Johnny Depp ရဲ့ချစ်သူဟောင်း Vanessa Paradis ဟာ Johnny နဲ့ Amber Heard တို့ရဲ့စေ့စပ်မှုကိုဂုဏ်ပြုစကားဆိုလိုက်ပါတယ်။
Johnny နဲ့ Vanessa တို့ဟာ ၁၄ နှစ်ကြာတွဲလာခဲ့ပြီး Lily-Rose ၁၄ နှစ် နဲ့ Jack ၁၁ နှစ်အရွယ်ကလေးနှစ်ယောက်ထွန်းကားခဲ့အပြီး ၂၀၁၂ ခုနှစ်မှာပြတ်ဆဲခဲ့တာဖြစ်ပါတယ်။
Venessa Paradis ဟာ Johnny တစ်ယောက်ဇာတ်လမ်းသစ်တွေဖြစ်နေပေမယ့် ခါးသီးတဲ့ခံစားမှုတွေမရှိဘူးလို့ဆိုပါတယ်။
‘Venessa ကသူ့ကိုပျော်ရွှင်ပါစေလို့ဆုတောင်းခဲ့ပါတယ်။ ၀မ်းနည်းကြေကွဲတာမရှိပါဘူး။ သူမကစိတ်မနာပဲပျော်ရွှင်နေပါတယ်” လို့ အသက် ၄၁ နှစ်အရွယ် ပြင်သစ်မင်းသမီး Venessa နဲ့နီးစပ်သူတစ်ဦးက Us Weekly မဂ္ဂဇင်းကိုပြောပါတယ်။
Venessa နဲ့ပြန်ပြီးသိပ်မကြာသေးခင်မှာပဲ အသက် ၅၀ အရွယ် Johnny ဟာ ၂၇ နှစ်အရွယ်မင်းသမီး Amber နဲ့ သူတို့နှစ်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ Rum Diary ဇာတ်ကားရိုက်ကွင်းမှာတွေ့ပြီး ငြိခဲ့တာဖြစ်ပါတယ်။
Venessa တစ်ယောက်ကလဲ သူမရဲ့အချစ်သစ် ပြင်သစ်အဆိုတော် Benjamin Biolay နဲ့တွေ့နေပြီဖြစ်ပါတယ်။
Venessa ကိုလက်ထပ်ဖို့လိုအပ်တယ်လို့ ဘယ်တုန်းကမှမခံစားခဲ့ရကြောင်း Johnny ကမကြာသေးခင်က ၀န်ခံခဲ့ပါတယ်။
“ဒီစာရွက်ကို လိုအပ်တယ်လို့ ကျွန်တော်တစ်ခါမှ မမြင်ခဲ့ပါဘူး။ လက်ထပ်တယ်ဆိုတာ စိတ်နဲ့စိတ်၊ နှလုံးသားနဲ့နှလုံးသားချင်းပေါင်းတာပါ။ ကောင်းပြီ။ ခင်ဗျားတို့လက်ထက်ပြီးပြီ လို့ပြောတဲ့လူတစ်ယောက် ခင်ဗျားမလိုအပ်ပါဘူး” လို့ Johnny ကပြောပါတယ်။
ဒါပေမယ့်နောက်ပိုင်းမှာတော့ သူကဒီအယူအဆကို ငြင်းဆန်တာမျိုးမလုပ်ကြောင်း ပြောပြပါတယ်။
“Vanessa သာလက်ထက်ချင်မယ်ဆိုရင် ဘာလို့မဖြစ်နိုင်ရမှာလဲ။ သူမရဲ့ မျိုးရိုး/မိသားစုနာမည်နာမည် ကိုဖျက်ဆီးမိမှာကိုကြောက်နေလိမ့်မယ်။ သူမမှာ မျိုးရိုး/မိသားစုနာမည် နာမည်ကောင်းရှိတယ်လေ။
Ref:starpulse.com