ေအာင္ျမင္ခ်မ္းသာလိုသူတိုင္း လုပ္ကိုလုပ္ရမယ့္ အဆင့္ ၅ ခု

သင့္အေနနဲ႕ ေအာင္ျမင္ခ်မ္းသာခ်င္တယ္ဆိုရင္ ေက်ာ္ျဖတ္ရမယ့္ အရာေတြအမ်ားႀကီးရွိပါတယ္။ ဒီထဲကမွ ေအာင္ျမင္ခ်မ္းသာဖို႔အတြက္ မျဖစ္မေနလုပ္ေဆာင္ရမယ့္ အဆင့္ ၅ ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အလုပ္တစ္ခု ရွာပါ
၀င္ေငြရဖို႔အတြက္ အလုပ္တစ္ခု လုပ္ရမယ္ဆိုတာ လူတိုင္းသိပါတယ္။

၂။ ၀င္ေငြရဲ႕ ဆယ္ပံုပံုတစ္ပံုကို စုေဆာင္းပါ
လူအမ်ားစုက ရတဲ့ေငြနဲ႔ မေလာက္တဲ့အတြက္ မစုႏိုင္ၾကဘူးလို႔ ထင္တဲ့အတြက္ မစုတတ္ၾကပါဘူး။ တကယ္ေတာ့ ပိုရလာရင္လည္း ပိုသံုးပစ္တတ္တာေၾကာင္း အဖတ္မတင္ပါဘူး။ ဒါ့ေၾကာင့္ ကိုယ့္အတြက္ကိုယ္ အရင္ေပးႏိုင္ေအာင္ အေလ့အက်င့္လုပ္ပါ။ ၀င္ေငြရဲ႕ (၁၀)ရာခိုင္ႏႈန္းကို မျဖစ္မေနစုေဆာင္းပါ။

၃။ ခိုလႈံႏိုင္သည္အထိ ဖန္တီးပါ
ေငြစုေဆာင္ျခင္းဟာ သင္ကိုယ္တိုင္အတြက္ အမွီျပဳခိုလႈံစရာ တည္ေဆာက္ဖန္တီးဖို႔ ျဖစ္ပါတယ္။ သင့္ရဲ႕ လစဥ္ကုန္က်စရိတ္ကို တြက္ခ်က္ၿပီး ကုန္က်စရိတ္ရဲ႕ သံုးဆကေန ေျခာက္ဆေလာက္အထိ ရသည္အထိ စုေဆာင္းပါ။ ဒီလို စုထားမယ္ဆိုရင္ အလုပ္မရွိေတာ့တဲ့အခါ၊ ဘာလုပ္ရမွန္းမသိတဲ့အခါ အေၾကြးမတင္ပဲ အနည္းဆံုး သံုးလကေန ေျခာက္လေလာက္အထိ ေအးေဆးအခ်ိန္ရႏိုင္ပါေသးတယ္။

၄။ ရင္းႏွီးျမဳပ္ႏွံပါ
သင့္အတြက္ အမွီျပဳစရာ ေငြေၾကးတစ္ခု စုေဆာင္းမိၿပီဆိုရင္လည္း ၀င္ေငြရဲ႕ (၁၀)ရာခိုင္ႏႈန္းကို ဆက္စုေဆာင္းရမွာ ျဖစ္ပါတယ္။ အတန္သင့္စုေဆာင္းမိၿပီဆို၇င္ ေငြျပန္ရႏိုင္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြလုပ္ဖို႔ ထည့္၀င္ထားပါ။ သင့္ေငြမဆံုး႐ႈံးသြားရေအာင္ေတာ့ ဆံုးျဖတ္ခ်က္မွန္ကန္ဖို႔ လိုပါတယ္။ ျပန္ရဖို႔ ေသခ်ာတဲ့ ေငြတိုးေခ်းတာ၊ အေပါင္ခံတာ စတာေတြ လုပ္လို႔ရသလို ယုံၾကည္စိတ္ခ်ရသူေတြရဲ႕ အေရာင္းအ၀ယ္လုပ္ငန္းမွာ အရင္းထည့္၀င္တာလည္း လုပ္လို႔ရပါတယ္။

၅။ ရည္မွန္းခ်က္တစ္ခု ေရြးခ်ယ္ပါ
ေျပာခဲ့တဲ့အဆင့္ေတြ အားလံုးလုပ္ၿပီးၿပီဆိုရင္ တိုးပြားလာမယ့္ သင့္ေငြေတြကို ဘာလုပ္မွာလည္း ဆံုးျဖတ္ရေတာ့မွာ ျဖစ္ပါတယ္။ သင္ ေအးေဆးအနားယူႏိုင္တဲ့အထိ ဆက္ၿပီး ရင္းႏွီးျမဳပ္ႏွံထားမွာလား ဒါမွမဟုတ္ ကုိယ္ပိုင္လုပ္ငန္းတစ္ခု ထူေထာင္မွာလား စဥ္းစားရမွာပါ။ ပထမတစ္ခုကေတာ့ အမွားကင္းေပမယ့္ အခ်ိန္ၾကာပါတယ္။ ဒုတိယတစ္ခုကေတာ့ စြန္႔စားရမွာျဖစ္ေပမယ့္ သိပ္မၾကာခင္မွာပဲ အက်ိဳးျဖစ္ထြန္းေစႏိုင္ပါတယ္။

[ Unicode ]

သင့်အနေနဲ့ အောင်မြင်ချမ်းသာချင်တယ်ဆိုရင် ကျော်ဖြတ်ရမယ့် အရာတွေအများကြီးရှိပါတယ်။ ဒီထဲကမှ အောင်မြင်ချမ်းသာဖို့အတွက် မဖြစ်မနေလုပ်ဆောင်ရမယ့် အဆင့် ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အလုပ်တစ်ခု ရှာပါ
ဝင်ငွေရဖို့အတွက် အလုပ်တစ်ခု လုပ်ရမယ်ဆိုတာ လူတိုင်းသိပါတယ်။

၂။ ဝင်ငွေရဲ့ ဆယ်ပုံပုံတစ်ပုံကို စုဆောင်းပါ
လူအများစုက ရတဲ့ငွေနဲ့ မလောက်တဲ့အတွက် မစုနိုင်ကြဘူးလို့ ထင်တဲ့အတွက် မစုတတ်ကြပါဘူး။ တကယ်တော့ ပိုရလာရင်လည်း ပိုသုံးပစ်တတ်တာကြောင်း အဖတ်မတင်ပါဘူး။ ဒါ့ကြောင့် ကိုယ့်အတွက်ကိုယ် အရင်ပေးနိုင်အောင် အလေ့အကျင့်လုပ်ပါ။ ဝင်ငွေရဲ့ (၁၀)ရာခိုင်နှုန်းကို မဖြစ်မနေစုဆောင်းပါ။

၃။ ခိုလှုံနိုင်သည်အထိ ဖန်တီးပါ
ငွေစုဆောင်ခြင်းဟာ သင်ကိုယ်တိုင်အတွက် အမှီပြုခိုလှုံစရာ တည်ဆောက်ဖန်တီးဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ လစဉ်ကုန်ကျစရိတ်ကို တွက်ချက်ပြီး ကုန်ကျစရိတ်ရဲ့ သုံးဆကနေ ခြောက်ဆလောက်အထိ ရသည်အထိ စုဆောင်းပါ။ ဒီလို စုထားမယ်ဆိုရင် အလုပ်မရှိတော့တဲ့အခါ၊ ဘာလုပ်ရမှန်းမသိတဲ့အခါ အကြွေးမတင်ပဲ အနည်းဆုံး သုံးလကနေ ခြောက်လလောက်အထိ အေးဆေးအချိန်ရနိုင်ပါသေးတယ်။

၄။ ရင်းနှီးမြုပ်နှံပါ
သင့်အတွက် အမှီပြုစရာ ငွေကြေးတစ်ခု စုဆောင်းမိပြီဆိုရင်လည်း ဝင်ငွေရဲ့ (၁၀)ရာခိုင်နှုန်းကို ဆက်စုဆောင်းရမှာ ဖြစ်ပါတယ်။ အတန်သင့်စုဆောင်းမိပြီဆိုရင် ငွေပြန်ရနိုင်တဲ့ ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ ထည့်ဝင်ထားပါ။ သင့်ငွေမဆုံးရှုံးသွားရအောင်တော့ ဆုံးဖြတ်ချက်မှန်ကန်ဖို့ လိုပါတယ်။ ပြန်ရဖို့ သေချာတဲ့ ငွေတိုးချေးတာ၊ အပေါင်ခံတာ စတာတွေ လုပ်လို့ရသလို ယုံကြည်စိတ်ချရသူတွေရဲ့ အရောင်းအဝယ်လုပ်ငန်းမှာ အရင်းထည့်ဝင်တာလည်း လုပ်လို့ရပါတယ်။

၅။ ရည်မှန်းချက်တစ်ခု ရွေးချယ်ပါ
ပြောခဲ့တဲ့အဆင့်တွေ အားလုံးလုပ်ပြီးပြီဆိုရင် တိုးပွားလာမယ့် သင့်ငွေတွေကို ဘာလုပ်မှာလည်း ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။ သင် အေးဆေးအနားယူနိုင်တဲ့အထိ ဆက်ပြီး ရင်းနှီးမြုပ်နှံထားမှာလား ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်မှာလား စဉ်းစားရမှာပါ။ ပထမတစ်ခုကတော့ အမှားကင်းပေမယ့် အချိန်ကြာပါတယ်။ ဒုတိယတစ်ခုကတော့ စွန့်စားရမှာဖြစ်ပေမယ့် သိပ်မကြာခင်မှာပဲ အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။

Ref; success

157 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.