ခနုံထုပ်ပြုလုပ်နည်း


အဆာလုပ်ရန်
-ကြက်သား ၅၀ဝ ဂရမ်
-ဆား ၁ဇွန်း (အချိုဇွန်း)
-ကြက်သွန်နီ ၁ကီလို
-ကြက်သွန်ဖြူ ၁၀ဝ ဂရမ်
-ဂျင်း ၅၀ ဂရမ်

ပြုလုပ်နည်း

-ဘဲဥ (သို့) ကြက်ဥ ၈ လုံး
-ရေ ၂၀ဝ မီလီမီတာ
ပြီးလျှင် တချပ်ဆီယူပြီး အဆာအနဲငယ်ကို တင်ပြီး ကြော်ပန့်လိပ်သလို လိပ်ပါ။

[ Unicode ]

ခနုံထုပ်ကို ဆန်းဆန်းလေး စားချင်ပါတယ်ဆိုတဲ့သူများအတွက် အရမ်းစားလို့ကောင်းတဲ့ ခနုံထုပ်အိအိလေး လုပ်နည်းကို တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

အဆာလုပ်ရန်
-ကြက်သား ၅၀ဝ ဂရမ်
-ဆား ၁ဇွန်း (အချိုဇွန်း)
-အသားမှုန့် ၁ဇွန်း(စားပွဲတင်)
-ကြာညို့ ၁ဇွန်း(စားပွဲတင်)
-ကြက်သွန်နီ ၁ကီလို
-ကြက်သွန်ဖြူ ၁၀ဝ ဂရမ်
-ဂျင်း ၅၀ ဂရမ်

ပြုလုပ်နည်း
နုတ်နုတ်စင်းထားသော အသားများကို ဆား၊ အသားမှုန့်တို့ဖြင့်နယ်ထားပါ။
ကြက်သွန်နီ၊ ဖြူ ၊ဂျင်းတို့ကိုနုတ်နုတ်စင်းပြီး ဆီအနယ်ငယ်ဖြင့်ကြော်ပါ။ ကြက်သွန် နွမ်းလာရင် အသား ထဲ့ပြီး ရေမကျန်အောင် ခြောက်နေအောင်ကြော်ပါ။ ဆီခြောက်ခြောက်လေးဖြစ်နေရပါမယ်နော်။

အဆာ အဆင်သင့်ဖြစ်ပြီဆိုတော့ ဘဲဥကြော်မယ်နော်
-ဘဲဥ (သို့) ကြက်ဥ ၈ လုံး
-ရေ ၂၀ဝ မီလီမီတာ
-ဂျုံး ၆ဇွန်း (စားပွဲတင်)
-ဆား ဇွန်းဝက် (အချိုဇွန်း)
-ဆနွမ်း အနဲငယ် (သို့) အစားအစာသုံးအရောင် ( နှစ်သက်ရာ ) ၆စက်
၆ လက်မပတ်လည် အိုးကိုဆီပါးပါးလေးသုပ်ပြီး ကြက်ဥဝိုင်းပြားလေးများကြော်ပါမယ်။ အရည် အနဲငယ်ကို လောင်းထဲ့ပြီး ဒယ်အိုးကို အလိုက်သင့်လှည့်ပေးပါ။
အချပ်ဝိုင်းလေးတွေရပါမယ်.ပြီးလျှင်တဖက်လှန်ပါ..
ပုဂံပြားတခုမှာထပ်ထားလိုက်ပါ…
ပြီးလျှင် တချပ်ဆီယူပြီး အဆာအနဲငယ်ကို တင်ပြီး ကောြ်ပန့်လိပ်သလို လိပ်ပါ။
အလိပ်အရှည် ၃လက်မ ( သို့ ) ၃လက်မ ခွဲအရွယ်ရှိပါတယ်။
လုံးပတ်က ဝ.၈ လက်မ လောက်ပဲရှိပါတယ်. ကြိုက်နှစ်သက်ရာ အချဉ်ဖြင့်တွဲစားလို့ ရပါပြီနော်။

Ref; asianfood

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.