ဒီဓာတ်ပုံတွေကို ကြည့်လိုက်ရသူတွေအဖို့ တခြားကမ္ဘာမှာ သွားရောက်ရိုက်ယူထားသလားလို့ ကို ထင်ရပါတယ်။ တကယ်တမ်းတော့ ဒီဓာတ်ပုံတွေဟာ ကမ္ဘာ့အအေးဆုံးမြို့ မှာ သွားရောက် ရိုက်ကူးခဲ့တာပါ။
အပူချိန် အနုတ် ၄၅ ဒီဂရီ စင်တီဂရိတ်ကို ရောက်ရှိနေတဲ့ ဆိုက်ဘေးရီးယား က ယာကွတ်စ်မြို့ မှာ နေထိုင်သူ နှစ်သိန်းခွဲကျော် ရှိပါတယ်။ မြို့ တစ်ခုလုံးမှာ အသက်အန္တရာယ်များတဲ့ ရေခဲပန်းဆွဲတွေ၊ ရေခဲစိုင်တွေနဲ့  ပြည့်နှက်နေပြီး အရာအားလုံးအေးခဲလျက်ရှိပါတယ်။ ဒီမြို့ ဟာ လီနာမြစ်ရဲ့ ကမ်းပါးမှာ တည်ဆောက်ထားတာ ဖြစ်ပြီး အာတိတ်စက်ဝိုင်းကနေ မိုင် ၂၈၀ သာ ကွာဝေးပါတယ်။ ရာသီဥတုကတော့ အလွန်ဆိုးဝါးတဲ့ အခြေအနေမှာ ရှိပါတယ်။ သွေးခဲမတတ်အေးလှတဲ့ မြို့ ဖြစ်ပေမယ့် တခြားနိုင်ငံက မြို့ ကြီးတွေလိုပဲ ဒီမြို့ ဟာ စည်စည်ကားကားနဲ့ လူသူမပြတ်ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ မြို့  ပါ။ တကယ်လို့ သာ ရထားလမ်းကြောင်း မရှိဘူးဆိုရင်တော့ ဒီမြို့ ဟာ အာရှတိုက်တစ်တိုက်လုံးနဲ့  အဆက်အသွယ်ဖြတ်ခံထားရသလို ဖြစ်နေမှာဖြစ်ပြီး အထီးကျန်ဆုံးမြို့ တစ်မြို့ ဖြစ်နေမှာပါ။ ဒါကြောင့်လည်း ဒီမြို့ ကို ၁၆၀၀ ပြည့်နှစ်တွေတုန်းက တခြားနိုင်ငံက ရာဇ၀တ်သားတွေ၊ထောင်သားတွေကို ဒီမှာ ထားခဲ့တာဖြစ်ပါတယ်။ “တံခါးမရှိတဲ့ထောင်” ဆိုပြီး ထင်ရှားနာမည်ကြီးခဲ့ပါတယ်။
ဒါပေမယ့် ဒီနေ့ ခေတ်မှာတော့ ယာကွတ်စ်မြို့ ဟာ အံ့အားသင့်ဂုဏ်ယူစရာကောင်းလောက်အောင် ချမ်းသာကြွယ်ဝတဲ့ မြို့ တစ်မြို့ ဖြစ်လာခဲ့ပါပြီ။ ဘာဖြစ်လို့ လည်းဆိုတော့ ဒီမြို့ မှာ ထာဝရမကုန်ခမ်းနိုင်တဲ့ စိန်နဲ့  ရွှေ အရင်းအမြစ်တွေ ရှိလို့ ပါ။ ဒါတင်မကသေးဘူး ဒီမြို့ ရဲ့ အေးခဲနေတဲ့ကြမ်းပြင်အောက်မှာ ရေနံဆီနဲ့ ဂတ်စ် အရင်းအမြစ်တွေ အများအပြား ရှိပါတယ်။ ဒီအရင်းအမြစ်တွေဟာ ယာကွတ်စ်မြို့ က လူတွေအတွက် ဒီလောက်အေးခဲနေတဲ့ ရာသီဥတုမှာ အနွေးဓာတ် ရရှိဖို့ အကောင်းဆုံး လောင်စာတွေဖြစ်ပါတယ်။
နာမည်ကျော်ဓာတ်ပုံဆရာ အမို့ စ်ချက်ပယ်လ်က အောက်မှာဖော်ပြထားတဲ့ ရင်သပ်ရှုမောစရာ ဓာတ်ပုံတွေကို လွန်ခဲ့တဲ့ ရက်က ရိုက်ကူးခဲ့ပါတယ်။
Ref: Mirror.com