ငွက္ေပ်ာေကာက္ညွင္းစီးစီးေလး အားေပးၾကပါဦး

ဖက္န႔ံေမႊးေမႊးေလးနဲ႔ ေကာက္ညွင္းငွက္ေပ်ာခ်ိဳခ်ိဳထုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမ်ွေပးလိုက္ပါတယ္။ လုပ္စားၾကရေအာင္ေနာ္။ ေကာက္ညွင္းထုပ္ကုိ ငွက္ေပ်ာသီးနဲ႕ ထုပ္ၾကသလုိ ပဲနဲ႕လည္း ထုပ္ၾကပါတယ္။ ေကာက္ညွင္းထုပ္ဖက္ကုိေတာ့ ငွက္ေပ်ာဖက္၊ အင္ဖက္၊ ထန္းရြက္၊ ေပရြက္၊ ဆလူရြက္တုိ႕နဲ႕ ထုပ္ႏိုင္ပါတယ္။

ပါဝင္ပစၥည္းမ်ား
၁။ ေကာက္ညွင္း
၂။ ငွက္ေပ်ာသီး
၃။ ပဲလြန္း အနည္းငယ္
၄။ အုန္းသီး
၅။ ႏွမ္းေလွာ္
၆။ ဆား
၇။ ႏွီးႀကိဳး
၈။ အစားအစာသံုး အေရာင္မႈန္႔ ( အေရာင္လွခ်င္ရင္ ထည့္ပါ )

ျပဳလုပ္နည္း
၁။ ေကာက္ညွင္းကုိ ေရနဲ႕ ေသခ်ာစင္ေအာင္ေဆးထားျပီးေတာ့ အနည္းဆံုး (၄) နာရီေလာက္ေရစိမ္ထားေပးပါ။ ေကာက္ညွင္းကို အေရာင္လွခ်င္ရင္ေတာ့ ႏွစ္သက္ရာ အစားအစာသံုး အေရာင္မႈန္႔အနည္းငယ္ကို ထည့္ေပးလိုက္ပါ။ ငွက္ေပ်ာသီးကုိလည္း အခြံႏႊာထားပါ။ ပဲလြန္းကုိလည္း ေရစိမ္ထားပါ။ ငွက္ေပ်ာဖက္ကုိ သံုးျပီး ထုပ္မယ္လုိ႕ ရည္ရြယ္ထားရင္လည္း ငွက္ေပ်ာဖတ္ေတြကုိ သန္႕စင္ေအာင္ ေဆးျပီး ေရေျခာက္ေအာင္သုပ္ထားေပးပါ။

၂။ အားလံုးအသင့္ျဖစ္ျပီဆုိရင္ေတာ့ ငွက္ေပ်ာဖက္ထဲမွာ ေကာက္ညွင္းကုိ ထည့္ပါ။ ျပီးေတာ့မွ ငွက္ေပ်ာသီးအလံုးလိုက္ကုိ အလယ္မွာထည့့္ျပီး ေသခ်ာလံုေအာင္ ဖက္ကုိ အရွည္လိုက္ထုပ္ေပးပါ။ ခပ္ၾကပ္ၾကပ္ ခပ္တင္းတင္းေလးျဖစ္ေအာင္ ထုပ္ျပီး ႏွီးၾကိဳးနဲ႕ စည္းေပးပါေနာ္။ ပဲလြန္းနဲ႕ ထုပ္မယ့္ ေကာက္ညွင္းထုပ္ဆုိရင္ေတာ့ ပဲနဲ႕ ေကာက္ညွင္းကုိ ေရာသမေမႊျပီးေတာ့မွ ငွက္ေပ်ာဖက္ထဲထည့္ျပီး က်စ္က်စ္လ်စ္လ်စ္ေလး ထုပ္၊ ၾကိဳးနဲ႕စည္းေပးပါေနာ္။

၃။ ၿပီးေတာ့မွ ေကာက္ညွင္းထုပ္ေတြကုိ အုိးတစ္လံုးထဲ တန္းစီထည့္၊ ေရထည့္ျပီး မီးဖုိေပၚတင္ကာ ျပဳတ္ပါ။ ပထမ တစ္ေရ ပြက္ပြက္ဆူရင္ အဲ့ဒီေရေတြကုိ သြန္ျပီး ေရအသစ္ထည့္ျပီး တည္ေပးပါ။ အဲ့ဒီလုိနဲ႕ သံုးၾကိမ္ထက္မနည္း ပြက္ေရ သြန္လုိက္၊ ေရအသစ္နဲ႕ေပးဆူရင္းနဲ႕ ေလးၾကိမ္ေျမာက္မွာေတာ့ မီးေလ်ာ့ျပီး ေကာက္ညွင္းထုပ္အုိးကုိ တည္ေပးပါေနာ္။ တခ်ဳိ႕ကလည္း ေလးၾကိမ္ေျမာက္ ဆူျပီးတာနဲ႕ ေရေႏြးအုိးထဲက ေကာက္ညွင္းထုပ္ေတြကုိ ဆယ္ယူျပီး ေပါင္းေခ်ာင္ထဲထည့္ျပီး ေအာက္က ေရေႏြးေငြ႕နဲ႕ ထပ္ျပီး ႏွပ္ထားတတ္ပါတယ္။ အဲ့ဒါဆုိရင္ေတာ့ ေကာက္ညွင္းသား ပုိႏူးနပ္ျပီး ငွက္ေပ်ာသီးကလည္းခ်ဳိခ်ဳိအိအိေလးနဲ႕မုိ႕ ပုိျပီး စားေကာင္းပါတယ္။ ပဲေကာက္ညွင္းထုပ္လည္း ပုိျပီး ႏူးအိျပီး စားလုိ႕ေကာင္းပါတယ္။

၄။ ႏွမ္းေလွာ္ကုိ ငရုတ္ဆံုထဲထည့္ျပီး ဆားေလးနည္းနည္းထည့္ျပီး မညက္တညက္ေထာင္းေပးပါ။ အုန္းသီးျခစ္ထားေပးပါေနာ္။

၅။ ၿပီးရင္ေတာ့ ေကာက္ညွင္းထုပ္ ပူပူေႏြးေႏြးေလးကုိ ငွက္ေပ်ာဖက္ေတြႏႊာျပီး အရြယ္ေတာ္ အတံုးေလးေတြျဖစ္ေအာင္ လွီး၊ အေပၚကေန ျခစ္ထားတဲ့အုန္းသီးေလးနဲ႕ ႏွမ္းေလးကုိ ျဖဴးလုိက္ပါ။ ဒါဆုိရင္ေတာ့ အနံ႕အရသာနဲ႕ ျပည့္စံုလွတဲ့ ငွက္ေပ်ာသီးေကာက္ညွင္းထုပ္နဲ႕ ပဲေကာက္ညွင္းထုပ္ စားၾကမယ္ေနာ္။

[ Unicode ]

ဖက်နံ့မွှေးမွှေးလေးနဲ့ ကောက်ညှင်းငှက်ပျောချိုချိုထုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြရအောင်နော်။ ကောက်ညှင်းထုပ်ကို ငှက်ပျောသီးနဲ့ ထုပ်ကြသလို ပဲနဲ့လည်း ထုပ်ကြပါတယ်။ ကောက်ညှင်းထုပ်ဖက်ကိုတော့ ငှက်ပျောဖက်၊ အင်ဖက်၊ ထန်းရွက်၊ ပေရွက်၊ ဆလူရွက်တို့နဲ့ ထုပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
၁။ ကောက်ညှင်း
၂။ ငှက်ပျောသီး
၃။ ပဲလွန်း အနည်းငယ်
၄။ အုန်းသီး
၅။ နှမ်းလှော်
၆။ ဆား
၇။ နှီးကြိုး
၈။ အစားအစာသုံး အရောင်မှုန့် ( အရောင်လှချင်ရင် ထည့်ပါ )

ပြုလုပ်နည်း
၁။ ကောက်ညှင်းကို ရေနဲ့ သေချာစင်အောင်ဆေးထားပြီးတော့ အနည်းဆုံး (၄) နာရီလောက်ရေစိမ်ထားပေးပါ။ ကောက်ညှင်းကို အရောင်လှချင်ရင်တော့ နှစ်သက်ရာ အစားအစာသုံး အရောင်မှုန့်အနည်းငယ်ကို ထည့်ပေးလိုက်ပါ။ ငှက်ပျောသီးကိုလည်း အခွံနွှာထားပါ။ ပဲလွန်းကိုလည်း ရေစိမ်ထားပါ။ ငှက်ပျောဖက်ကို သုံးပြီး ထုပ်မယ်လို့ ရည်ရွယ်ထားရင်လည်း ငှက်ပျောဖတ်တွေကို သန့်စင်အောင် ဆေးပြီး ရေခြောက်အောင်သုပ်ထားပေးပါ။

၂။ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ငှက်ပျောဖက်ထဲမှာ ကောက်ညှင်းကို ထည့်ပါ။ ပြီးတော့မှ ငှက်ပျောသီးအလုံးလိုက်ကို အလယ်မှာထည့်ပြီး သေချာလုံအောင် ဖက်ကို အရှည်လိုက်ထုပ်ပေးပါ။ ခပ်ကြပ်ကြပ် ခပ်တင်းတင်းလေးဖြစ်အောင် ထုပ်ပြီး နှီးကြိုးနဲ့ စည်းပေးပါနော်။ ပဲလွန်းနဲ့ ထုပ်မယ့် ကောက်ညှင်းထုပ်ဆိုရင်တော့ ပဲနဲ့ ကောက်ညှင်းကို ရောသမမွှေပြီးတော့မှ ငှက်ပျောဖက်ထဲထည့်ပြီး ကျစ်ကျစ်လျစ်လျစ်လေး ထုပ်၊ ကြိုးနဲ့စည်းပေးပါနော်။

၃။ ပြီးတော့မှ ကောက်ညှင်းထုပ်တွေကို အိုးတစ်လုံးထဲ တန်းစီထည့်၊ ရေထည့်ပြီး မီးဖိုပေါ်တင်ကာ ပြုတ်ပါ။ ပထမ တစ်ရေ ပွက်ပွက်ဆူရင် အဲ့ဒီရေတွေကို သွန်ပြီး ရေအသစ်ထည့်ပြီး တည်ပေးပါ။ အဲ့ဒီလိုနဲ့ သုံးကြိမ်ထက်မနည်း ပွက်ရေ သွန်လိုက်၊ ရေအသစ်နဲ့ပေးဆူရင်းနဲ့ လေးကြိမ်မြောက်မှာတော့ မီးလျော့ပြီး ကောက်ညှင်းထုပ်အိုးကို တည်ပေးပါနော်။ တချို့ကလည်း လေးကြိမ်မြောက် ဆူပြီးတာနဲ့ ရေနွေးအိုးထဲက ကောက်ညှင်းထုပ်တွေကို ဆယ်ယူပြီး ပေါင်းချောင်ထဲထည့်ပြီး အောက်က ရေနွေးငွေ့နဲ့ ထပ်ပြီး နှပ်ထားတတ်ပါတယ်။ အဲ့ဒါဆိုရင်တော့ ကောက်ညှင်းသား ပိုနူးနပ်ပြီး ငှက်ပျောသီးကလည်းချိုချိုအိအိလေးနဲ့မို့ ပိုပြီး စားကောင်းပါတယ်။ ပဲကောက်ညှင်းထုပ်လည်း ပိုပြီး နူးအိပြီး စားလို့ကောင်းပါတယ်။

၄။ နှမ်းလှော်ကို ငရုတ်ဆုံထဲထည့်ပြီး ဆားလေးနည်းနည်းထည့်ပြီး မညက်တညက်ထောင်းပေးပါ။ အုန်းသီးခြစ်ထားပေးပါနော်။

၅။ ပြီးရင်တော့ ကောက်ညှင်းထုပ် ပူပူနွေးနွေးလေးကို ငှက်ပျောဖက်တွေနွှာပြီး အရွယ်တော် အတုံးလေးတွေဖြစ်အောင် လှီး၊ အပေါ်ကနေ ခြစ်ထားတဲ့အုန်းသီးလေးနဲ့ နှမ်းလေးကို ဖြူးလိုက်ပါ။ ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ငှက်ပျောသီးကောက်ညှင်းထုပ်နဲ့ ပဲကောက်ညှင်းထုပ် စားကြမယ်နော်။

Ref; asianfood

106 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.