အိပ္ေရးပ်က္တဲ့ဒဏ္ကို ဘယ္လို ကုစားၾကမလဲ

ညဘက္အိပ္ေရးပ်က္ေပမယ့္ ေနာက္တစ္ေန႔ လုပ္စရာေတြ လန္းလန္းဆန္းဆန္း၊ တက္တက္ၾကြၾကြအလုပ္လုပ္ႏိုင္ေစတဲ့ နည္းလမ္းေတြကို Trend ပရိသတ္ႀကီးအတြက္ စုစည္းေဖာ္ျပလိုက္ပါတယ္။

၁။ ေရမ်ားမ်ားေသာက္ပါ
ေရမ်ားမ်ားေသာက္ေလ လန္းဆန္းတက္ၾကြေလပါပဲ။ ဒါ့အျပင္ ေရေသာက္မ်ားရင္ အေပါ့သြားတာလည္း မ်ားတဲ့အတြက္ လႈပ္ရွားတက္ၾကြေနေစၿပီး အိပ္ငိုက္ေတာ့မွာ မဟုတ္ပါဘူး။

၂။ ေသြးလည္ပတ္မႈ ေကာင္းပါေစ
ေလ့က်င့္ခန္းေတြက ခႏၶာကိုယ္စြမ္းအင္ကို ျမွင့္တင္ေပးၿပီး ေသြးလည္ပတ္မႈအတြင္း အန္ဒရီလိုင္းပမာဏကိုလည္း တိုးပြားေစတာေၾကာင့္ ဇီ၀ကမၼျဖစ္စဥ္ကို အရွိန္ျမွင့္တင္ေပးႏိုင္ပါတယ္။

၃။ အစားမၾကဴးပါနဲ႕
အစားအစာေတြ အမ်ားႀကီးစားတာ၊ အစားမ်ားတာကို ေရွာင္က်ဥ္ပါ။ ႏွံစားသီးႏွံေတြ၊ သစ္သီးေတြ၊ ဟင္းသီးဟင္းရြက္၊ ဒိန္ခ်ဥ္၊ ၾကက္သား၊ ငါးစတာေတြ စားသံုးတာကေတာ့ သင့္ကို လန္းဆန္းေစႏိုင္ပါတယ္။

၄။ အျပင္ထြက္ပါ
ေနေရာင္ျခည္မွာပါ၀င္တဲ့ ဗီတာမင္ ဒီ နဲ႔ ဘီ တို႔က ေန႔လည္ေန႔ခင္းအိပ္ငိုက္တာကို ဆန္႔က်င္ေပးပါတယ္။ ကိုယ္ခံအားစနစ္ကိုလည္း အားျဖစ္ေစတဲ့အတြက္ အိပ္ေရးမ၀လို႔ ကိုယ္ခံအားစနစ္အားနည္းတဲ့ ျပႆနာကိုလည္း ေျဖရွင္းၿပီးသားျဖစ္သြားေစပါတယ္။ ဒါ့အျပင္ ေလေကာင္းေလသန္႔နဲ႔ ပတ္၀န္းက်င္ျမင္ကြင္းေျပာင္းလဲမႈက သင့္စိတ္ကို လန္းဆန္းေစမွာျဖစ္ပါတယ္။

၅။ ေရခ်ိဳးလိုက္ပါ
ေရေအးနဲ႔ ေရခ်ိဳးတာက ခႏၶာကိုယ္ကို လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ အလုပ္ထဲမွာဆိုရင္ ေရခဲေရနဲ႔ မ်က္ႏွာသစ္တာမ်ိဳး၊ လက္ေကာက္၀တ္နဲ႔ နားထင္ေတြမွာ ေရခဲတံုးေလးေတြ ကပ္ေပးတာမ်ိဳးလုပ္ႏိုင္ပါတယ္။

၆။ အေျပာင္းအလဲလုပ္ပါ
ပံုမွန္လုပ္႐ုိးလုပ္စဥ္ေတြအတိုင္း လုပ္ေဆာင္ေနမယ္ဆိုရင္ လန္းဆန္းေနႏိုင္မွာမဟုတ္ပါဘူး။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ဟာသေတြေျပာတာပဲျဖစ္ျဖစ္၊ ဂိမ္းကစားတာပဲျဖစ္ျဖစ္၊ အေျပာင္းအလဲတစ္ခုခုလုပ္ေဆာင္မယ္ဆိုရင္ ပင္ပန္းေနခ်ိန္မွာေတာင္မွ အလုပ္ေကာင္းေကာင္းလုပ္ေနႏိုင္မွာ ျဖစ္ပါတယ္။

၇။ ပီေက၀ါးပါ
ပီေက၀ါးတာက အိပ္ခ်င္စိတ္ကို ေလ်ာ့ပါးေစတယ္လို႔ သုေတသီေတြက ေလ့လာေတြ႕ရွိခဲ့ပါတယ္။ ဒါ့ေၾကာင့္ အိပ္ငိုက္လာၿပီဆိုရင္ ပီေကတစ္ခုေကာက္၀ါးၿပီး လုပ္စရာေတြကို ဆက္လက္လုပ္ေဆာင္လုိက္ပါ။

[ Unicode ]

ညဘက်အိပ်ရေးပျက်ပေမယ့် နောက်တစ်နေ့ လုပ်စရာတွေ လန်းလန်းဆန်းဆန်း၊ တက်တက်ကြွကြွအလုပ်လုပ်နိုင်စေတဲ့ နည်းလမ်းတွေကို Trend ပရိသတ်ကြီးအတွက် စုစည်းဖော်ပြလိုက်ပါတယ်။

၁။ ရေများများသောက်ပါ
ရေများများသောက်လေ လန်းဆန်းတက်ကြွလေပါပဲ။ ဒါ့အပြင် ရေသောက်များရင် အပေါ့သွားတာလည်း များတဲ့အတွက် လှုပ်ရှားတက်ကြွနေစေပြီး အိပ်ငိုက်တော့မှာ မဟုတ်ပါဘူး။

၂။ သွေးလည်ပတ်မှု ကောင်းပါစေ
လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်စွမ်းအင်ကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုအတွင်း အန်ဒရီလိုင်းပမာဏကိုလည်း တိုးပွားစေတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို အရှိန်မြှင့်တင်ပေးနိုင်ပါတယ်။

၃။ အစားမကြူးပါနဲ့
အစားအစာတွေ အများကြီးစားတာ၊ အစားများတာကို ရှောင်ကျဉ်ပါ။ နှံစားသီးနှံတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်၊ ဒိန်ချဉ်၊ ကြက်သား၊ ငါးစတာတွေ စားသုံးတာကတော့ သင့်ကို လန်းဆန်းစေနိုင်ပါတယ်။

၄။ အပြင်ထွက်ပါ
နေရောင်ခြည်မှာပါဝင်တဲ့ ဗီတာမင် ဒီ နဲ့ ဘီ တို့က နေ့လည်နေ့ခင်းအိပ်ငိုက်တာကို ဆန့်ကျင်ပေးပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်း အားဖြစ်စေတဲ့အတွက် အိပ်ရေးမဝလို့ ကိုယ်ခံအားစနစ်အားနည်းတဲ့ ပြဿနာကိုလည်း ဖြေရှင်းပြီးသားဖြစ်သွားစေပါတယ်။ ဒါ့အပြင် လေကောင်းလေသန့်နဲ့ ပတ်ဝန်းကျင်မြင်ကွင်းပြောင်းလဲမှုက သင့်စိတ်ကို လန်းဆန်းစေမှာဖြစ်ပါတယ်။

၅။ ရေချိုးလိုက်ပါ
ရေအေးနဲ့ ရေချိုးတာက ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ အလုပ်ထဲမှာဆိုရင် ရေခဲရေနဲ့ မျက်နှာသစ်တာမျိုး၊ လက်ကောက်ဝတ်နဲ့ နားထင်တွေမှာ ရေခဲတုံးလေးတွေ ကပ်ပေးတာမျိုးလုပ်နိုင်ပါတယ်။

၆။ အပြောင်းအလဲလုပ်ပါ
ပုံမှန်လုပ်ရိုးလုပ်စဉ်တွေအတိုင်း လုပ်ဆောင်နေမယ်ဆိုရင် လန်းဆန်းနေနိုင်မှာမဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဟာသတွေပြောတာပဲဖြစ်ဖြစ်၊ ဂိမ်းကစားတာပဲဖြစ်ဖြစ်၊ အပြောင်းအလဲတစ်ခုခုလုပ်ဆောင်မယ်ဆိုရင် ပင်ပန်းနေချိန်မှာတောင်မှ အလုပ်ကောင်းကောင်းလုပ်နေနိုင်မှာ ဖြစ်ပါတယ်။

၇။ ပီကေဝါးပါ
ပီကေဝါးတာက အိပ်ချင်စိတ်ကို လျော့ပါးစေတယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် အိပ်ငိုက်လာပြီဆိုရင် ပီကေတစ်ခုကောက်ဝါးပြီး လုပ်စရာတွေကို ဆက်လက်လုပ်ဆောင်လိုက်ပါ။

Ref; insomnia

215 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.