ေဖ့စ္ဘုတ္ သံုးခြင့္မရွိတဲ့ ႏုိင္ငံ ၅ ႏိုင္ငံ

Facebook မသံုးတဲ့ ႏုိင္ငံေတြေ ႐ွိလား။ ဘယ္လိုႏိုင္ငံေတြလဲ။ Trend ပရိသတ္ႀကီးအတြက္ ဗဟုသုတျဖစ္ဖြယ္ရာ ေဖ့စ္ဘုတ္သံုးခြင့္မရတဲ့ ႏိုင္ငံေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ဖတ္ၾကည့္လိုက္ပါဦး။

၁။ ေျမာက္ကိုရီးယား ( North Korea )
ကမၻာေပၚမွာ႐ွိတဲ့ အလံုၿခံဳဆံုး၊ စည္းကမ္းအတင္းက်ပ္ဆံုး ႏိုင္ငံလို႔ ေျပာႏိုင္တဲ့ ေျမာက္ကိုရီးယားႏိုင္ငံမွာေတာ့ Facebook သံုးစြဲခြင့္ ပိတ္ပင္ထားပါတယ္။ ႏုိင္ငံျခား ခရီးသြားေတြ အင္တာနက္သံုးဖို႔ 3G network အထိပဲ ရႏိုင္မွာျဖစ္ၿပီး ႏိုင္ငံတြင္းမွာေတာ့ ကြမ္ေျမာင္ ( Kwangmyong ) လို႔ ေခၚတဲ့ ကိုယ္ပိုင္ Intranet ကို အသံုးျပဳၾကပါတယ္။ ဒါေတာင္ ႏိုင္ငံသားအားလံုး အင္တာနက္အသံုးျပဳခြင့္ရတာ မဟုတ္ပါဘူး။

၂။ အီရန္ ( Iran )
အီရန္ႏိုင္ငံမွာေတာ့ Facebook အပါအဝင္ Twitter, You Tube စတဲ့ နာမည္ႀကီး လူမႈကြန္ရက္စာမ်က္ႏွာေတြကို ၂၀၀၉ ခုႏွစ္ကတည္းကစလို႔ ပိတ္ပင္ထားပါတယ္။ လူမႈကြန္ရက္ အသံုးျပဳခြင့္ကို အီရန္ႏိုင္ငံရဲ႕ ၂၀၀၉ ေ႐ြးေကာက္ပြဲေနာက္ပိုင္းမွာ ပိတ္ပင္ခဲ့တာ ျဖစ္ၿပီး ႏိုင္ငံေရးနဲ႔ ဆက္ႏြယ္ေနတာပဲ ျဖစ္ပါတယ္။

၃။ တ႐ုတ္ ( China )
ကမၻာေပၚက အင္အားအႀကီးဆံုး ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွာေတာ့ Facebook အပါအဝင္ အျခား လူမႈကြန္ရက္စာမ်က္ႏွာ အေတာ္မ်ားမ်ား သံုးခြင့္ မ႐ွိပါဘူး။ ႏိုင္ငံေရးနဲ႔ ဆက္ႏြယ္ၿပီး ပိတ္ပင္ထားတာပဲ ျဖစ္ပါတယ္။ ႏုိင္ငံတြင္းမွာေတာ့ WeChat, QQ နဲ႔ Weibo စတာေတြကုိ အသံုးမ်ားၾကပါတယ္။

၄။ က်ဴးဘား ( Cube )
က်ဴးဘားမွာေတာ့ Facebook ကို တရားဝင္ ပိတ္ပင္ထားတာမ်ိဳး မဟုတ္ေပမဲ့ အသံုးျပဳခြင့္ရဖို႔ ေတာ္ေတာ္ကို ခက္ခဲပါတယ္။ ႏိုင္ငံေရးသမားေတြ၊ ဂ်ာနယ္လစ္အခ်ိဳ႕နဲ႔ ေဆးေက်ာင္းသားေတြပဲ သူတို႔အိမ္မွာ အင္တာနက္ကို တရားဝင္ အသံုးျပဳခြင့္ရတာ ျဖစ္ပါတယ္။ အျခားသူေတြအတြက္ကေတာ့ အင္တာနက္ သံုးမယ္ဆိုရင္ တရားဝင္ခြင့္ျပဳခ်က္နဲ႔ ဖြင့္လွစ္ထားတဲ့ Internet Cafe’ ဆိုင္ေတြမွာ သြားသံုးရမွာပါ။

၅။ ဘဂၤလားေဒ့႐ွ္ ( Bangladesh )
တမန္ေတာ္မိုဟာမက္ အပါအဝင္ ႏိုင္ငံေခါင္းေဆာင္အခ်ိဳ႕နဲ႔ ပတ္သက္ၿပီး အေထ့အေငါ့ သေရာ္ေလွာင္ေျပာင္ ကာတြန္းပံုေတြ တင္တာေၾကာင့္ ၂၀၁၀ ခုႏွစ္မွာေတာ့ Facebook ကို ဘဂၤလားေဒ့႐ွ္အစိုးရက ျဖဳတ္ခ်လိုက္ပါတယ္။ တစ္ပတ္ေလာက္သာ အသံုးျပဳခြင့္ မရေတာ့တာျဖစ္ၿပီး အင္တာနက္ေပၚတင္ထားတဲ့ ပံုေတြ၊ ကာတြန္းေတြ အားလံုး ပယ္ဖ်က္ခံခဲ့ရပါတယ္။

[ Unicode ]

Facebook မသုံးတဲ့ နိုင်ငံတွေေ ရှိလား။ ဘယ်လိုနိုင်ငံတွေလဲ။ Trend ပရိသတ်ကြီးအတွက် ဗဟုသုတဖြစ်ဖွယ်ရာ ဖေ့စ်ဘုတ်သုံးခွင့်မရတဲ့ နိုင်ငံတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။

၁။ မြောက်ကိုရီးယား ( North Korea )
ကမ္ဘာပေါ်မှာရှိတဲ့ အလုံခြုံဆုံး၊ စည်းကမ်းအတင်းကျပ်ဆုံး နိုင်ငံလို့ ပြောနိုင်တဲ့ မြောက်ကိုရီးယားနိုင်ငံမှာတော့ Facebook သုံးစွဲခွင့် ပိတ်ပင်ထားပါတယ်။ နိုင်ငံခြား ခရီးသွားတွေ အင်တာနက်သုံးဖို့ 3G network အထိပဲ ရနိုင်မှာဖြစ်ပြီး နိုင်ငံတွင်းမှာတော့ ကွမ်မြောင် ( Kwangmyong ) လို့ ခေါ်တဲ့ ကိုယ်ပိုင် Intranet ကို အသုံးပြုကြပါတယ်။ ဒါတောင် နိုင်ငံသားအားလုံး အင်တာနက်အသုံးပြုခွင့်ရတာ မဟုတ်ပါဘူး။

၂။ အီရန် ( Iran )
အီရန်နိုင်ငံမှာတော့ Facebook အပါအဝင် Twitter, You Tube စတဲ့ နာမည်ကြီး လူမှုကွန်ရက်စာမျက်နှာတွေကို ၂၀၀၉ ခုနှစ်ကတည်းကစလို့ ပိတ်ပင်ထားပါတယ်။ လူမှုကွန်ရက် အသုံးပြုခွင့်ကို အီရန်နိုင်ငံရဲ့ ၂၀၀၉ ရွေးကောက်ပွဲနောက်ပိုင်းမှာ ပိတ်ပင်ခဲ့တာ ဖြစ်ပြီး နိုင်ငံရေးနဲ့ ဆက်နွယ်နေတာပဲ ဖြစ်ပါတယ်။

၃။ တရုတ် ( China )
ကမ္ဘာပေါ်က အင်အားအကြီးဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာတော့ Facebook အပါအဝင် အခြား လူမှုကွန်ရက်စာမျက်နှာ အတော်များများ သုံးခွင့် မရှိပါဘူး။ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ပိတ်ပင်ထားတာပဲ ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာတော့ WeChat, QQ နဲ့ Weibo စတာတွေကို အသုံးများကြပါတယ်။

၄။ ကျူးဘား ( Cube )
ကျူးဘားမှာတော့ Facebook ကို တရားဝင် ပိတ်ပင်ထားတာမျိုး မဟုတ်ပေမဲ့ အသုံးပြုခွင့်ရဖို့ တော်တော်ကို ခက်ခဲပါတယ်။ နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်အချို့နဲ့ ဆေးကျောင်းသားတွေပဲ သူတို့အိမ်မှာ အင်တာနက်ကို တရားဝင် အသုံးပြုခွင့်ရတာ ဖြစ်ပါတယ်။ အခြားသူတွေအတွက်ကတော့ အင်တာနက် သုံးမယ်ဆိုရင် တရားဝင်ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတဲ့ Internet Cafe’ ဆိုင်တွေမှာ သွားသုံးရမှာပါ။

၅။ ဘင်္ဂလားဒေ့ရှ် ( Bangladesh )
တမန်တော်မိုဟာမက် အပါအဝင် နိုင်ငံခေါင်းဆောင်အချို့နဲ့ ပတ်သက်ပြီး အထေ့အငေါ့ သရော်လှောင်ပြောင် ကာတွန်းပုံတွေ တင်တာကြောင့် ၂၀၁၀ ခုနှစ်မှာတော့ Facebook ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖြုတ်ချလိုက်ပါတယ်။ တစ်ပတ်လောက်သာ အသုံးပြုခွင့် မရတော့တာဖြစ်ပြီး အင်တာနက်ပေါ်တင်ထားတဲ့ ပုံတွေ၊ ကာတွန်းတွေ အားလုံး ပယ်ဖျက်ခံခဲ့ရပါတယ်။

Ref; weirdfacts

316 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.