အနုပညာရှင်တော်တော်များများဟာ မော်ဒယ်သရုပ်ဆောင်နယ်ပယ်မှာသာမက ဂီတဖက်မှာပါ ရပ်တည်ရင်း အနုပညာဖန်တီးမှုတွေကို ပြုလုပ်လာကြပါပြီ။ အဲ့ဒီလို အနုပညာရှင်တွေထဲမှာ သန္တာဗိုတစ်ယောက်လဲ အပါအ၀င်မို သူမရဲ့လတ်တလောအနုပညာ လှုပ်ရှားမှုတွေနဲ့အတူ သူမရဲ့အချစ်အကြောင်းကို ခုလို တီးခေါက်ကြည့်မိတဲ့အခါ ‘ညီမလတ်တလော သီချင်းတွေပဲ ဆိုဖြစ်နေတယ်။ နယ်ရှိုးတွေနဲ့ ညပွဲတွေ၊ ပြီးတော့ ခရီးတွေထွက်ပြီး ဆက်တိုက်သီချင်းဆိုဖို့တွေပဲ ရှိပါတယ်။ အမ်တီဗီကတော့ ရိုက်နေတာပဲ။ ၂ပုဒ်လောက်ပဲရှိသေးတယ်။ တစ်ပုဒ်က အလင်းရောင်နဲ့ တစ်ပုဒ်၊ ပြီးတော့ ကိုရဝေအောင်နဲ့မဆိုင်းလူနဲ့ တစ်ပုဒ်ရိုက်ထားတယ်။ တစ်ပုဒ်ချင်းစီကိုတော့ အကောင်းဆုံးဖြစ်အောင် ရိုက်သွားမယ်။ အခုရိုက်ထားတာက Aroma ရယ်၊ ကိုသုံးပေါင်ရယ် ရိုက်ပေးထားတယ်။ ကျန်တာတွေကတော့ မစဉ်းစားရသေးဘူး။ ထပ်သုံးမဲ့သူတွေကတော့ အိမ်နဲ့ဒါရိုက်တာနဲ့ တိုင်ပင်ပြီး ထပ်စဉ်းစားရမှာပေါ့။’လို့ သူမက ပြောပါတယ်။
အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ သူမက ‘မင်္ဂလာသတင်းကတော့ အဝေးကြီးလိုပါသေးတယ်။ အချစ်ရေးကတော့ အေးဆေးပါပဲ။ အဆင်ပြေပါတယ။် ညီမကတော့ ၂၄ ၊ ၂၅လောက်မှ အိမ်ထောင်ရေးကို စဉ်းစားးမယ။် အခုတော့ မိဘကို လုပ်ကျွေးလိုက်ပါဦးမယ်။ ချစ်သူများနေ့ကိုတော့ အစီအစဉ်မရှိသေးပါဘူး။ သေချာမသိသေးဘူး’တဲ့။