ဖေဖော်ဝါရီလဖွားတို့ရဲ့ ပင်ကိုယ်ထူးခြားချက်များ
၁။ Smart ကျတယ်
၂။ ရိုးသားတယ်
၇။ စကားနည်းတယ်
[ Unicode ]
February Born လေးတွေ ရှိကြလားနော်။ အများနဲ့မတူ လူချစ်လူခင်များတဲ့ ဖေဖော်ဝါရီလဖွားလေးတွေ ပင်ကိုယ် ပိုင်ဆိုင်ထားတဲ့ စိတ်နေစိတ်ထားတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။
၁။ Smart ကျတယ်
များသောအားဖြင့် ဖေဖော်ဝါရီလမှာ မွေးတဲ့သူတွေဟာ ဘယ်လိုနေနေ smart ကျနေတဲ့အတွက် အများရဲ့ အာရုံစိုက်ခြင်းကို ခံရကြတဲ့သူတွေဖြစ်ပါတယ်။ သူများနဲ့မတူတဲ့ စတိုင်နဲ့ အသွင်အပြင်မျိုးရှိနေတဲ့အတွက် ပိုပြီးတော့ ထင်ရှားနေရခြင်းဖြစ်ပါတယ်။
၂။ ရိုးသားတယ်
အလိမ်အညာတွေကို လုံးဝမကြိုက်တဲ့သူတွေဖြစ်တာကြောင့် တစ်ခါတလေ မရည်ရွယ်ပဲပြောလိုက်တဲ့ အမှန်တရားတွေက တစ်ဖက်သားကို ဝမ်းနည်းသွားစေပါတယ်။ အဲဒါလေးကိုတော့ သတိထားလိုက်ပါနော်။
၃။ ကိုယ်ပိုင်စတိုင်ရှိတယ်
ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အမြင်တွေရှိတဲ့သူတွေဖြစ်ရုံသာမက လမ်းသစ်ဖောက်ပြီး ကိုယ်ပိုင်စတိုင်နဲ့ ဘဝကို ဖြတ်သန်းမယ့်သူတွေဖြစ်ပါတယ်။
၄။ တီထွင်ဖန်တီးမယ့်သူတွေဖြစ်တယ်
ဖေဖော်ဝါရီလမှာ မွေးတဲ့သူတွေဟာ လမ်းသစ်ဖောက်တတ်တဲ့ စွန့်ဦးတီထွင်သူတွေ ဖြစ်ပါတယ်။ ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ပြောင်မြောက်တဲ့ အရာတွေကို လုပ်ဆောင်မယ့်သူတွေ ဖြစ်ပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်နိုင်တယ်ဆိုတဲ့အရာကို အရမ်းဂုဏ်ယူတဲ့သူတွေဖြစ်ပါတယ်။
၅။ တွေးခေါ်တတ်တဲ့သူတွေဖြစ်တယ်
ကိစ္စတစ်ခုခုကို မလုပ်ခင်၊ ဆုံးဖြတ်ချက်တစ်ခုခုကိုမချခင်မှာ သေသေချာချာ အကြောင်းအကျိုးဆက်စပ်ပြီး တွေးခေါ်နိုင်တဲ့သူတွေဖြစ်ပါတယ်။ သူတစ်ပါးကို ချက်ချင်းဝေဖန်တတ်တဲ့သူတွေမဟုတ်သလို၊ သေသေချာချာ မစဉ်းစား မတွေးခေါ်ပဲနဲ့ ဘာမှလုပ်လေ့မရှိပါဘူး။
၆။ စိတ်ဆန္ဒပြင်းပြတဲ့သူတွေဖြစ်တယ်
ဖေဖော်ဝါရီလဖွားလေးတွေဟာ လုပ်ချင်တဲ့အရာကို စိတ်အားထက်သန်စွာလုပ်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့ဆန္ဒရှိတဲ့အရာတစ်ခုခုအပေါ်မှာ စိတ်ရောကိုယ်ပါနှစ်ပြီး အကောင်းဆုံးလုပ်ဆောင်တတ်ကြလို့ လုပ်သမျှတိုင်းလိုလိုမှာ အောင်မြင်မှုရရှိကြပါတယ်။
၇။ စကားနည်းတယ်
ဖေဖော်ဝါရီဖွားလေးတွေဟာ စကားနည်းပြီးငြိမ်တဲ့သူတွေများပါတယ်။ အဖွဲ့ထဲမှာ စကားအနည်းဆုံးဖြစ်ကောင်းဖြစ်မယ် ဒါပေမယ့် သူ့မှာ သူများနဲ့မတူတဲ့ အတွေးအခေါ်တွေရှိပြီး သူများတွေပြောနေတဲ့အချိန်မှာ သူကစဉ်းစားနေတာဖြစ်တာကြောင့် လျှော့တွက်လို့မရတဲ့သူတွေပါ။
Ref; feb_personalities
2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.