မိန်းကလေးများကိုသာ ပြောရသော သီးသန့်ဘာသာစကားများ
၈။ ပုံတုံးအမျိုးသမီးတွေကိုက ခေတ်မမှီဘူး’အက်ထရက်ရှင်မရှိဘူးလို့မပြောရပါဘူး”အိနြေ္ဒရတယ်”လို့ပြောရပါတယ်။
[ Unicode ]
အမျိုးသမီးတွေနဲ့ တွေ့ပြီဆိုရင် စကားအပြောအဆိုက အရမ်းအရေးပါပါတယ်။ ဟုတ်တာ မဟုတ်တာ အသာထား။ သူတို့ သဘောကျတဲ့ စကားသာ ပြောဆိုပြီး အပီချုပ်လိုက်ပါ။ ဒါတွေကတော့အမျိုးသမီးတွေနဲ့တွေ့တဲ့အခါ သုံးရတဲ့သီးသန့်အသုံးအနှုံး ဖြစ်ပါတယ်။
၁။ ‘ဝလာတဲ့မိန်းကလေးကိုဖောလာတယ် ယောင်ကိုင်းနေရော’ စသည်ပြောဆိုခြင်းမှရှောင်ကျဉ်ပြီး
‘ပြည့်လာတယ်နော်’ လို့သုံးရပါတယ်။
၂။ ‘ပိန်’သွားတဲ့ မိန်းကလေးကို ‘ချောင်ကလောင်နေတာပဲနော်’အရိုးဂေါက်ဂက်နဲ့’
စသည်ဖြင့်ပြောဆိုခြင်းကိုရှောင်ကျဉ်ရပြီး”သွယ်သွယ်လေးနော်” လို့ ပြောရပါတယ်။
၃။ အရပ်ပုတဲ့မိန်းကလေးတွေကို’ဂျပု’ လူစဉ်မမှီဘူး’လို့မပြောပဲ”ရင်ခွင်မှီအရပ်”လို့ပြောရပါမယ် ။
၄။ အရပ်ရှည်တဲ့ မိန်းကလေးတွေကို’လောရှည်’အရှည်ကြီး ပြောမဲ့အစား’အင်တာနေရှင်နယ် အရပ်”လို့ပြောင်းသုံးပါ။
၅။ အသားမဲတဲ့မိန်းကလေးကို’ငမဲမ ‘မဲတူးလို့ပြောမဲ့အစား’ညိုချောလေး’လို့ပြောပေးပါ။
၆။ လက်မောင်းကြီးနှစ်လုံးထဲကွက်တုတ်နေသူကို ဗလကြီး အဆီတုံးကြီးလို့မပြောပဲ ‘ဆင်စွယ်လက်မောင်း’လို့ပြောပေးပါ ။
၇။ ပျံလန်နေအောင်ဝတ်ဆင်ထားတဲ့ မိန်းကလေးကို ‘ဆတ်ဆလူး’ ဆတ်ကော့လတ်ကော့နဲ့’လို့သုံးမဲ့အစား”ခေတ်ဆန်တယ်”လို့ပြောပေးရပါတယ် ။
၈။ ပုံတုံးအမျိုးသမီးတွေကိုက ခေတ်မမှီဘူး’အက်ထရက်ရှင်မရှိဘူးလို့မပြောရပါဘူး”အိန္ဒြေရတယ်”လို့ပြောရပါတယ်။
၉။ ရုပ်ဆိုးတဲ့မိန်းကလေးတွေက ‘ရုပ်မလှဘူး’ကြည့်မကောင်းဘူး’လို့ မပြောပါနဲ့။ တည်ငြိမ်တယ် ‘ခန့်ထည်တယ်’ လို့ပြောရပါတယ်။
၁၀။ ဖျတ်ဖျတ်လူးနေတဲ့မိန်းကလေးတွေကိုမြင်ရင် ‘အရမ်းနံ့တာပဲ ‘ဂနာကိုမငြိမ်ဘူးလို့မပြောရပါဘူး
“သွက်လက်ချက်ချာတယ်”လို့ဆိုရပါတယ်။
၁၁။ ခပ်အအမိန်းကလေးကိုမြင်တဲ့အခါ တုံးတုံးအအကြီးလို့မပြောရပါဘူး”ရိုးသားသူလေး”လို့ပြောရပါတယ်။
Ref;myanmarnovels
213 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.