နာမည္ႀကီး ၾကက္၊ဝက္ ဆုိက္ေကာ္ ျပဳလုပ္နည္း

အရသာရွိရွိေလးကိုမွ စားခ်င္ရင္ေတာ့ အခုတင္ဆက္ေပးမယ့္ ထိုင္းစတုိင္ ၾကက္ဆိုက္ေကာ္၊ ဝက္ဆိုက္ေကာ္ ကို လုပ္စားၾကည့္လိုက္ပါေနာ္။ ထိုင္းစတိုင္ ဆိုက္ေကာ္ကို ျမန္မာ့ခံတြင္းနဲ႔ကိုက္ေအာင္ ျပန္လည္ ျပဳျပင္ေပးထားပါတယ္။

ပါဝင္ပစၥည္းမ်ား
ၾကက္သား (သို႔) ဝက္သား – 500 g
ေရွာက္ဘီလူး႐ြက္ (သို႔) ေရွာက္႐ြက္ – ထမင္းစားဇြန္း ၁ ဇြန္း
နံနံပင္ – ထမင္းစားဇြန္း ၁ ဇြန္း
ၾကက္သြန္ၿမိတ္ – ထမင္းစားဇြန္း ၁ ဇြန္း
သၾကား – ထမင္းစားဇြန္းဝက္
ဆား – ထမင္းစားဇြန္းဝက္
ၾကက္ဥ – ၁ လုံး
င႐ုတ္သီးေျခာက္ – ၁၀ ေတာင့္
ပဲငံျပာရည္အေနာက္ – ထမင္းစားဇြန္းဝက္
နႏြင္းတက္ – ထမင္းစားဇြန္းဝက္
စပါးလင္ – ထမင္းစားဇြန္း ၁ ဇြန္း
ၾကက္သြန္ျဖဴ – ထမင္းစားဇြန္းဝက္
ပုဇြန္ငါးပိ – လက္ဖက္ရည္ဇြန္းဝက္
ၾကက္သြန္နီဥအေသး – ထမင္းစားဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း
၁။ ၾကက္သား (သို႔) ဝက္သားကို ေတာက္ေတာက္စင္းထားပါ။
၂။ ေရွာက္ရြက္၊ နံနံပင္၊ ၾကက္သြန္ၿမိတ္၊ နႏြင္းတက္၊ စပါးလင္၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ငရုတ္သီးေျခာက္တို႔ကို ႏုတ္ႏုတ္စင္းၿပီး ( Blender နဲ႔ ေမႊလည္း ရပါတယ္ ) ခုနက အသားနဲ႔ ေရာနယ္ပါ။ ၿပီးရင္ သၾကား၊ ဆား၊ ပဲငံျပာရည္အေနာက္၊ ပုဇြန္ငါးပိတို႔ကို ထပ္ထည့္ၿပီး နာရီဝက္ခန္႔ ႏွပ္ထားလိုက္ပါ။
၃။ ပလတ္စတစ္အၾကည္သားကို ျဖန႔္ခင္းၿပီး ခုနက ႏွပ္ထားတဲ့ အဆာကို ထည့္ပီး ဝက္အူေခ်ာင္းပုံ လိပ္ေပးပါ ( အႀကီးအေသး ႏွစ္သက္သလို လိပ္ပါ )။ အဆာကို က်စ္က်စ္လစ္လစ္လိပ္ၿပီးေနာက္ ပလတ္စတစ္အၾကည္သားကို ဖယ္ထုတ္လိုက္ရင္ ဝက္အူေခ်ာင္းပုံရပါၿပီ ။

အဆိုပါ အဆာက်စ္က်စ္လစ္လစ္ ဝက္အူေခ်ာင္းပုံကို (တုတ္ထိုးလိုက ထိုး)
ကင္ပီးရင္ အရမ္းကို အရသာရွိတဲ့ ၾကက္၊ ဝက္ဆိုက္ေကာ္ ရပါၿပီေနာ္။
(ဝက္အူေခ်ာင္းပုံ မလိပ္ခ်င္ရင္လည္း အလုံးေလးေတြ လုံးေပးၿပီး ကင္ေပးရင္လည္း ရပါတယ္)
*ဝက္အူနဲ႔ လုပ္ခ်င္ရင္ေတာ့ သြပ္မယ့္ ဝက္အူထိပ္ကို ကေတာ့တပ္ပီး အဆာေတြကို ထည့္ပီး ႏွီးနဲ႔ ထုံးပါ။ ( တခ်ိဳ႕က အစာသြပ္လိုက္ ေအာက္ဆြဲခ်လိုက္ပီး အလုံးပုံလည္း လုပ္ပါတယ္ )

[ Unicode ]

အရသာရှိရှိလေးကိုမှ စားချင်ရင်တော့ အခုတင်ဆက်ပေးမယ့် ထိုင်းစတိုင် ကြက်ဆိုက်ကော်၊ ဝက်ဆိုက်ကော် ကို လုပ်စားကြည့်လိုက်ပါနော်။ ထိုင်းစတိုင် ဆိုက်ကော်ကို မြန်မာ့ခံတွင်းနဲ့ကိုက်အောင် ပြန်လည် ပြုပြင်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်သား (သို့) ဝက်သား – 500 g
ရှောက်ဘီလူးရွက် (သို့) ရှောက်ရွက် – ထမင်းစားဇွန်း ၁ ဇွန်း
နံနံပင် – ထမင်းစားဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ် – ထမင်းစားဇွန်း ၁ ဇွန်း
သကြား – ထမင်းစားဇွန်းဝက်
ဆား – ထမင်းစားဇွန်းဝက်
ကြက်ဥ – ၁ လုံး
ငရုတ်သီးခြောက် – ၁၀ တောင့်
ပဲငံပြာရည်အနောက် – ထမင်းစားဇွန်းဝက်
နနွင်းတက် – ထမင်းစားဇွန်းဝက်
စပါးလင် – ထမင်းစားဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ – ထမင်းစားဇွန်းဝက်
ပုဇွန်ငါးပိ – လက်ဖက်ရည်ဇွန်းဝက်
ကြက်သွန်နီဥအသေး – ထမင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ ကြက်သား (သို့) ဝက်သားကို တောက်တောက်စင်းထားပါ။
၂။ ရှောက်ရွက်၊ နံနံပင်၊ ကြက်သွန်မြိတ်၊ နနွင်းတက်၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက်တို့ကို နုတ်နုတ်စင်းပြီး ( Blender နဲ့ မွှေလည်း ရပါတယ် ) ခုနက အသားနဲ့ ရောနယ်ပါ။ ပြီးရင် သကြား၊ ဆား၊ ပဲငံပြာရည်အနောက်၊ ပုဇွန်ငါးပိတို့ကို ထပ်ထည့်ပြီး နာရီဝက်ခန့် နှပ်ထားလိုက်ပါ။
၃။ ပလတ်စတစ်အကြည်သားကို ဖြန့်ခင်းပြီး ခုနက နှပ်ထားတဲ့ အဆာကို ထည့်ပီး ဝက်အူချောင်းပုံ လိပ်ပေးပါ ( အကြီးအသေး နှစ်သက်သလို လိပ်ပါ )။ အဆာကို ကျစ်ကျစ်လစ်လစ်လိပ်ပြီးနောက် ပလတ်စတစ်အကြည်သားကို ဖယ်ထုတ်လိုက်ရင် ဝက်အူချောင်းပုံရပါပြီ ။
အဆိုပါ အဆာကျစ်ကျစ်လစ်လစ် ဝက်အူချောင်းပုံကို (တုတ်ထိုးလိုက ထိုး)
ကင်ပီးရင် အရမ်းကို အရသာရှိတဲ့ ကြက်၊ ဝက်ဆိုက်ကော် ရပါပြီနော်။
(ဝက်အူချောင်းပုံ မလိပ်ချင်ရင်လည်း အလုံးလေးတွေ လုံးပေးပြီး ကင်ပေးရင်လည်း ရပါတယ်)
*ဝက်အူနဲ့ လုပ်ချင်ရင်တော့ သွပ်မယ့် ဝက်အူထိပ်ကို ကတော့တပ်ပီး အဆာတွေကို ထည့်ပီး နှီးနဲ့ ထုံးပါ။ ( တချို့က အစာသွပ်လိုက် အောက်ဆွဲချလိုက်ပီး အလုံးပုံလည်း လုပ်ပါတယ် )

Ref; asianfood

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.