အာလူးပုစွန် ပူပူလုံး ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
၁။ အာလူးပြုတ်
၂။ သန့်စင်ပြီး ပုစွန်
၃။ ကြက်ဥ ၂ လုံး
၎။ ဆား အနည်းငယ်
၅။ ငရုတ်ကောင်း အနည်းငယ်
၇။ ဆီ
ပြုလုပ်နည်း
[ Unicode ]
အာလူးကြော်မွှေးမွှေးနဲ့ ပုစွန်အသားအိအိလေးကို ပေါင်းစပ်ထားသလို ခံစားရမယ့် အရသာရှိတဲ့ အာလူးပုစွန်လုံး ပြုလုပ်ပုံအဆင့်ဆင့်ကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ အာလူးပြုတ်
၂။ သန့်စင်ပြီး ပုစွန်
၃။ ကြက်ဥ ၂ လုံး
၄။ ဆား အနည်းငယ်
၅။ ငရုတ်ကောင်း အနည်းငယ်
၆။ ပေါင်မုန့်ကြွပ် ( အကြေစလေးများဖြစ်ရန် ချေထားပါ )
၇။ ဆီ
ပြုလုပ်နည်း
၁။ အာလူးပြုတ်ကို ဆား၊ ငရုတ်ကောင်းထည့်ပီး စီးစီးလေးဖြစ်အောင် နယ်ထားပါ။
၂။ အာလူးနယ်အနည်းငယ်ကို ယူ၊ ပုဇွန်တကောင်ထည့်ပီး အလုံးလေးဖြစ်အောင် လုံးပါ။ ထိုနည်းအတိုင်း ကျန်အာလူးများကို ဆက်လုံးထားပါ။
၃။ ပြီးရင် အာလူးလုံးများကို ပေါင်မုန့်အကြေစများနဲ့ လူးပါ။
၄။ ကြက်ဥကို ခေါက်ထားပါ။ ဒယ်အိုးကို ဆီအပူပေးပီး ထိုလူးထားတဲ့ အာလူးတွေကို ကြော်ခါနီး မွှေထားတဲ့ ကြက်ဥခေါက်ထဲသို့ နှစ်ပီးကြော်ပေးပါ။
ခုဆိုရင်တော့ အချဉ်နဲ့ပဲတို့မလား၊ ဒီတိုင်းပဲ စားမလား၊ ရေနွေးကြမ်းနဲ့လား ဘယ်လိုပဲစားစား အရမ်းကောင်းတဲ့ အာလူးပုစွန်လုံးကြော်လေးကို သုံးဆောင်ကြမယ်နော်။
5K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.