ေအာင္ျမင္ဖုိ႔အတြက္ လိုအပ္ေနတဲ့အရာမ်ား

ေအာင္ျမင္ဖို႕အတြက္ဘာေတြလိုအပ္ေနတာလဲ။ ဒီမွာ ေအာင္ျမင္ေစဖို႔ ထားရွိရမယ့္ အရာေတြလာပါၿပီ။ ေအာင္ျမင္ဖို႕တစ္ေယာက္နဲ႔ တစ္ေယာက္မတူညီတဲ႔လိုအပ္ခ်က္ေတြကို ခဏဖယ္ထားလိုက္ပါ။ ေအာင္ျမင္ခ်င္တဲ႔လူတိုင္းမွာ သိရွိရမယ့္အခ်က္ (၁၀) ကို ၾကည့္လိုက္ရေအာင္။

၁။ Drive (မိမိကိုယ္ကိုတြန္းအားေပးျခင္း)
တျခားသူေတြထက္ပိုထူးခ်ြန္ျပီးေအာင္ျမင္ဖို႕ဆိုရင္ကိုယ့္ကိုယ္ကိုပိုခိုင္းပါ။တြန္းအားေပးပါ။ အလုပ္တစ္ခုျပီးတိုင္းကိုယ့္ကိုယ္ကိုဂုဏ္ယူလိုက္ပါ။ ကိုယ့္ရဲ႕ရည္မွန္းခ်က္ပန္းတိုင္ကိုခ်မွတ္ျပီးျပီဆိုရင္ အေကာင္အထည္ေဖာ္ႏိုင္ေအာင္ျကိုးစားဖို႔ ကိုယ့္ကိုယ္ကိုတြန္းအားေပးျပီးခိုင္းတတ္ပါေစ။

၂။ Self-reliance (မိမိကိုယ္ကိုအားကိုးျခင္း)
အလုပ္ေတြကိုကိုယ္တိုင္တာဝန္ယူျပီးလုပ္ျကည့္ပါ။ ခက္ခဲတဲ႔ဆံုးျဖတ္ခ်က္ေတြဆိုရင္လည္းကိုယ္တိုင္ခ်ျကည့္ပါ။ တစ္ခုပါပဲ။ ကိုယ့္အေျကာင္းကိုကိုယ္တိုင္သိဖို႕ပါပဲ။ ဆိုလိုတာကေသခ်ာတတ္ေျမာက္ဖို႕ဆိုတာကိုယ္တိုင္လုပ္ကိုင္ဖို႔နဲ႔ ကိုယ့္ကိုယ္ကိုအားကိုးသင့္တယ္ဆိုတာကို လက္ခံရပါမယ္။ ဒါမွအေတြ႕အျကံုမ်ားပါမယ္။
အေတြ႕အျကံုမ်ားမွေအာင္ျမင္ဖို႔ ႀကိဳးစားရင္းေတြ႕ျကံုရတဲ႔အခက္အခဲေတြကို ေက်ာ္လႊားႏိုင္မယ္မဟုတ္ပါလား။

၃။ Will-power (စိတ္စြမ္းအား)
ကိုယ္ျဖစ္ခ်င္တဲ႔အရာကိုျဖစ္ေအာင္လုပ္ပါ။ေရာက္ခ်င္တဲ႔ပန္းတိုင္ကိုအေရာက္သြားပါ။ ကမၻာ့အေတာ္ဆံုးနဲ႕အေအာင္ျမင္ဆံုး ပုဂၢိဳလ္ေတြကသူတို႕ရဲ႕ ပန္းတိုင္ေတြကိုေရာက္ဖို႔ တစိုက္မတ္မတ္နဲ႔ အားသြန္ခြန္စိုက္ျကိုးစားျကပါတယ္။ ”There is will, there is way” ဆိုသလိုပါပဲ။ ”လိုလ်ွင္ျကံဆနည္းလမ္းရပါတယ္။” အဓိကကကိုယ့္မွာ ေအာင္ျမင္ဖို႕အတြက္စိတ္စြမ္းအားရွိေနဖို႔ပါပဲ။

၄။ Patience (စိတ္ရွည္ျခင္း)
အရာရာတိုင္းကေတာ့ကိုယ္ျဖစ္ခ်င္သလိုကိုယ့္စိတ္တိုင္းက်ျဖစ္မလာႏိုင္ပါဘူး။တစ္ခါတစ္ေလမွာဆိုရင္အရံႈးေတြကိုပါျကံုရတတ္ပါတယ္။ရံႈးေနတဲ႔အတိုင္းမရပ္တန္႕ပစ္ပါနဲ႕။စိတ္ရွည္ရွည္နဲ႕ထားျပီးကိုယ့္ပန္းတိုင္ဆီကိုဇြဲရွိရွိနဲ႕အေရာက္သြားပါ။က်ရႈံးျပီဆိုရင္ျပန္ထပါ။ဆက္လႈပ္ရွားပါ။စိတ္ရွည္ရွည္နဲ႕ျကိုးစားတဲ႔အတြက္ေအာင္ျမင္မႈကိုမလြဲမေသပိုင္ဆိုင္ရမွာပါ။

၅။ Integrity (ကိုယ္က်င့္တရား)
ဒါကေတာ့ေျပာစရာေတာင္မလိုပါဘူး။ကိုယ္က်င့္တရားဒါမွမဟုတ္စာရိတၱမေကာင္းတဲ့သူကိုလူ႕အဖြဲ႔အစည္းကပစ္ပယ္တတ္ျကပါတယ္။ ေရွာင္က်ဥ္တတ္ျကပါတယ္။ ေရရွည္ေအာင္ျမင္မႈကိုလိုခ်င္ရင္ ”ရိိုးသားမႈဆိုတာအေကာင္းဆံုးမူ (Honesty is the best policy.)” ဆိုတာမ်ိဳးကိုလက္ကိုင္ထားရပါမယ္။ ဒါမွလူေတြလက္ခံတဲ႔ေအာင္ျမင္တဲ႔သူတစ္ေယာက္ ျဖစ္လာမွာပါ။

၆။ Passion (စိတ္ဓါတ္ျပင္းျပျခင္း)
ေအာင္ျမင္ခ်င္တယ္ဆိုရင္ေတာ့စိတ္ဓါတ္ျပင္းျပမွျဖစ္ပါမယ္။ ဘဝဆိုတာက၉၀/၁၀နိယာမပါ။၉၀ရာခိုင္ႏႈန္းက ကိုယ့္ရဲ႕စိတ္ဓါတ္ျပင္းျပမႈနဲ႕ တစ္နည္းအားျဖင့္တုန္႕ျပန္မႈနဲ႕ဆိုင္ျပီး၁၀ရာခိုင္ႏႈန္းကကိုယ္ေတြ႕ျကံုရတဲ႔အရာနဲ႕ဆိုင္ပါတယ္။ ဆိုလိုတာကကိစၥတစ္ခုကို လူတိုင္းျကံုေတြ႕ရပါမယ္။ အဲဒီလိုျကံုေတြ႕တာကေအာင္ျမင္မႈရဲ႕ ၁၀ရာခိုင္ႏႈန္းပဲရွိပါတယ္။ အဲဒီကိစၥအေပၚမွာတုန္႕ျပန္တာက ေအာင္ျမင္မႈနဲ႕၉၀ရာခိုင္ႏႈန္းသက္ဆိုင္ေနပါတယ္။ ဒါေျကာင့္ေအာင္ျမင္ဖို႕အတြက္ စိတ္ဓါတ္ျပင္းျပဖို႔လိုပါတယ္။

၇။ Connection (အဆက္အသြယ္)
ကိုယ္ကတစ္ေယာက္တည္းေနရတာမ်ိဳး ကိုယ့္အားကိုယ္ကိုးတတ္တာမ်ိဳးျဖစ္ေနတတ္ပါတယ္။ ကိုယ့္အားကိုယ္ကိုးတာကေကာင္းပါတယ္။ ဒါေပမယ့္ေနရာတကာမွာမာနထားျပီးေတာ့ သူမ်ားအကူအညီမယူခ်င္လို႕မရပါဘူး။ တျခားသူေတြနဲ႕သာအဆက္အသြယ္ရွိမယ္ဆိုရင္ ကိုယ့္အလုပ္ေတြနဲ႕ပါတ္သက္ျပီးသူတို႕ဆီက အျကံဥာဏ္ယူႏိုင္ပါတယ္။ အျမင္ေတြကိုဖလွယ္ႏိုင္ပါတယ္။ ဒီလိုဆိုရင္ေတာ့ေအာင္ျမင္ဖို႕ျကိုးစားရာမွာ အေထာက္အကူျဖစ္ေစပါျပီ။

၈။ Optimism (အေကာင္းျမင္ျခင္း)
ယံုျကည္လိုက္ပါ။ေလာကမွာေကာင္းတဲ႔အရာေတြလည္းအမ်ားျကီးရွိေသးတယ္ဆိုတာကို။တစ္ခုေလာက္က်ရံႈးရံုနဲ႕ဘဝျကီးကမျပီးဆံုးပါဘူး။က်ရံႈးတာေတြကိုျပန္အႏိုင္ယူဖို႕ကအေကာင္းျမင္ဖို႕ပါပဲ။ကိုယ့္အနာဂါတ္ကိုေအာင္ျမင္မယ္ေကာင္းမြန္မယ္လို႕ယူဆထားရင္တစ္နည္းအားျဖင့္အေကာင္းျမင္စိတ္နဲ႕ယံုျကည္လက္ခံထားရင္ျကိုးစားဖို႕အတြက္အင္အားေတြျဖစ္ေစပါတယ္။

၉။ Self-confidence(ကိုယ့္ကိုယ္ကိုယံုျကည္မႈရွိျခင္း)
ေအာင္ျမင္ဖို႕ဆိုရင္ျကိုးစားရုန္းကန္ေနရံုနဲ႕လည္းမလံုေလာက္ေသးပါဘူး။ ကိုယ့္ကိုယ္ကိုယံုျကည္မႈရွိေနဖို႔ လည္းလိုအပ္ပါေသးတယ္။ တခ်ိဳ႕ကအလုပ္သာျကိုးစားလုပ္ေနတာ ”ငါျဖစ္ႏိုင္ပါ့မလား။ငါေအာင္ျမင္ပါ့မလား” ဆိုျပီး ကိုယ့္ကိုယ္ကိုသံသယေတြျဖစ္ေနတတ္ပါတယ္။ ”ငါလုပ္ႏိုင္တယ္။ငါေအာင္ျမင္ရမယ္” ဆိုတဲ႔ယံုျကည္မႈမ်ိဳးကိုေမြးျမဴလိုက္ပါ။ ဒီလိုဆိုရင္ေအာင္ျမင္ဖို႔အတြက္ ေျခတစ္လွမ္းစလွမ္းျပီးသားျဖစ္ေနပါျပီ။

၁၀။ Communication (ေပါင္းသင္းဆက္ဆံေရး)
ေပါင္းသင္းဆက္ဆံေရးကလည္း ကိုယ့္ေအာင္ျမင္မႈအတြက္အေရးျကီးပါတယ္။ မိတ္ေဆြအေပါင္းအသင္းေတြကို အာရံုစိုက္ေပးပါ။ ဂရုစိုက္ေပးပါ။ ကိုယ္ကေပါင္းသင္းဆက္ဆံေရးေကာင္းတဲ႔ သူဆိုရင္ကိုယ့္အလုပ္အတြက္ အေပါင္းအသင္းေတြဆီကအကူအညီရေစပါတယ္။ လူေတြနဲ႕ေပါင္းသင္းဆက္ဆံတဲ႔ နည္းပရိယာယ္ေတြကိုသိေအာင္ေလ့လာရပါမယ္။ ကိုယ္ကေအာင္ျမင္ခ်င္တယ္ဆိုရင္လူေတြနဲ႔ ကင္းကင္းေနဖို႕မျဖစ္ႏိုင္လို႔ပါ။

[ Unicode ]

အောင်မြင်ဖို့အတွက်ဘာတွေလိုအပ်နေတာလဲ။ ဒီမှာ အောင်မြင်စေဖို့ ထားရှိရမယ့် အရာတွေလာပါပြီ။ အောင်မြင်ဖို့တစ်ယောက်နဲ့ တစ်ယောက်မတူညီတဲ့လိုအပ်ချက်တွေကို ခဏဖယ်ထားလိုက်ပါ။ အောင်မြင်ချင်တဲ့လူတိုင်းမှာ သိရှိရမယ့်အချက် (၁၀) ကို ကြည့်လိုက်ရအောင်။

၁။ Drive (မိမိကိုယ်ကိုတွန်းအားပေးခြင်း)
တခြားသူတွေထက်ပိုထူးချွန်ပြီးအောင်မြင်ဖို့ဆိုရင်ကိုယ့်ကိုယ်ကိုပိုခိုင်းပါ။တွန်းအားပေးပါ။ အလုပ်တစ်ခုပြီးတိုင်းကိုယ့်ကိုယ်ကိုဂုဏ်ယူလိုက်ပါ။ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုချမှတ်ပြီးပြီဆိုရင် အကောင်အထည်ဖော်နိုင်အောင်ကြိုးစားဖို့ ကိုယ့်ကိုယ်ကိုတွန်းအားပေးပြီးခိုင်းတတ်ပါစေ။

၂။ Self-reliance (မိမိကိုယ်ကိုအားကိုးခြင်း)
အလုပ်တွေကိုကိုယ်တိုင်တာဝန်ယူပြီးလုပ်ကြည့်ပါ။ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေဆိုရင်လည်းကိုယ်တိုင်ချကြည့်ပါ။ တစ်ခုပါပဲ။ ကိုယ့်အကြောင်းကိုကိုယ်တိုင်သိဖို့ပါပဲ။ ဆိုလိုတာကသေချာတတ်မြောက်ဖို့ဆိုတာကိုယ်တိုင်လုပ်ကိုင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုအားကိုးသင့်တယ်ဆိုတာကို လက်ခံရပါမယ်။ ဒါမှအတွေ့အကြုံများပါမယ်။
အတွေ့အကြုံများမှအောင်မြင်ဖို့ ကြိုးစားရင်းတွေ့ကြုံရတဲ့အခက်အခဲတွေကို ကျော်လွှားနိုင်မယ်မဟုတ်ပါလား။

၃။ Will-power (စိတ်စွမ်းအား)
ကိုယ်ဖြစ်ချင်တဲ့အရာကိုဖြစ်အောင်လုပ်ပါ။ရောက်ချင်တဲ့ပန်းတိုင်ကိုအရောက်သွားပါ။ ကမ္ဘာ့အတော်ဆုံးနဲ့အအောင်မြင်ဆုံး ပုဂ္ဂိုလ်တွေကသူတို့ရဲ့ ပန်းတိုင်တွေကိုရောက်ဖို့ တစိုက်မတ်မတ်နဲ့ အားသွန်ခွန်စိုက်ကြိုးစားကြပါတယ်။ ”There is will, there is way” ဆိုသလိုပါပဲ။ ”လိုလျှင်ကြံဆနည်းလမ်းရပါတယ်။” အဓိကကကိုယ့်မှာ အောင်မြင်ဖို့အတွက်စိတ်စွမ်းအားရှိနေဖို့ပါပဲ။

၄။ Patience (စိတ်ရှည်ခြင်း)
အရာရာတိုင်းကတော့ကိုယ်ဖြစ်ချင်သလိုကိုယ့်စိတ်တိုင်းကျဖြစ်မလာနိုင်ပါဘူး။တစ်ခါတစ်လေမှာဆိုရင်အရှုံးတွေကိုပါကြုံရတတ်ပါတယ်။ရှုံးနေတဲ့အတိုင်းမရပ်တန့်ပစ်ပါနဲ့။စိတ်ရှည်ရှည်နဲ့ထားပြီးကိုယ့်ပန်းတိုင်ဆီကိုဇွဲရှိရှိနဲ့အရောက်သွားပါ။ကျရှုံးပြီဆိုရင်ပြန်ထပါ။ဆက်လှုပ်ရှားပါ။စိတ်ရှည်ရှည်နဲ့ကြိုးစားတဲ့အတွက်အောင်မြင်မှုကိုမလွဲမသေပိုင်ဆိုင်ရမှာပါ။

၅။ Integrity (ကိုယ်ကျင့်တရား)
ဒါကတော့ပြောစရာတောင်မလိုပါဘူး။ကိုယ်ကျင့်တရားဒါမှမဟုတ်စာရိတ္တမကောင်းတဲ့သူကိုလူ့အဖွဲ့အစည်းကပစ်ပယ်တတ်ကြပါတယ်။ ရှောင်ကျဉ်တတ်ကြပါတယ်။ ရေရှည်အောင်မြင်မှုကိုလိုချင်ရင် ”ရိုးသားမှုဆိုတာအကောင်းဆုံးမူ (Honesty is the best policy.)” ဆိုတာမျိုးကိုလက်ကိုင်ထားရပါမယ်။ ဒါမှလူတွေလက်ခံတဲ့အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမှာပါ။

၆။ Passion (စိတ်ဓါတ်ပြင်းပြခြင်း)
အောင်မြင်ချင်တယ်ဆိုရင်တော့စိတ်ဓါတ်ပြင်းပြမှဖြစ်ပါမယ်။ ဘဝဆိုတာက၉၀/၁၀နိယာမပါ။၉၀ရာခိုင်နှုန်းက ကိုယ့်ရဲ့စိတ်ဓါတ်ပြင်းပြမှုနဲ့ တစ်နည်းအားဖြင့်တုန့်ပြန်မှုနဲ့ဆိုင်ပြီး၁၀ရာခိုင်နှုန်းကကိုယ်တွေ့ကြုံရတဲ့အရာနဲ့ဆိုင်ပါတယ်။ ဆိုလိုတာကကိစ္စတစ်ခုကို လူတိုင်းကြုံတွေ့ရပါမယ်။ အဲဒီလိုကြုံတွေ့တာကအောင်မြင်မှုရဲ့ ၁၀ရာခိုင်နှုန်းပဲရှိပါတယ်။ အဲဒီကိစ္စအပေါ်မှာတုန့်ပြန်တာက အောင်မြင်မှုနဲ့၉၀ရာခိုင်နှုန်းသက်ဆိုင်နေပါတယ်။ ဒါကြောင့်အောင်မြင်ဖို့အတွက် စိတ်ဓါတ်ပြင်းပြဖို့လိုပါတယ်။

၇။ Connection (အဆက်အသွယ်)
ကိုယ်ကတစ်ယောက်တည်းနေရတာမျိုး ကိုယ့်အားကိုယ်ကိုးတတ်တာမျိုးဖြစ်နေတတ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးတာကကောင်းပါတယ်။ ဒါပေမယ့်နေရာတကာမှာမာနထားပြီးတော့ သူများအကူအညီမယူချင်လို့မရပါဘူး။ တခြားသူတွေနဲ့သာအဆက်အသွယ်ရှိမယ်ဆိုရင် ကိုယ့်အလုပ်တွေနဲ့ပါတ်သက်ပြီးသူတို့ဆီက အကြံဉာဏ်ယူနိုင်ပါတယ်။ အမြင်တွေကိုဖလှယ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့အောင်မြင်ဖို့ကြိုးစားရာမှာ အထောက်အကူဖြစ်စေပါပြီ။

၈။ Optimism (အကောင်းမြင်ခြင်း)
ယုံကြည်လိုက်ပါ။လောကမှာကောင်းတဲ့အရာတွေလည်းအများကြီးရှိသေးတယ်ဆိုတာကို။တစ်ခုလောက်ကျရှုံးရုံနဲ့ဘဝကြီးကမပြီးဆုံးပါဘူး။ကျရှုံးတာတွေကိုပြန်အနိုင်ယူဖို့ကအကောင်းမြင်ဖို့ပါပဲ။ကိုယ့်အနာဂါတ်ကိုအောင်မြင်မယ်ကောင်းမွန်မယ်လို့ယူဆထားရင်တစ်နည်းအားဖြင့်အကောင်းမြင်စိတ်နဲ့ယုံကြည်လက်ခံထားရင်ကြိုးစားဖို့အတွက်အင်အားတွေဖြစ်စေပါတယ်။

၉။ Self-confidence(ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်း)
အောင်မြင်ဖို့ဆိုရင်ကြိုးစားရုန်းကန်နေရုံနဲ့လည်းမလုံလောက်သေးပါဘူး။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေဖို့ လည်းလိုအပ်ပါသေးတယ်။ တချို့ကအလုပ်သာကြိုးစားလုပ်နေတာ ”ငါဖြစ်နိုင်ပါ့မလား။ငါအောင်မြင်ပါ့မလား” ဆိုပြီး ကိုယ့်ကိုယ်ကိုသံသယတွေဖြစ်နေတတ်ပါတယ်။ ”ငါလုပ်နိုင်တယ်။ငါအောင်မြင်ရမယ်” ဆိုတဲ့ယုံကြည်မှုမျိုးကိုမွေးမြူလိုက်ပါ။ ဒီလိုဆိုရင်အောင်မြင်ဖို့အတွက် ခြေတစ်လှမ်းစလှမ်းပြီးသားဖြစ်နေပါပြီ။

၁၀။ Communication (ပေါင်းသင်းဆက်ဆံရေး)
ပေါင်းသင်းဆက်ဆံရေးကလည်း ကိုယ့်အောင်မြင်မှုအတွက်အရေးကြီးပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေကို အာရုံစိုက်ပေးပါ။ ဂရုစိုက်ပေးပါ။ ကိုယ်ကပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ သူဆိုရင်ကိုယ့်အလုပ်အတွက် အပေါင်းအသင်းတွေဆီကအကူအညီရစေပါတယ်။ လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့ နည်းပရိယာယ်တွေကိုသိအောင်လေ့လာရပါမယ်။ ကိုယ်ကအောင်မြင်ချင်တယ်ဆိုရင်လူတွေနဲ့ ကင်းကင်းနေဖို့မဖြစ်နိုင်လို့ပါ။

130 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.