ချစ်သူ သဝန်တိုပြီး ပိုချစ်လာအောင် လုပ်နည်း
၃။ သူစိတ်မချအောင်
၅။ အလှပြင်ပါ
[ Unicode ]
ချစ်သူအချင်းချင်း သဝန်တိုပြီး အရမ်းချစ်လာဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းလေးတွေ Trend ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်တယ်နော်။ ဖတ်ကြည့်လိုက်ပါဦး။
၁။ ချက်ချင်း စာမပြန်ပါနဲ့
သူစာပို့တဲ့အခါမှာ ချက်ချင်းကြီး စာပြန်တာမျိုး မလုပ်ပါနဲ့။ တစ်ခါတလေပေါ့။ တစ်ခါတလေ ချက်ချင်းစာမပြန်တာမျိုးဆိုရင် သူ့ဘက်က ကိုယ်ဘာတွေလုပ်နေလဲ၊ ဘယ်သူနဲ့ ရှိနေမလဲဆိုတာတွေ တွေးပြီး သဝန်တိုလာပါလိမ့်မယ်။
၂။ သူမကြိုက်တဲ့အရာတွေ လုပ်ကြည့်ပါ
သူမကြိုက်တဲ့ အရာလေးတွေ နည်းနည်း လုပ်ကြည့်ပါ။ နောက်တစ်ယောက်နဲ့ ရှုုပ်တာမျိုးတော့ မဟုတ်ဘူးနော်။ သူမကြိုက်တဲ့ ကိစ္စသေးသေးလေးတွေ လုပ်ကြည့်ပေါ့။ နည်းနည်းဆန့်ကျင်လာတယ်ဆိုရင် ချစ်သူက သဝန်တိုလာမှာပဲလေနော်။ ဒါဆိုရင် ပိုလည်းအချစ်ခံရမှာပါ။
၃။ သူစိတ်မချအောင်
သူ့စိတ်ထဲမှာ ကလိကလိ သဝန်တိုလာအောင် လုပ်ချင်တယ်ဆိုရင်တော့ သူ နည်းနည်းလေး စိတ်မချအောင် လိုင်းပေါ်မှာ အမြဲရှိနေကျ အချိန်မှာ လိုင်းပေါ်မှာ မရှိတာမျိုးပေါ့။ ဒါဆိုရင်တော့ ပုံမှန်ရှိနေရာကနေ ဘာလို့ မရှိတာလဲဆိုပြီး နည်းနည်းတော့ စိတ်မချ သဝန်တိုတာတွေ ဖြစ်လာနိုင်ပါတယ်။
၄။ သူငယ်ချင်းတွေကို အချိန်ပေးပါ
ချစ်သူက အရေးကြီးသလို သူငယ်ချင်းတွေကိုလည်း ဂရုစိုက်ဖို့ လိုတယ်ဆိုတဲ့ သဘောပေ့ါ။ မိန်းကလေးသူငယ်ချင်း၊ ယောကျ်ားလေး သူငယ်ချင်း (၂) မျိုးစလုံးနဲ့ အပြင်သွားတာ၊ မုန့်စားတာ၊ မုန့်စားတာမျိုး လုပ်ပါ။ ဒါဆိုရင်တော့ သူ့ကို အရင်လို ဂရုမစိုက်တော့မှာစိုးပြီး သဝန်တွေတိုလာမှာ သေချာပါတယ်။
၅။ အလှပြင်ပါ
ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ်ကိုယ့်ချစ်သူကို ခုတလော အရမ်းလှချင်လာတဲ့အကြောင်း၊ ယောင်္ကျားလေးဆိုလည်း smart ဖြစ်အောင် နေချင်ကြောင်း ပြောပါ။ အဲဒါဆိုရင် ချစ်သူက သူဘာလို့လှချင်တာလဲ၊ နောက်တစ်ယောက်များ ရှိနေပြီလား၊ အစရှိသလိုလေးတွေ တွေးပြီး ကိုယ့်ကို ပိုဂရုစိုက်၊ ပိုသဝန်တိုလာပါလိမ့်မယ်။
Ref; rsgoals
335 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.