အရက္နာက်တဲ့ မနက္ခင္းမွာ ေသာက္သင့္တဲ့ အရည္မ်ား

တစ္ညလံုး အျပတ္ကဲေအာင္ ေသာက္ထားၿပီး မနက္က်မွ အခံရခက္ေနတာလား။ ဒါဆိုရင္ ဒီအရက္နာက်ေဝဒနာကို အျမန္ဆံုး ေပ်ာက္ကင္းဖို႔ ဒီလို အရည္ေတြ ေသာက္လိုက္ၾကရေအာင္။

၁။ ေရ – အရက္ေသာက္ၿပီဆိုတာနဲ႔ ခႏၶာကိုယ္က ေရဓာတ္ဆုံးရႈံးမယ္။ မနက္ႏိုးလာတဲ့အခါမွာ ေခါင္းမူးေခါင္းကိုက္ၿပီး အန္ခ်င္သလို ျဖစ္ေနမယ္။ အေကာင္းဆုံးကေတာ့ မနက္ႏိုးလာတာနဲ႔ ေရတစ္ခြက္ အျပည့္ေသာက္လိုက္ပါ။ လကၡဏာ ပိုၿပီးမဆိုးလာေစဖို႔နဲ႔ ခႏၶာကိုယ္က ကုန္ဆုံးသြားတဲ့ ေရဓာတ္ကို ျပန္လည္ျဖည့္တင္းေပးဖို႔ ေရမ်ားမ်ားေသာက္ေပးဖို႔ လိုအပ္ပါတယ္။

၂။ အားျဖည့္အခ်ိဳရည္ – ပုံမွန္အရေတာ့ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ ေဖ်ာ္ရည္ျဖစ္ေပမယ့္ အရက္နာက်တာကို သက္သာေစတဲ့ အရည္ထဲမွာ တစ္ခုအပါအဝင္ပါပဲ။ အားျဖည့္အခ်ိဳရည္ေတြမွာ ပါဝင္တဲ့ သၾကားဓါတ္နဲ႔ ေရဓာတ္ဟာ ခႏၶါကိုယ္မွာ အရက္ေၾကာင့္ စုမိေနတဲ့ အဆိပ္အေတာက္ေတြကို ဆီးအျဖစ္ စြန႔္ေပးႏိုင္ၿပီး ေခါင္းၾကည္လင္ေစပါတယ္။

၃။ ေရေႏြးၾကမ္း – စိတ္ကိုၾကည္လင္လန္းဆန္းေစတဲ့ လတ္လတ္ဆတ္ဆတ္ ေရေႏြးၾကမ္းပူပူေလးဟာ အရက္နာက်ေနတဲ့ မနက္ခင္းအတြက္ေတာ့ အေကာင္းဆုံး ဓာတ္စာပါပဲ။ ဗိုက္ေအာင့္တာ၊ ေလပြတာ၊ မူးေဝေအာ့အန္တာကို သက္သာေစတယ္။ ေရေႏြးၾကမ္းအစား ဂ်င္းျပဳတ္ရည္ကို ေသာက္ေပးရင္လည္း အဆင္ေျပပါတယ္။

၄။ သစ္သီးေဖ်ာ္ရည္ – သစ္သီးကို လတ္လတ္ဆတ္ဆတ္ႀကိတ္ၿပီး ရလာတဲ့ ေဖ်ာ္ရည္ဟာ ဗီတာမင္နဲ႔ သတၱဳဓါတ္ေတြ ႂကြယ္ဝေစၿပီး ကိုယ္တြင္းမွာရွိေနတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တယ္။ ေရဓါတ္ပါဝင္လို႔ အရက္ေသာက္ၿပီး ေရဓါတ္ခမ္းေျခာက္တာအတြက္လည္း ပူစရာမလိုေတာ့ပါဘူး။

၅။ ေကာ္ဖီ – တစ္ညလုံးအျပတ္ကဲၿပီး မနက္မိုးလင္းလာေတာ့ အားမရွိပဲ ႏုံးခ်ိေနတာ သဘာဝပါပဲ။ ပူပူေႏြးေႏြး ေကာ္ဖီတစ္ခြက္ေသာက္လိုက္ပါ။ ခႏၶာကိုယ္ကို ေရဓါတ္ျဖည့္ေပးတယ္။ ကဖင္းဓာတ္ေၾကာင့္ လူကို လန္းဆန္းေစၿပီး ေခါင္းမူးေခါင္းကိုက္တာေတြ သက္သာေစတယ္။ အားအင္ျဖစ္ေစႏိုင္ပါတယ္။

၆။ ဒိန္ခ်ဥ္ – အရက္ေသာက္ၿပီး မနက္ခင္းမွာ လိုအပ္တဲ့ အာဟာရဓါတ္ကေတာ့ ပိုတက္စီယမ္ဓါတ္ပါပဲ။ ဒိန္ခ်ဥ္ဟာ အစာေၾကလြယ္ေစၿပီး ဝမ္းမွန္ေစတယ္။ အာဟာရဓါတ္လည္း ႂကြယ္ဝတယ္။ ငွက္ေပ်ာသီးကို အတုံးေလးလွီးၿပီး ဒိန္ခ်ဥ္နဲ႔အတူ ထည့္စားေပးႏိုင္ရင္ အေကာင္းဆုံးပါ။

[ Unicode ]

တစ်ညလုံး အပြတ်ကဲအောင် သောက်ထားပြီး မနက်ကျမှ အခံရခက်နေတာလား။ ဒါဆိုရင် ဒီအရက်နာကျဝေဒနာကို အမြန်ဆုံး ပျောက်ကင်းဖို့ ဒီလို အရည်တွေ သောက်လိုက်ကြရအောင်။

၁။ ရေ – အရက်သောက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမယ်။ မနက်နိုးလာတဲ့အခါမှာ ခေါင်းမူးခေါင်းကိုက်ပြီး အန်ချင်သလို ဖြစ်နေမယ်။ အကောင်းဆုံးကတော့ မနက်နိုးလာတာနဲ့ ရေတစ်ခွက် အပြည့်သောက်လိုက်ပါ။ လက္ခဏာ ပိုပြီးမဆိုးလာစေဖို့နဲ့ ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

၂။ အားဖြည့်အချိုရည် – ပုံမှန်အရတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဖျော်ရည်ဖြစ်ပေမယ့် အရက်နာကျတာကို သက်သာစေတဲ့ အရည်ထဲမှာ တစ်ခုအပါအဝင်ပါပဲ။ အားဖြည့်အချိုရည်တွေမှာ ပါဝင်တဲ့ သကြားဓါတ်နဲ့ ရေဓာတ်ဟာ ခန္ဓါကိုယ်မှာ အရက်ကြောင့် စုမိနေတဲ့ အဆိပ်အတောက်တွေကို ဆီးအဖြစ် စွန့်ပေးနိုင်ပြီး ခေါင်းကြည်လင်စေပါတယ်။

၃။ ရေနွေးကြမ်း – စိတ်ကိုကြည်လင်လန်းဆန်းစေတဲ့ လတ်လတ်ဆတ်ဆတ် ရေနွေးကြမ်းပူပူလေးဟာ အရက်နာကျနေတဲ့ မနက်ခင်းအတွက်တော့ အကောင်းဆုံး ဓာတ်စာပါပဲ။ ဗိုက်အောင့်တာ၊ လေပွတာ၊ မူးဝေအော့အန်တာကို သက်သာစေတယ်။ ရေနွေးကြမ်းအစား ဂျင်းပြုတ်ရည်ကို သောက်ပေးရင်လည်း အဆင်ပြေပါတယ်။

၄။ သစ်သီးဖျော်ရည် – သစ်သီးကို လတ်လတ်ဆတ်ဆတ်ကြိတ်ပြီး ရလာတဲ့ ဖျော်ရည်ဟာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစေပြီး ကိုယ်တွင်းမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။ ရေဓါတ်ပါဝင်လို့ အရက်သောက်ပြီး ရေဓါတ်ခမ်းခြောက်တာအတွက်လည်း ပူစရာမလိုတော့ပါဘူး။

၅။ ကော်ဖီ – တစ်ညလုံးအပြတ်ကဲပြီး မနက်မိုးလင်းလာတော့ အားမရှိပဲ နုံးချိနေတာ သဘာဝပါပဲ။ ပူပူနွေးနွေး ကော်ဖီတစ်ခွက်သောက်လိုက်ပါ။ ခန္ဓာကိုယ်ကို ရေဓါတ်ဖြည့်ပေးတယ်။ ကဖင်းဓာတ်ကြောင့် လူကို လန်းဆန်းစေပြီး ခေါင်းမူးခေါင်းကိုက်တာတွေ သက်သာစေတယ်။ အားအင်ဖြစ်စေနိုင်ပါတယ်။

၆။ ဒိန်ချဉ် – အရက်သောက်ပြီး မနက်ခင်းမှာ လိုအပ်တဲ့ အာဟာရဓါတ်ကတော့ ပိုတက်စီယမ်ဓါတ်ပါပဲ။ ဒိန်ချဉ်ဟာ အစာကြေလွယ်စေပြီး ဝမ်းမှန်စေတယ်။ အာဟာရဓါတ်လည်း ကြွယ်ဝတယ်။ ငှက်ပျောသီးကို အတုံးလေးလှီးပြီး ဒိန်ချဉ်နဲ့အတူ ထည့်စားပေးနိုင်ရင် အကောင်းဆုံးပါ။

Ref; alcoholremedies

291 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.