သူေ႒းေတြရဲ႕ ပိုက္ဆံစုနည္း ၁၀ နည္း

“သင့္အေနနဲ႔ ငယ္႐ြယ္စဥ္မွာ ပိုက္ဆံ မရွိဘဲေနလို႔ရတယ္။ ဒါေပမယ့္ အသက္ႀကီးလာလွ်င္ေတာ့ ပိုက္ဆံမရွိဘဲ ေနလို႔မရေတာ့ဘူး” လို႔ ဆုိၾကပါတယ္။ လူဆိုတာ ပိုက္ဆံကို ပိုၿပီး လိုခ်င္တဲ့လူေတြႀကီးပါပဲ။ က်န္းမာေရးအတြက္၊ ပညာေရးအတြက္၊ မိသားစုအတြက္ အစရွိတဲ့အရာေတြ အတြက္ ပိုၿပီး လိုအပ္ေနတာပါပဲ။ ဒါေပမယ့္ အဲ့ဒီလို လိုအပ္ေနတဲ့ ပိုက္ဆံကို ဘယ္လို မ်ားမ်ား ရွာမလဲ။ မ်ားမ်ားရွာေနေပမယ့္လည္း မၿပီးဘူး။ ဘယ္လို ထိထိေရာက္ေရာက္စုေဆာင္းမလဲ။ ျမဳပ္ႏွံမလဲဆိုတာ အေရးႀကီးပါတယ္။ ဒါဆိုရင္ ခ်မ္းသာသူေတြ အေနနဲ႔ပိုက္ဆံကို ဘယ္လို စုသလဲဆိုတာ Trend ပရိသတ္ႀကီးအတြက္ ေဝမၽွ ေပးလိုက္ပါတယ္။

၁။ အေသးသုံးစြဲမႈမ်ား ကအစ သတိထားတယ္
လူေတြ ေတာ္ေတာ္မ်ားမ်ားက အႀကီးစားသုံးစြဲမႈမ်ားကို သတိထားတတ္ၾကပါတယ္။ ဒါေပမယ့္ အေသးစားသုံးစြဲမႈေတြကိုေတာ့ သတိမျပဳပဲ သုံးစြဲတတ္ၾကတယ္။ ဒီအေသးသုံးစြဲမႈေလးေတြ ေပါင္းလာတဲ့ အခါမွ အႀကီးစား သုံးစြဲမႈႀကီးျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ အေသးသုံးစြဲမႈေလးေတြကိုလည္း စနစ္တက်နဲ႔သုံးစြဲတတ္ဖို႔လိုပါတယ္။

၂။ အနာဂါတ္ကို အေလးထားျခင္း
အနာဂါတ္အတြက္ ရည္မွန္းခ်က္၊ ရည္႐ြယ္ခ်က္မရွိရင္ လက္ရွိကာလမွာ ပိုက္ဆံကို အလြယ္တကူသုံးစြဲတတ္ပါတယ္။ အနာဂတ္မွာ ကိုယ္ေမွ်ာ္မွန္းထားတဲ့ ဝယ္စရာတစ္ခု၊ ဒါမွမဟုတ္ ရင္းႏွီးျမဳပ္ႏွံစရာတစ္ခု ရွိတယ္ဆိုရင္တာ့ ပိုက္ဆံ သုံးစြဲမႈ ေလ်ာ့နည္းသြားသလို သတိထားသုံးစြဲမိလာပါတယ္။

၃။ မလိုအပ္တဲ့အရာေတြကို သူတစ္ပါးအထင္ႀကီးေစဖို႔တစ္ခုတည္းအတြက္ မဝယ္ပါနဲ႔
လူေတာ္ေတာ္မ်ားမ်ားက ကိုယ္ပိုင္ဆိုင္တာေတြအေပၚ သူငယ္ခ်င္းေတြ၊ အေပါင္းအသင္းေတြဆီက အားက်ျခင္း၊ ခ်ီးက်ဴးေျပာဆိုျခင္း ခံရတာကို သေဘာေတြ႕ပါတယ္။ ဒါေပမယ့္ အဲ့ဒါကို limit တစ္ခု သတ္မွတ္ထားသင့္ပါတယ္။ ဒီလို ခ်ီးက်ဴးေျပာဆိုမႈ၊ အားက်မႈ ခံရဖို႔တစ္ခုတည္းအတြက္မလိုအပ္တဲ့အရာေတြကို မဝယ္ပါနဲ႔။

၄။ လိုအပ္ခ်က္ကို အျဖဴနဲ႔အမဲ ကြဲျပားေအာင္လုပ္ပါ
ပစၥည္းတစ္ခု ေတြ႕ပါက ဒီဟာ တကယ္လိုအပ္သလား၊ မလိုအပ္ဘူးလားဆိုတာကို အျဖဴအမဲကြဲျပားေအာင္လုပ္ပါ။ စိတ္လႈပ္ရွားမႈ တစ္ခုတည္းနဲ႔ သေဘာက်မႈ တစ္ခုတည္းနဲ႔မဝယ္လိုက္ပါနဲ႔။ ဘာလို႔လည္းဆိုေတာ့ အခုေခတ္ႀကီးမွာ သေဘာက်တိုင္းဝယ္မယ္ဆိုလွ်င္ ဝယ္လို႔ဆုံးေတာ့မွာမဟုတ္ပါဘူး။

၅။ အလုပ္ႀကိဳးစားပါ
လူေတာ္ေတာ္မ်ားမ်ား အျမင္မွာ သူေဌးဆိုလွ်င္ ေကာင္းေကာင္းဝတ္၊ ေကာင္းေကာင္းစားေနတာကိုပဲ ျမင္ၾကတာပါ။ သူတို႔ေတြ ဒီလို စားႏိုင္၊ ေနႏိုင္ဖို႔ဘယ္ေလာက္ထိ အလုပ္ႀကိဳးစားခဲ့တယ္ဆိုတာကို မျမင္ၾကပါဘူး။ ခ်မ္းသာခ်င္တယ္ဆိုရင္ေတာ့ သာမန္လူထက္ ပိုၿပီးႀကိဳးစားဖို႔လိုပါတယ္။ အထူးသျဖင့္ ထုတ္လုပ္ႏိုင္မႈ စြမ္းအားျမင့္မားတဲ့ အ႐ြယ္မွာ ႀကိဳးစားရွာေဖြထားဖို႔လိုပါတယ္။ အဲ့ဒီလို အလုပ္ႀကိဳးစားလိုက္ျခင္းအားျဖင့္ အသုံးဖက္ကို လည္း အာ႐ုံစူးစိုက္မႈ နည္းသြားပါလိမ့္မယ္။

၆။ ဝင္ေငြထဲမွာ အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားကို စုပါ
သုံးတာနဲ႔စုတာမွာ စုတာက မ်ားဖို႔လိုပါတယ္။ ဒါမွလည္း ေနာက္ပိုင္း လုပ္ငန္းတိုးခ်ဲ႕ႏိုင္၊ ရင္းႏွီးျမဳပ္ႏွံႏိုင္မွာပါ။ အဲ့ဒီလိုမဟုတ္ပဲ သုံးတာဖက္က မ်ားေနမယ္ဆိုရင္ေတာ့ သင္ခ်မ္းသာဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။

၇။ ေပးရတဲ့ ပမာဏနဲ႔တန္ဖိုးကိုက္ညီမႈ ရွိေအာင္ ႀကိဳးစားပါ
ခ်မ္းသာတဲ့သူမ်ားဟာ သူတို႔ေပးလိုက္တဲ့ပိုက္ဆံနဲ႔တန္ဖိုးညီမွ်တဲ့ ပစၥည္း၊ ဝန္ေဆာင္မႈကို ရရွိေအာင္ႀကိဳးစားပါတယ္။ တနည္းအားျဖင့္ေျပာလွ်င္ေတာ့ ေဈးႀကီးေပးဝယ္တာမ်ိဳးမလုပ္ပါဘူး။ အေရးတႀကီးမလိုအပ္လွ်င္ ေဈးခ်တဲ့အခ်ိန္ကို ေစာင့္ပါတယ္။ ပစၥည္းတစ္ခု ထြက္ထြက္ခ်င္းမဝယ္ပါဘူး။ ထြက္ၿပီး အခ်ိန္အတိုင္းအတာ တစ္ခု အၾကာမွာ ေဈးက်လာတာကို ေစာင့္ပါတယ္။ အသုံးျပဳႏိုင္ပုံျခင္းတူတဲ့၊ ဝန္ေဆာင္မႈျခင္းတူတဲ့ အရာႏွစ္ခုကိုေ႐ြးခ်ယ္ရမယ္ဆိုလွ်င္ ေဈးေပါတာကို ေ႐ြးခ်ယ္ပါတယ္။ ေနာက္ၿပီးေတာ့ ေဈးဆစ္ေတာ္ၾကပါတယ္။

၈။ စုထားတဲ့မ်ားကို အက်ိဳးရွိစြာျမဳပ္ႏွံပါ
ပိုက္ဆံ စုထား႐ုံနဲ႔သူေဌးမျဖစ္ႏိုင္ပါဘူး။ စုထားတဲ့ပိုက္ဆံေတြကို အက်ိဳးရွိစြာနဲ႔မွန္ကန္စြာရင္းႏွီးျမဳပ္ႏွံတတ္ဖို႔လိုပါတယ္။ေ႐ြးခ်ယ္မႈ မွားလွ်င္ေတာ့ ကိုယ္စုထားတာေတြ အားလုံး ကုန္ပါလိမ့္မယ္။ ဒါေၾကာင့္မို႔လို႔ စနစ္တက် မွန္ကန္စြာ ေ႐ြးခ်ယ္ ျမဳပ္ႏွံတတ္ဖို႔လိုပါတယ္။

၉။ စုၿပီးမွ ပိုတာသံုးပါ
သာမန္လူေတြဟာ ပိုက္ဆံကို သုံးလို႔ပိုမွ စုပါတယ္။ ခ်မ္းသာသူေတြကေတာ့ စုၿပီးမွ ပိုတာကို သုံးပါတယ္။

၁၀။ ေငြထြက္ေပါက္မ်ားကို ပိတ္ပါ
မလိုအပ္တဲ့ ပိုက္ဆံကုန္မႈေတြကို အၿမဲေစာင့္ၾကည့္ပါ။ အဲ့ဒါေတြကို ေလ်ာ့ခ်ပါ။
ဥပမာ – သင့္အိမ္မွာ တီဗီလိုင္းေတြ ယူထားၿပီး တစ္လမွ ၄ ရက္ေလာက္ပဲ ၾကည့္ျဖစ္လား။ ဒါမ်ိဳး မလိုအပ္တဲ့ေငြထြက္ေပါက္ေတြကို ေလ်ာ့ခ်သင့္ပါတယ္။

[ Unicode ]

“သင့်အနေနဲ့ ငယ်ရွယ်စဉ်မှာ ပိုက်ဆံ မရှိဘဲနေလို့ရတယ်။ ဒါပေမယ့် အသက်ကြီးလာလျှင်တော့ ပိုက်ဆံမရှိဘဲ နေလို့မရတော့ဘူး” လို့ ဆိုကြပါတယ်။ လူဆိုတာ ပိုက်ဆံကို ပိုပြီး လိုချင်တဲ့လူတွေကြီးပါပဲ။ ကျန်းမာရေးအတွက်၊ ပညာရေးအတွက်၊ မိသားစုအတွက် အစရှိတဲ့အရာတွေ အတွက် ပိုပြီး လိုအပ်နေတာပါပဲ။ ဒါပေမယ့် အဲ့ဒီလို လိုအပ်နေတဲ့ ပိုက်ဆံကို ဘယ်လို များများ ရှာမလဲ။ များများရှာနေပေမယ့်လည်း မပြီးဘူး။ ဘယ်လို ထိထိရောက်ရောက်စုဆောင်းမလဲ။ မြုပ်နှံမလဲဆိုတာ အရေးကြီးပါတယ်။ ဒါဆိုရင် ချမ်းသာသူတွေ အနေနဲ့ပိုက်ဆံကို ဘယ်လို စုသလဲဆိုတာ Trend ပရိသတ်ကြီးအတွက် ဝေမျှ ပေးလိုက်ပါတယ်။

၁။ အသေးသုံးစွဲမှုများ ကအစ သတိထားတယ်
လူတွေ တော်တော်များများက အကြီးစားသုံးစွဲမှုများကို သတိထားတတ်ကြပါတယ်။ ဒါပေမယ့် အသေးစားသုံးစွဲမှုတွေကိုတော့ သတိမပြုပဲ သုံးစွဲတတ်ကြတယ်။ ဒီအသေးသုံးစွဲမှုလေးတွေ ပေါင်းလာတဲ့ အခါမှ အကြီးစား သုံးစွဲမှုကြီးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသေးသုံးစွဲမှုလေးတွေကိုလည်း စနစ်တကျနဲ့သုံးစွဲတတ်ဖို့လိုပါတယ်။

၂။ အနာဂါတ်ကို အလေးထားခြင်း
အနာဂါတ်အတွက် ရည်မှန်းချက်၊ ရည်ရွယ်ချက်မရှိရင် လက်ရှိကာလမှာ ပိုက်ဆံကို အလွယ်တကူသုံးစွဲတတ်ပါတယ်။ အနာဂတ်မှာ ကိုယ်မျှော်မှန်းထားတဲ့ ဝယ်စရာတစ်ခု၊ ဒါမှမဟုတ် ရင်းနှီးမြုပ်နှံစရာတစ်ခု ရှိတယ်ဆိုရင်တာ့ ပိုက်ဆံ သုံးစွဲမှု လျော့နည်းသွားသလို သတိထားသုံးစွဲမိလာပါတယ်။

၃။ မလိုအပ်တဲ့အရာတွေကို သူတစ်ပါးအထင်ကြီးစေဖို့တစ်ခုတည်းအတွက် မဝယ်ပါနဲ့
လူတော်တော်များများက ကိုယ်ပိုင်ဆိုင်တာတွေအပေါ် သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေဆီက အားကျခြင်း၊ ချီးကျူးပြောဆိုခြင်း ခံရတာကို သဘောတွေ့ပါတယ်။ ဒါပေမယ့် အဲ့ဒါကို limit တစ်ခု သတ်မှတ်ထားသင့်ပါတယ်။ ဒီလို ချီးကျူးပြောဆိုမှု၊ အားကျမှု ခံရဖို့တစ်ခုတည်းအတွက်မလိုအပ်တဲ့အရာတွေကို မဝယ်ပါနဲ့။

၄။ လိုအပ်ချက်ကို အဖြူနဲ့အမဲ ကွဲပြားအောင်လုပ်ပါ
ပစ္စည်းတစ်ခု တွေ့ပါက ဒီဟာ တကယ်လိုအပ်သလား၊ မလိုအပ်ဘူးလားဆိုတာကို အဖြူအမဲကွဲပြားအောင်လုပ်ပါ။ စိတ်လှုပ်ရှားမှု တစ်ခုတည်းနဲ့ သဘောကျမှု တစ်ခုတည်းနဲ့မဝယ်လိုက်ပါနဲ့။ ဘာလို့လည်းဆိုတော့ အခုခေတ်ကြီးမှာ သဘောကျတိုင်းဝယ်မယ်ဆိုလျှင် ဝယ်လို့ဆုံးတော့မှာမဟုတ်ပါဘူး။

၅။ အလုပ်ကြိုးစားပါ
လူတော်တော်များများ အမြင်မှာ သူဌေးဆိုလျှင် ကောင်းကောင်းဝတ်၊ ကောင်းကောင်းစားနေတာကိုပဲ မြင်ကြတာပါ။ သူတို့တွေ ဒီလို စားနိုင်၊ နေနိုင်ဖို့ဘယ်လောက်ထိ အလုပ်ကြိုးစားခဲ့တယ်ဆိုတာကို မမြင်ကြပါဘူး။ ချမ်းသာချင်တယ်ဆိုရင်တော့ သာမန်လူထက် ပိုပြီးကြိုးစားဖို့လိုပါတယ်။ အထူးသဖြင့် ထုတ်လုပ်နိုင်မှု စွမ်းအားမြင့်မားတဲ့ အရွယ်မှာ ကြိုးစားရှာဖွေထားဖို့လိုပါတယ်။ အဲ့ဒီလို အလုပ်ကြိုးစားလိုက်ခြင်းအားဖြင့် အသုံးဖက်ကို လည်း အာရုံစူးစိုက်မှု နည်းသွားပါလိမ့်မယ်။

၆။ ဝင်ငွေထဲမှာ အစိတ်အပိုင်းတော်တော်များများကို စုပါ
သုံးတာနဲ့စုတာမှာ စုတာက များဖို့လိုပါတယ်။ ဒါမှလည်း နောက်ပိုင်း လုပ်ငန်းတိုးချဲ့နိုင်၊ ရင်းနှီးမြုပ်နှံနိုင်မှာပါ။ အဲ့ဒီလိုမဟုတ်ပဲ သုံးတာဖက်က များနေမယ်ဆိုရင်တော့ သင်ချမ်းသာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

၇။ ပေးရတဲ့ ပမာဏနဲ့တန်ဖိုးကိုက်ညီမှု ရှိအောင် ကြိုးစားပါ
ချမ်းသာတဲ့သူများဟာ သူတို့ပေးလိုက်တဲ့ပိုက်ဆံနဲ့တန်ဖိုးညီမျှတဲ့ ပစ္စည်း၊ ဝန်ဆောင်မှုကို ရရှိအောင်ကြိုးစားပါတယ်။ တနည်းအားဖြင့်ပြောလျှင်တော့ ဈေးကြီးပေးဝယ်တာမျိုးမလုပ်ပါဘူး။ အရေးတကြီးမလိုအပ်လျှင် ဈေးချတဲ့အချိန်ကို စောင့်ပါတယ်။ ပစ္စည်းတစ်ခု ထွက်ထွက်ချင်းမဝယ်ပါဘူး။ ထွက်ပြီး အချိန်အတိုင်းအတာ တစ်ခု အကြာမှာ ဈေးကျလာတာကို စောင့်ပါတယ်။ အသုံးပြုနိုင်ပုံခြင်းတူတဲ့၊ ဝန်ဆောင်မှုခြင်းတူတဲ့ အရာနှစ်ခုကိုရွေးချယ်ရမယ်ဆိုလျှင် ဈေးပေါတာကို ရွေးချယ်ပါတယ်။ နောက်ပြီးတော့ ဈေးဆစ်တော်ကြပါတယ်။

၈။ စုထားတဲ့များကို အကျိုးရှိစွာမြုပ်နှံပါ
ပိုက်ဆံ စုထားရုံနဲ့သူဌေးမဖြစ်နိုင်ပါဘူး။ စုထားတဲ့ပိုက်ဆံတွေကို အကျိုးရှိစွာနဲ့မှန်ကန်စွာရင်းနှီးမြုပ်နှံတတ်ဖို့လိုပါတယ်။ရွေးချယ်မှု မှားလျှင်တော့ ကိုယ်စုထားတာတွေ အားလုံး ကုန်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ စနစ်တကျ မှန်ကန်စွာ ရွေးချယ် မြုပ်နှံတတ်ဖို့လိုပါတယ်။

၉။ စုပြီးမှ ပိုတာသုံးပါ
သာမန်လူတွေဟာ ပိုက်ဆံကို သုံးလို့ပိုမှ စုပါတယ်။ ချမ်းသာသူတွေကတော့ စုပြီးမှ ပိုတာကို သုံးပါတယ်။

၁၀။ ငွေထွက်ပေါက်များကို ပိတ်ပါ
မလိုအပ်တဲ့ ပိုက်ဆံကုန်မှုတွေကို အမြဲစောင့်ကြည့်ပါ။ အဲ့ဒါတွေကို လျော့ချပါ။
ဥပမာ – သင့်အိမ်မှာ တီဗီလိုင်းတွေ ယူထားပြီး တစ်လမှ ၄ ရက်လောက်ပဲ ကြည့်ဖြစ်လား။ ဒါမျိုး မလိုအပ်တဲ့ငွေထွက်ပေါက်တွေကို လျော့ချသင့်ပါတယ်။

Ref; mangementmoney

328 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.