မုန္႔ႏွမ္းနက္ ျပဳလုပ္နည္း

အုန္းသီးဖတ္ေမႊးေမႊးေလးနဲ႔ လုပ္ရတာအလြန္လြယ္တဲ့ ထိုင္းစတိုင္ မုန္႔နွမ္းနက္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလုိက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။ ျမန္မာ့ခံတြင္းနဲ႔ကိုက္ေအာင္ အနည္းငယ္ ျပဳျပင္ထားပါတယ္။

ပါဝင္ပစၥည္းမ်ား
၁။ ပီေလာပီနံမႈန္႔ 300 g
၂။ ဆန္မႈန္႔ 80 g
၃။ အုန္းႏို႔ ၃ ခြက္
၄။ အုန္းသီးဖတ္ အနည္းငယ္
၅။ သၾကား ႏွစ္သက္သလို
၆။ ဆား သင့္႐ုံ
၇။ ၾကက္ဥ ၃ လုံး
၈။ ႏွမ္းေစ့အနက္ အနည္းငယ္ ( ေလွာ္ၿပီး )
၉။ အစားအစာသုံးအေရာင္မႈန္႔ ( ႏွစ္သက္ရာ )

ျပဳလုပ္နည္း
၁။ ပီေလာပီနံမႈန္႔၊ ဂ်ဳံမႈန္႔၊ အုန္းႏို႔၊ သၾကား၊ ဆား၊ ၾကက္ဥတို႔ကို သမေအာင္ နာနာေခါက္ေမႊပါ။
၂။ ၿပီးရင္ ႏွမ္းေစ့အနက္၊ အစားအစာသုံးအေရာင္မႈန္႔၊ အုန္းသီးဖတ္ထည့္ပါ။ ႏွမ္းေစ့အနက္ကို ေနာက္မွ ျဖဴးလုိက္ရင္လည္း ရပါတယ္။
၃။ ဒယ္အိုးကို မီးေအးေအးျဖင့္ အပူေပးပီး အဆိုပါ မုန္႔ႏွစ္ရည္ကို အဝိုင္းပုံျဖန္႔ပါ။ နဲနဲက်က္ရင္ တဖက္သို႔လည့္ပါ။
၄။ ထို႔ေနာက္ အလိပ္ကေလးမ်ားလိပ္ေပးပါ။

အခုဆိုရင္ေတာ့ အျမင္လွသလို အရမ္းလည္း စားေကာင္းတဲ့ မုန္႔ႏွမ္းနက္ေလး သံုးေဆာင္ရေအာင္ေနာ္။

[ Unicode ]

အုန်းသီးဖတ်မွှေးမွှေးလေးနဲ့ လုပ်ရတာအလွန်လွယ်တဲ့ ထိုင်းစတိုင် မုန့်နှမ်းနက် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။ မြန်မာ့ခံတွင်းနဲ့ကိုက်အောင် အနည်းငယ် ပြုပြင်ထားပါတယ်။

ပါဝင်ပစ္စည်းများ
၁။ ပီလောပီနံမှုန့် 300 g
၂။ ဆန်မှုန့် 80 g
၃။ အုန်းနို့ ၃ ခွက်
၄။ အုန်းသီးဖတ် အနည်းငယ်
၅။ သကြား နှစ်သက်သလို
၆။ ဆား သင့်ရုံ
၇။ ကြက်ဥ ၃ လုံး
၈။ နှမ်းစေ့အနက် အနည်းငယ် ( လှော်ပြီး )
၉။ အစားအစာသုံးအရောင်မှုန့် ( နှစ်သက်ရာ )

ပြုလုပ်နည်း
၁။ ပီလောပီနံမှုန့်၊ ဂျုံမှုန့်၊ အုန်းနို့၊ သကြား၊ ဆား၊ ကြက်ဥတို့ကို သမအောင် နာနာခေါက်မွှေပါ။
၂။ ပြီးရင် နှမ်းစေ့အနက်၊ အစားအစာသုံးအရောင်မှုန့်၊ အုန်းသီးဖတ်ထည့်ပါ။ နှမ်းစေ့အနက်ကို နောက်မှ ဖြူးလိုက်ရင်လည်း ရပါတယ်။
၃။ ဒယ်အိုးကို မီးအေးအေးဖြင့် အပူပေးပီး အဆိုပါ မုန့်နှစ်ရည်ကို အဝိုင်းပုံဖြန့်ပါ။ နဲနဲကျက်ရင် တဖက်သို့လည့်ပါ။
၄။ ထို့နောက် အလိပ်ကလေးများလိပ်ပေးပါ။

အခုဆိုရင်တော့ အမြင်လှသလို အရမ်းလည်း စားကောင်းတဲ့ မုန့်နှမ်းနက်လေး သုံးဆောင်ရအောင်နော်။

Ref; asianfood

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.