ေအာင္ျမင္ေနသူတို႔ရဲ႕ ေအာင္ျမင္ေရးနည္းလမ္းမ်ား

လူတိုင္း မေအာင္ျမင္ၾကပါဘူး။ ေအာင္ျမင္သူေတြက လူေတြထဲက လူေတြပဲဆိုေပမယ့္ သူမတူတဲ့ အေလ့အထေတြကို ပိုင္ဆိုင္ထားၾကပါတယ္။ ဒါေၾကာင့္ ေအာင္ျမင္သူေတြ က်င့္သံုးတဲ့ ေအာင္ျမင္ေရးနည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ေအာက္ပါ အခ်က္မ်ားကိုဂ႐ုတစိုက္လိုက္နာက်င့္သုံးယုံမွ်ျဖင့္ ေအာင္ျမင္သူတစ္ေယာက္ျဖစ္ႏိုင္ပါလိမ့္မယ္။ အဓိကေအာင္ျမင္ျခင္စိတ္ျပင္းျပထက္သန္ဖို႔ပါပဲ။

၁။ အအိပ္ေလွ်ာ့ပါ။
သင့္ဘဝမွာ သင္ကိုယ္တိုင္လုပ္ႏိုင္တဲ့ အဖိုးတန္ရင္းႏွီးျမႇဳပ္ႏွံမႈဟာ အိပ္စက္ျခင္းပါပဲ။ လူအမ်ားစုဟာ အိပ္ခ်ိန္ ၆ နာရီထက္ပိုမလိုပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အမ်ားစုကေတာ့ အိပ္တာေလးပဲ ဇိမ္ခံစရာရွိတာ ဆိုတဲ့လြဲမွားတဲ့ ဆင္ေျခစကားေတြနဲ႔ ကိုယ့္ဘဝ ကိုယ္ႏွစ္ေနၾကသူေတြမ်ား ပါတယ္။ အိပ္ခ်ိန္ေလွ်ာ့ခ်ျခင္းအားျဖင့္ ကိုယ္စီထုတ္လုပ္ႏိုင္စြမ္းေတြတိုးလာ ၿပီး ဆုလာဘ္ေတြလည္းရလာမွာမလြဲပါဘူး။ တစ္ေန႔ကို တစ္နာရီအိပ္ယာက ေစာထျခင္းကို ၂၁ ရက္အၾကာ ေလ့က်င့္လိုက္မယ္ဆို သင့္ဘဝမွာ ေကာင္းတဲ့အေျပာင္းအလဲ အေလ့အထ တစ္ခုကို ရရွိသြားပါ လိမ့္မယ္။ အိပ္စက္ျခင္းဟာ အိပ္ခ်ိန္နဲ႔မဆိုင္ပဲ ေကာင္းမြန္ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ျခင္းနဲ႔သာဆိုင္တယ္ဆိုတာမေမ့ပါနဲ႔။
တစ္ေန႔တစ္နာရီ ေလွ်ာ့အိပ္မယ္ဆို တစ္လမွာ နာရီပို ၃၀ ထြက္လာမယ္။ အဲဒီ နာရီ ၃၀ ဟာ သင့္ဘဝကို ေျပာင္းလဲဖို႔ တိုးတက္ဖို႔ လုံေလာက္တဲ့အခ်ိန္ေတြ ဆိုတာ မေမ့ပါနဲ႔။
ေနာက္ရက္ေတြမွာ က်န္တဲ့ နည္းလမ္းေတြကို ဆက္လက္တင္ေပးသြားမွာမို႔ ေစာင့္ေမွ်ာ္အားေပးၾကပါဦး။

၂။ ေန႔စဥ္နံနက္ခင္းအစတစ္နာရီကိုမိမိစြမ္းရည္တိုးတက္ေစေရးအတြက္ အသုံးျပဳပါ
တရားထိုင္ျခင္း၊ တစ္ေန႔တာလုပ္ရမည့္လုပ္ငန္းစဥ္မ်ားအတြက္ႀကိဳတင္စဥ္းစားျခင္း၊ စိတ္ဓါတ္ခြန္အားတိုးပြားေစေသာစာမ်ားဖတ္ျခင္းစသည္တို႔ကိုလုပ္ေဆာင္ပါ။ ထိုၿငိမ္သက္တိတ္ဆိတ္ေသာမနက္ခင္းအခ်ိန္ကေလးကိုသင့္ ခႏၶာႏွင့္ စိတ္ဓါတ္ခြန္အားတိုးပြားေစေရးအတြက္အသုံးျပဳၿပီးအက်ိဳးရွိေစမည့္ေန႔သစ္တစ္ခုကိုစတင္ပါ။ တစ္ပတ္တစ္ႀကိမ္ေလာက္ ေနထြက္လာသည္ကိုေစာင့္ၾကည့္ၿပီးသဘာဝတရား၏စြမ္းအင္မ်ားကိုစားသုံးပါ။

၃။ အေရးမပါေသာအေသးအဖြဲကိစၥမ်ားအတြက္အခ်ိန္မၿဖဳန္းမိပါေစႏွင့္
ေန႔တိုင္းမိမိပိုင္အခ်ိန္ႏွင့္စြမ္းအင္မ်ားကိုအက်ိဳးရွိရွိ အသုံးခ်ႏိုင္ျခင္းရွိမရွိ ကိုယ့္ဘာသာျပန္လွန္စစ္ေဆးပါ။ အခ်ိန္ကိုစနစ္က် စီမံခန႔္ခြဲျခင္းသည္ ဘဝကိုစနစ္တက်စီမံခန႔္ခြဲျခင္းပင္ျဖစ္သည္။ ထို႔ေၾကာင့္သင့္ အခ်ိန္မ်ားကိုဂ႐ုတစိုက္စီမံခန႔္ခြဲပါ။

၄။ အျပဳသေဘာေဆာင္အေတြးမ်ားေမြးဖြားလာေစရန္ (Rubber Band Method) ကိုသုံးပါ
အပ်က္ျမင္ျခင္း၊ အဆိုးကိုႀကိဳတင္ပူပန္ျခင္း၊ သူတစ္ပါးေပၚအၿမဲတန္းအျပစ္ျမင္ေနျခင္းစသည္တို႔သည္ ေအာင္ ျမင္မႈကို ႀကီးစြာေသာအေႏွာက္ယွက္ျပဳသည့္ အက်င့္ဆိုးမ်ားျဖစ္ေပသည္။ ထိုအက်င့္ဆိုးမ်ားပေပ်ာက္သြားေစရန္ သင့္လက္ေကာက္ဝတ္(သို႔) ခါးတြင္ သားေရပတ္ႀကိဳးတစ္ခုကိုပတ္ထားၿပီးအပ်က္မ်ားအဆိုးမ်ားသူတစ္ ပါးေပၚမနာလိုဝန္တိုျငဴစူျခင္းမ်ားအေတြးထဲသို႔ဝင္လာေသာအခါတိုင္းသားေရပတ္ႀကိဳးကိုဆြဲယူလႊတ္ေပးပါ။ နာက်င္မႈေဝဒနာကိုခံစားရဖန္မ်ားေသာ္ မေကာင္းေသာအက်င့္ အပ်က္ျမင္ျခင္းအျပစ္တင္ျခင္းအေလ့ဆိုးမ်ားကြယ္ေပ်ာက္ၿပီးအေကာင္းျမင္စိတ္ (Positive Mindset) ကိုရရွိလာပါလိမ့္မည္။

၅။ ဖုန္းေျပာေသာအခါတိုင္းစိတ္အားထက္သန္မႈ တစ္ဖက္လူအေပၚ ေလးစားေဖာ္ေ႐ြမႈကိုျပပါ
ဖုန္းေျပာေသာေလ့အထေကာင္းသည္လဲေအာင္ျမင္လိုသူတိုင္းအတြက္အေရးႀကီးပါသည္။ အျခားသူကိုယ္စားေဆာင္႐ြက္ဖြယ္ကိစၥရပ္မ်ားကိုဖုန္းမွတစ္ဆင့္ေျပာဆိုစရာရွိလွ်င္ မတ္တပ္ရပ္ၿပီးေျပာပါ။ ထိုအခါ သင့္အသံသည္ ကိုယ့္ကိုကိုယ္ ပို၍ယုံၾကည္မႈရွိေသာေလသံေပါက္လာေပလိမ့္မည္။

၆။ သင့္လွ်ပ္တစ္ပ်က္အေတြးမ်ားကိုမွတ္တမ္းတင္ထားႏိုင္ရန္ျပင္ဆင္ထားပါ
လူတို႔၏အေတြ႕အႀကဳံမ်ားမွ ႐ုတ္တရက္ထြက္ေပၚလာတတ္ေသာအေတြးသစ္မ်ားမွာတန္ဖိုးမျဖတ္ႏိုင္ေအာင္ အဖိုးတန္ လြန္းလွေပရာထိုအေတြးမ်ိဳးကိုေပၚလာသည့္အခ်ိန္တြင္မွတ္တမ္းတင္ထားပါမွ လိုသလိုအသုံးခ် ႏိုင္မည္ျဖစ္သည္။ ထို႔ေၾကာင့္ လိပ္စာကဒ္အ႐ြယ္ စာ႐ြက္ပိုင္းေလးမ်ားကိုပိုက္ဆံအိပ္ထဲတြင္ထည့္ထားၿပီးသင့္ လွ်ပ္တစ္ပ်က္စိတ္ကူးစိတ္သန္းေကာင္းမ်ားကိုမွတ္တမ္းတင္ထားၿပီးျပန္လွန္စဥ္းစားသုံးသပ္ အသုံးျပဳႏိုင္ ေအာင္ စီစဥ္ထားပါ။

၇။ တနဂဟၤေႏြညေနခင္းတိုင္းကိုကိုယ္ပိုင္အားလပ္ခ်ိန္အျဖစ္ထားၿပီးတစ္ပတ္စာအားျဖည့္ပါ
အလြန္အေရးႀကီးေသာလုပ္ငန္းေဆာင္တာမ်ားမရွိလွ်င္ တနဂၤေႏြညေနခင္းမ်ားကိုကိုယ္ပိုင္အားလပ္ခ်ိန္အျဖစ္ သတ္မွတ္အနားယူရင္းတစ္ပတ္အတြင္းေဆာင္႐ြက္ခဲ့သမွ် ကိစၥအဝဝကို ျပန္လွန္စဥ္းစားသုံးသပ္ၿပီးလာမည့္ သီတင္းပတ္အတြက္ အေကာင္းျဖစ္ေအာင္လုပ္ေဆာင္ႏိုင္ရန္ႀကိဳးစားပါ။

၈။ အမ်ားႏွင့္ဆက္ဆံေရးေျပျပစ္ေကာင္းမြန္ပါေစ
သင့္ဘဝတိုးတက္ေအာင္ျမင္ေရးသည္ သင္ႏွင့္တစ္ပါးသူတို႔၏ ေပါင္းသင္းဆက္ဆံေရးေပၚတြင္လုံးဝတည္ရွိေနေၾကာင္းသေပါေပါက္ပါေစ။ ေျပျပစ္ေသာေပါင္းသင္းဆက္ဆံေရးသည္ သင့္ဘဝေအာင္ျမင္ေရး၏အဓိကေသာ့ တစ္ေခ်ာင္းပင္ျဖစ္ပါသည္။

၉။ ရည္႐ြယ္ခ်က္အတိုင္းအေကာင္အထည္ေဖာ္ပါ၊ ေရစုန္ေမ်ာမေနပါေစႏွင့္
လုပ္ငန္းတစ္ခုလုပ္ေဆာင္ရာတြင္စိတ္အားထက္သန္စြာလုပ္ေဆာင္ပါ။ ေငြရလိုမႈ နာမည္ေက်ာ္ၾကားလိုမႈမ်ားကိုေရွ႕တန္းမတင္ပါႏွင့္။ လုပ္ရမည့္အလုပ္ကိုလိုလိုခ်င္ခ်င္ စိတ္ပါလက္ပါလုပ္ျခင္း ျဖင့္ေငြေၾကးေက်ာ္ၾကားမႈတို႔ သည္ အလိုအေလွ်ာက္ကြၽဲကူးေရပါ လိုက္ပါလာမည္ျဖစ္သျဖင့္ အလုပ္ကိုလုပ္ခ်င္ေသာစိတ္တစ္ခုတည္းျဖင့္ သာေသေသခ်ာခ်ာလုပ္ပါေလ။

၁၀။ ၿပဳံးရယ္ပါ
မနက္ခင္းတိုင္းမွန္ေရွ႕တြင္ ငါးမိနစ္ခန႔္ အားပါးတရ ၿပဳံးရယ္လိုက္ပါ။ အူလႈိက္သည္းလႈိက္ရယ္ေမာျခင္းသည္ ခႏၶာကိုယ္တြင္းဇီဝဓါတုျဖစ္စဥ္မ်ားကိုအက်ိဳးႀကီးစြာျဖစ္ထြန္းေစေၾကာင္းသုေတသီတို႔ကဆိုပါသည္။ရယ္ေမာျခင္းသည္ခႏၶာကိုယ္အတြင္းဇီဝဓါတိုထိန္းညႇိမႈကိုျဖစ္ေပၚေစၿပီးစြမ္းအင္မ်ားထြက္ေပၚလာေစပါသည္။ ေလးႏွစ္ အ႐ြယ္ကေလးငယ္တစ္ေယာက္သည္ တစ္ေန႔ပ်မ္းမွ်အႀကိမ္ငါးရာေလာက္ရယ္ေမာေလ့ရွိၿပီးအ႐ြယ္ေရာက္ၿပီးသူမ်ားမွာ ၁၅ ႀကိမ္ခန႔္ရယ္ေမာေလ့ရွိသည္ဆို၏။ ရယ္ေမာျခင္းသည္ ခႏၶာကိုယ္အတြက္ သာမကစိတ္ဓါတ္ခြန္ အားပါတိုးပြားေစသည္ျဖစ္ရာရယ္ေမာဖို႔မေမံပါႏွင့္။

[ Unicode ]

လူတိုင်း မအောင်မြင်ကြပါဘူး။ အောင်မြင်သူတွေက လူတွေထဲက လူတွေပဲဆိုပေမယ့် သူမတူတဲ့ အလေ့အထတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါကြောင့် အောင်မြင်သူတွေ ကျင့်သုံးတဲ့ အောင်မြင်ရေးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ အောက်ပါ အချက်များကိုဂရုတစိုက်လိုက်နာကျင့်သုံးယုံမျှဖြင့် အောင်မြင်သူတစ်ယောက်ဖြစ်နိုင်ပါလိမ့်မယ်။ အဓိကအောင်မြင်ခြင်စိတ်ပြင်းပြထက်သန်ဖို့ပါပဲ။

၁။ အအိပ်လျှော့ပါ။
သင့်ဘဝမှာ သင်ကိုယ်တိုင်လုပ်နိုင်တဲ့ အဖိုးတန်ရင်းနှီးမြှုပ်နှံမှုဟာ အိပ်စက်ခြင်းပါပဲ။ လူအများစုဟာ အိပ်ချိန် ၆ နာရီထက်ပိုမလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အများစုကတော့ အိပ်တာလေးပဲ ဇိမ်ခံစရာရှိတာ ဆိုတဲ့လွဲမှားတဲ့ ဆင်ခြေစကားတွေနဲ့ ကိုယ့်ဘဝ ကိုယ်နှစ်နေကြသူတွေများ ပါတယ်။ အိပ်ချိန်လျှော့ချခြင်းအားဖြင့် ကိုယ်စီထုတ်လုပ်နိုင်စွမ်းတွေတိုးလာ ပြီး ဆုလာဘ်တွေလည်းရလာမှာမလွဲပါဘူး။ တစ်နေ့ကို တစ်နာရီအိပ်ယာက စောထခြင်းကို ၂၁ ရက်အကြာ လေ့ကျင့်လိုက်မယ်ဆို သင့်ဘဝမှာ ကောင်းတဲ့အပြောင်းအလဲ အလေ့အထ တစ်ခုကို ရရှိသွားပါ လိမ့်မယ်။ အိပ်စက်ခြင်းဟာ အိပ်ချိန်နဲ့မဆိုင်ပဲ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းနဲ့သာဆိုင်တယ်ဆိုတာမမေ့ပါနဲ့။
တစ်နေ့တစ်နာရီ လျှော့အိပ်မယ်ဆို တစ်လမှာ နာရီပို ၃၀ ထွက်လာမယ်။ အဲဒီ နာရီ ၃၀ ဟာ သင့်ဘဝကို ပြောင်းလဲဖို့ တိုးတက်ဖို့ လုံလောက်တဲ့အချိန်တွေ ဆိုတာ မမေ့ပါနဲ့။
နောက်ရက်တွေမှာ ကျန်တဲ့ နည်းလမ်းတွေကို ဆက်လက်တင်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦး။

၂။ နေ့စဉ်နံနက်ခင်းအစတစ်နာရီကိုမိမိစွမ်းရည်တိုးတက်စေရေးအတွက် အသုံးပြုပါ
တရားထိုင်ခြင်း၊ တစ်နေ့တာလုပ်ရမည့်လုပ်ငန်းစဉ်များအတွက်ကြိုတင်စဉ်းစားခြင်း၊ စိတ်ဓါတ်ခွန်အားတိုးပွားစေသောစာများဖတ်ခြင်းစသည်တို့ကိုလုပ်ဆောင်ပါ။ ထိုငြိမ်သက်တိတ်ဆိတ်သောမနက်ခင်းအချိန်ကလေးကိုသင့် ခန္ဓာနှင့် စိတ်ဓါတ်ခွန်အားတိုးပွားစေရေးအတွက်အသုံးပြုပြီးအကျိုးရှိစေမည့်နေ့သစ်တစ်ခုကိုစတင်ပါ။ တစ်ပတ်တစ်ကြိမ်လောက် နေထွက်လာသည်ကိုစောင့်ကြည့်ပြီးသဘာဝတရား၏စွမ်းအင်များကိုစားသုံးပါ။

၃။ အရေးမပါသောအသေးအဖွဲကိစ္စများအတွက်အချိန်မဖြုန်းမိပါစေနှင့်
နေ့တိုင်းမိမိပိုင်အချိန်နှင့်စွမ်းအင်များကိုအကျိုးရှိရှိ အသုံးချနိုင်ခြင်းရှိမရှိ ကိုယ့်ဘာသာပြန်လှန်စစ်ဆေးပါ။ အချိန်ကိုစနစ်ကျ စီမံခန့်ခွဲခြင်းသည် ဘဝကိုစနစ်တကျစီမံခန့်ခွဲခြင်းပင်ဖြစ်သည်။ ထို့ကြောင့်သင့် အချိန်များကိုဂရုတစိုက်စီမံခန့်ခွဲပါ။

၄။ အပြုသဘောဆောင်အတွေးများမွေးဖွားလာစေရန် (Rubber Band Method) ကိုသုံးပါ
အပျက်မြင်ခြင်း၊ အဆိုးကိုကြိုတင်ပူပန်ခြင်း၊ သူတစ်ပါးပေါ်အမြဲတန်းအပြစ်မြင်နေခြင်းစသည်တို့သည် အောင် မြင်မှုကို ကြီးစွာသောအနှောက်ယှက်ပြုသည့် အကျင့်ဆိုးများဖြစ်ပေသည်။ ထိုအကျင့်ဆိုးများပပျောက်သွားစေရန် သင့်လက်ကောက်ဝတ်(သို့) ခါးတွင် သားရေပတ်ကြိုးတစ်ခုကိုပတ်ထားပြီးအပျက်များအဆိုးများသူတစ် ပါးပေါ်မနာလိုဝန်တိုငြူစူခြင်းများအတွေးထဲသို့ဝင်လာသောအခါတိုင်းသားရေပတ်ကြိုးကိုဆွဲယူလွှတ်ပေးပါ။ နာကျင်မှုဝေဒနာကိုခံစားရဖန်များသော် မကောင်းသောအကျင့် အပျက်မြင်ခြင်းအပြစ်တင်ခြင်းအလေ့ဆိုးများကွယ်ပျောက်ပြီးအကောင်းမြင်စိတ် (Positive Mindset) ကိုရရှိလာပါလိမ့်မည်။

၅။ ဖုန်းပြောသောအခါတိုင်းစိတ်အားထက်သန်မှု တစ်ဖက်လူအပေါ် လေးစားဖော်ရွေမှုကိုပြပါ
ဖုန်းပြောသောလေ့အထကောင်းသည်လဲအောင်မြင်လိုသူတိုင်းအတွက်အရေးကြီးပါသည်။ အခြားသူကိုယ်စားဆောင်ရွက်ဖွယ်ကိစ္စရပ်များကိုဖုန်းမှတစ်ဆင့်ပြောဆိုစရာရှိလျှင် မတ်တပ်ရပ်ပြီးပြောပါ။ ထိုအခါ သင့်အသံသည် ကိုယ့်ကိုကိုယ် ပို၍ယုံကြည်မှုရှိသောလေသံပေါက်လာပေလိမ့်မည်။

၆။ သင့်လျှပ်တစ်ပျက်အတွေးများကိုမှတ်တမ်းတင်ထားနိုင်ရန်ပြင်ဆင်ထားပါ
လူတို့၏အတွေ့အကြုံများမှ ရုတ်တရက်ထွက်ပေါ်လာတတ်သောအတွေးသစ်များမှာတန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန် လွန်းလှပေရာထိုအတွေးမျိုးကိုပေါ်လာသည့်အချိန်တွင်မှတ်တမ်းတင်ထားပါမှ လိုသလိုအသုံးချ နိုင်မည်ဖြစ်သည်။ ထို့ကြောင့် လိပ်စာကဒ်အရွယ် စာရွက်ပိုင်းလေးများကိုပိုက်ဆံအိပ်ထဲတွင်ထည့်ထားပြီးသင့် လျှပ်တစ်ပျက်စိတ်ကူးစိတ်သန်းကောင်းများကိုမှတ်တမ်းတင်ထားပြီးပြန်လှန်စဉ်းစားသုံးသပ် အသုံးပြုနိုင် အောင် စီစဉ်ထားပါ။

၇။ တနဂင်္ဟနွေညနေခင်းတိုင်းကိုကိုယ်ပိုင်အားလပ်ချိန်အဖြစ်ထားပြီးတစ်ပတ်စာအားဖြည့်ပါ
အလွန်အရေးကြီးသောလုပ်ငန်းဆောင်တာများမရှိလျှင် တနင်္ဂနွေညနေခင်းများကိုကိုယ်ပိုင်အားလပ်ချိန်အဖြစ် သတ်မှတ်အနားယူရင်းတစ်ပတ်အတွင်းဆောင်ရွက်ခဲ့သမျှ ကိစ္စအဝဝကို ပြန်လှန်စဉ်းစားသုံးသပ်ပြီးလာမည့် သီတင်းပတ်အတွက် အကောင်းဖြစ်အောင်လုပ်ဆောင်နိုင်ရန်ကြိုးစားပါ။

၈။ အများနှင့်ဆက်ဆံရေးပြေပြစ်ကောင်းမွန်ပါစေ
သင့်ဘဝတိုးတက်အောင်မြင်ရေးသည် သင်နှင့်တစ်ပါးသူတို့၏ ပေါင်းသင်းဆက်ဆံရေးပေါ်တွင်လုံးဝတည်ရှိနေကြောင်းသပေါပေါက်ပါစေ။ ပြေပြစ်သောပေါင်းသင်းဆက်ဆံရေးသည် သင့်ဘဝအောင်မြင်ရေး၏အဓိကသော့ တစ်ချောင်းပင်ဖြစ်ပါသည်။

၉။ ရည်ရွယ်ချက်အတိုင်းအကောင်အထည်ဖော်ပါ၊ ရေစုန်မျောမနေပါစေနှင့်
လုပ်ငန်းတစ်ခုလုပ်ဆောင်ရာတွင်စိတ်အားထက်သန်စွာလုပ်ဆောင်ပါ။ ငွေရလိုမှု နာမည်ကျော်ကြားလိုမှုများကိုရှေ့တန်းမတင်ပါနှင့်။ လုပ်ရမည့်အလုပ်ကိုလိုလိုချင်ချင် စိတ်ပါလက်ပါလုပ်ခြင်း ဖြင့်ငွေကြေးကျော်ကြားမှုတို့ သည် အလိုအလျှောက်ကျွဲကူးရေပါ လိုက်ပါလာမည်ဖြစ်သဖြင့် အလုပ်ကိုလုပ်ချင်သောစိတ်တစ်ခုတည်းဖြင့် သာသေသေချာချာလုပ်ပါလေ။

၁၀။ ပြုံးရယ်ပါ
မနက်ခင်းတိုင်းမှန်ရှေ့တွင် ငါးမိနစ်ခန့် အားပါးတရ ပြုံးရယ်လိုက်ပါ။ အူလှိုက်သည်းလှိုက်ရယ်မောခြင်းသည် ခန္ဓာကိုယ်တွင်းဇီဝဓါတုဖြစ်စဉ်များကိုအကျိုးကြီးစွာဖြစ်ထွန်းစေကြောင်းသုတေသီတို့ကဆိုပါသည်။ရယ်မောခြင်းသည်ခန္ဓာကိုယ်အတွင်းဇီဝဓါတိုထိန်းညှိမှုကိုဖြစ်ပေါ်စေပြီးစွမ်းအင်များထွက်ပေါ်လာစေပါသည်။ လေးနှစ် အရွယ်ကလေးငယ်တစ်ယောက်သည် တစ်နေ့ပျမ်းမျှအကြိမ်ငါးရာလောက်ရယ်မောလေ့ရှိပြီးအရွယ်ရောက်ပြီးသူများမှာ ၁၅ ကြိမ်ခန့်ရယ်မောလေ့ရှိသည်ဆို၏။ ရယ်မောခြင်းသည် ခန္ဓာကိုယ်အတွက် သာမကစိတ်ဓါတ်ခွန် အားပါတိုးပွားစေသည်ဖြစ်ရာရယ်မောဖို့မမေံပါနှင့်။

Ref; successlife

137 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.