလေးကို ဆွေမျိုးမေ့အောင် စားနိုင်ဖို့ Trend ပရိသတ်ကြီးအတွက် ဗီယက်နမ် ကြက်ဥကြော်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။ ကြက်ဥ ကြော်ကို မြန်မာ့ခံတွင်းနဲ့ကိုက်အောင် ပြုပြင်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ
၁။ ကြက်ဥ (လေးလုံး)
၂။ ဆား (လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ)
၃။ ကြက်သွန်မြိတ် ၂စည်း
၄။ ပဲပင်ပေါက် အနည်းငယ်
၅။ မုန်လာဥနီ
၆။ ပုဇွန် (သို့) ပြုတ်ပြီးအသားတောက်တောက်စင်း (သို့) ပင်လယ်စာ
၇။ ဟင်းချက်ဆီ
*ကြက်သွန်မြိတ်နဲ့ မုန်လာဥနီကို ပါးပါးလှီးထားပါ။

ပြုလုပ်နည်း
၁။ ခွက်တစ်ခုထဲမှာ ကြက်ဥ ၄ လုံးနဲ့ ကြက်သွန်မြိတ်ကို ဆား နဲနဲထည့်ပြီး မွှေထားပါ။
၂။ အိုးကိုအပူပေးပြီး ဆီကို ပါလေကာလောက်ပဲထည့်ပေးပါနော်။ ဆီပူပူမှာ ကြက်သွန်နီကို အရင်ထည့်ပြီး ပုဇွန်၊ ပဲပင်ပေါက်၊ မုန်လာဥနီတို့ကို ဆက်ထည့်ပါ။
၃။ နောက် ခုနက ခေါက်ထားတဲ့ ကြက်ဥကို ထည့်လောင်းလိုက်ပါ။
ထည့်ထည့်ပြီးချင်းမှာ ကြက်ဥကို အိုးအနှံ့ ဖြန့်ပေးလိုက်ပါ။
ကြက်ဥအပေါ်ဘက်ကိုအရမ်းကျက်စရာမလိုပါဘူး။
၄။ ပြီးရင် ဟင်းချက်ဇွန်းအပြားနဲ့ကြက်ဥ တစ်ဖက်ကို ယူပြီး ခေါက်လိုက်ပါ။ ကြက်ဥအပူရှိန်ကြောင့် ပဲပင်ပေါက်၊ မုန်လာဥနီနဲ့ ပုဇွန် ခပ်ဆတ်ဆတ်လေးကျက်အောင် ကြော်လိုက်ပါ။

ခုဆိုရင်တော့ မွှေးမွှေးကြွပ်ကြွပ်လေးနဲ့ ဗီယက်နမ် ကြက်ဥကြော် လေး သုံးဆောင်လို့ ရပါပြီ။

Ref; asianfood

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.