သင်တန်းမတက်ဘဲ အင်္ဂလိပ်စာ လေ့လာနည်း
ပထမလ
*******
ပထမလ ပြီးပါပြီ။
ဒုတိယလ
********
ဒုတိယလ ပြီးပါပြီ။
[ Unicode ]
၂ လအတွင်း သင်တန်းမတက်ဘဲ conversation English ပိုင်နိုင်မယ့် နည်းလမ်းတွေကို Trend ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။ လေ့လာကြည့်လိုက်ရအောင်။
ပထမလ
*******
ပထမ ၇ ရက်အတွင်း လုပ်ဆောင်ရန်
၁။ Myanmar to English dictionary တစ်အုပ်ဒေါင်းပါ ဖုန်းထဲထည့်ထားပါ။
၂။ မိုးလင်းမိုးချုပ် မျက်စိရှေ့ မြင်မြင်သမျှ အရာဝထ္ထုတိုင်း အင်္ဂလိပ်လို ဘယ်လိုခေါ်လဲစဉ်းစားပါ။ မသိပါက Dictionary ထဲရှာပြီး အလွတ်ကျတ်ပါ။
ဒုတိယ ၇ ရက်အတွင်း လုပ်ဆောင်ရန်
၁။ ကားစီးရင်း လမ်းလျှောက်ရင်း မြင်မြင်သမျှ ဆိုင်းဘုတ် အင်္ဂလိပ်လို ဘာသာပြန်ကြည့်ပါ။
တတိယ ၇ ရက်အတွင်း လုပ်ဆောင်ရန်
၁။ English Subtitle နဲ့ ဇတ်လမ်း ကာတွန်းကားတစ်ကား စကြည့်ပါ။ Tom and Jerry မပါ။ ပြောလိုက်တဲ့ စကားနဲ့ အောက်က ရေးထားတဲ့စာ pause လုပ်ပြီး တွဲဖတ်ပါ ။ ပြီးရင်လိုက်ပြောကြည့်ပါ။
စတုတ္ထ ၇ ရက်အတွင်း လုပ်ဆောင်ရန်
၁။ Facebook မှာ တပတ်လုံးလုံး တင်ချင်သမျှ ပို့စ်တွေ ခံစားချက်တွေ အင်္ဂလိပ်လို တင်ကြည့်ပါ။
၂။ ကြည့်နေတဲ့ ကားထဲက စကားလုံးလေးတွေ ကြိုက်ရင် ပြန်တင်ပါ။ မကျေနပ်လို့ ဘယ်သူမျက်စိနောက်နောက် အားရပါးရတင်ပါ။
ပထမလ ပြီးပါပြီ။
ဒုတိယလ
********
ပထမ ၇ရက်အတွင်း လုပ်ဆောင်ရန်
၁။ နိုင်ငံခြားသား/သူ အနည်းဆုံး ၃ ယောက် သွား add ပါ။ msg ပို့ပါ။ English စာလေ့လာနေကြောင်း ပြောပါ။ စကားစမြည် ပြောတဲ့ အကျင့်လုပ်ပါ။
ဒုတိယ ၇ ရက်အတွင်း လုပ်ဆောင်ရန်
၁။ ဝါသနာတူ သူငယ်ချင်း ၃ ယောက်ရှာပါ။ အချင်းချင်း အင်္ဂလိပ်လို နာမည်တွေပေးပြီး ဖုန်းပြောတိုင်း အင်္ဂလိပ်လို ပြောကြည့်ပါ။ သိပ်မကျွမ်းကျင်သေးရင် မြန်မာလို တဝက် အင်္ဂလိပ်လို တဝက်ပြောပါ။ ပြောဖို့အဓိက ပြောသာပြောပါ။
တတိယ ၇ ရက်အတွင်း လုပ်ဆောင်ရန်
၁။ Google သွားပါ။ life quotes လို့ ရိုက်ရှာပြီး image ကိုသွားပါ။ ပုံနဲ့ တွဲထားတဲ့ ဆောင်ပုဒ် စာတိုလေးတွေ လိုက်ဖတ်ပါ။ မသိတာတွေ ပါလာရင် Dictionary ဖွင့်ဖို့ မပျင်းပါနဲ့ ။
စတုတ္ထ ၇ ရက်အတွင်း လုပ်ဆောင်ရန်
၁။ Google သွားပါ။ English Short Stories လို့ ရိုက်ရှာပါ။ ပုံပြင် အတိုလေးတွေ စဖတ်ပါ။
၂။ ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းသွားပါ ။ Reader’s Digest လို အင်္ဂလိပ်စာအုပ် လေးတွေ အင်္ဂလိပ် မဂ္ဂဇင်း စာအုပ် အဟောင်းတွေ ဝယ်ပါ။ ခေါင်းစဉ်တွေချည်း ဖတ်ပါ။
ဒုတိယလ ပြီးပါပြီ။
အထက်ပါ ၂ လအတွင်း ၁ ရက်ကို ၂ နာရီနီးပါး နေ့စဉ် မပျက်မကွက် လေ့လာမယ်ဆိုရင်တော့ သင် conversation English ကို ပိုင်နိုင်ပြီလို့ ပြောလို့ရပါပြီ။
Ref; selfstudy
2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.