ငိုေၾကြးျခင္းျဖင့္ ရရွိလာမယ့္ အက်ိဳးေက်းဇူး ၆ ခု

သင့္ရင္ထဲမွာ စိတ္ခံစားမႈေတြ မ်ားၿပီး နာက်င္လြန္းေနရင္ က်ိတ္မွိတ္ မ်ိဳသိပ္ မထားပါနဲ႔။ ငိုခ်လိုက္ပါ။ငိုတယ္ဆိုတာဟာ လူသားတိုင္း ႐ုတ္တရက္ျဖစ္ေပၚလာတဲ့ စိတ္ခံစားခ်က္အလိုက္ အလိုအေလေလ်ာက္ခႏၶာကိုယ္က တုံ႔ျပန္တဲ့ တုံ႔ျပန္ခ်က္တစ္ခုပါပဲ။ သိပၸံနည္းက်ေ ေလ့လာေတြ႔ရွိမႈအရကေတာ့ ငိုေၾကြးျခင္းျဖင့္ ေအာက္ပါအက်ိဳးေက်းဇူး ၆ မ်ိဳးကို ရရွိလာပါတယ္လို႔ ဆိုထားပါတယ္။

၁။ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးတယ္
ငိုေႂကြးျခင္းက စိတ္ေပါ့ပါး သြားေစ႐ုံတင္ မကပါဘူး။ ခႏၶာကိုယ္ကိုလည္း သန႔္ရွင္းေစ ပါတယ္။ စိတ္ဖိစီးမႈေတြ မ်ားလာရင္ ေကာ္တီေစာလ္ေဟာ္မုန္း ျမင့္တက္လာၿပီး ခႏၶာကိုယ္ အတြင္းမွာ ဓာတုအဆိပ္အေတာက္ေတြ ျဖစ္ေစပါတယ္။ ငိုေႂကြးတဲ့ အခါမွာ စိတ္ဖိစီးမႈေတြ ေလ်ာ့က် သြားတာေၾကာင့္ ဒီ အဆိပ္အေတာက္ေတြကို အလိုလို ဖယ္ရွား ေပးလိုက္သလို ျဖစ္သြားပါတယ္ ။

၂။ ဘက္တီးရီးယားေတြကို ေသေစႏိုင္တယ္
မ်က္ရည္ထဲမွာ လိုင္ဆိုဇိုင္းမ္ (lysozyme) လို႔ ေခၚတဲ့ အင္ဇိုင္းမ္တစ္မ်ိဳး ပါဝင္ပါ တယ္။ အဲဒီ အင္ဇိုင္းဟာ လူ႔ခႏၶာကိုယ္ကေန ထြက္တဲ့ ႏို႔ရည္၊ အဆီ၊ အက်ိအခြၽဲနဲ႔ တံေတြးေတြမွာလည္း ပါဝင္ၿပီး ၁ဝမိနစ္အတြင္းမွာ ဘက္တီးရီးယား ၉၅ % ေလာက္ ကို ေသေစႏိုင္ပါ တယ္။

၃။ အျမင္အာ႐ုံကို ပိုမို ေကာင္းမြန္ေစတယ္
မ်က္လုံးအေျမႇးပါးေလးေတြ ေျခာက္ေနတဲ့ အခါမွာ အျမင္အာ႐ုံေတြ ေဝဝါး လာတတ္ပါ တယ္။ လာခရီမယ္ဂလင္း (lacrimal gland) ကေန ထြက္လာတဲ့ မ်က္ရည္ဟာ မ်က္လုံးနဲ႔ မ်က္ခြံ ၾကားမွာ ေခ်ာဆီအျဖစ္ ေဆာင္႐ြက္ေပးပါတယ္ ။ ဒါေၾကာင့္ မ်က္ရည္ေတြနဲ႔ ငိုၿပီးတဲ့ အခါမွာ မ်က္လုံးေလးေတြ ပိုၿပီး ၾကည္လင္ေနတတ္တာေပါ့ ။

၄။ စိတ္ခံစားမႈကို ေကာင္းမြန္ေစတယ္
ငိုေႂကြးျခင္းက စိတ္နာက်င္ေလးလံမႈေတြကို ေလ်ာ့က်ေစၿပီး စိတ္ကို ေပါ့ပါး ေစပါတယ္။ စိုးရိမ္စိတ္ေတြ မ်ားၿပီး စိတ္ထဲမွာ မြန္းၾကပ္ေနသူေတြဟာ ငိုေႂကြးျခင္းရဲ႕ ေကာင္းက်ိဳးကို မသိတဲ့သူ ၊ အငိုမလြယ္တဲ့သူေတြ ျဖစ္ၾကတယ္လို႔ သိရပါတယ္ ။

၅။ စိတ္ဖိစီးမႈေတြကို ေလ်ာ့က် ေစတယ္
ငိုေႂကြးတဲ့အခါမွာ ခႏၶာကိုယ္မွာရွိတဲ့ အဆိပ္အေတာက္ေတြနဲ႔ စိတ္ဖိစီးမႈ ျဖစ္ေစတဲ့ ေဟာ္မုန္းေတြကို ဖယ္ရွားေပးပါတယ္။ ငိုေႂကြးျခင္းက စိတ္ဖိစီးမႈေတြကို ဖယ္ရွားႏိုင္မယ့္ အထိေရာက္ဆုံး နည္းလမ္းတစ္ခု ျဖစ္ပါတယ္ ။

၆။ ဆက္ႏြယ္မႈကို ျမႇင့္တင္ေပးတယ္
တစ္ခါတေလမွာ ႏႈတ္ကေန ထုတ္မေျပာျဖစ္တဲ့ ခံစားမႈေတြကို မ်က္ရည္ကေန တဆင့္ ေဖာ္ျပၾကပါတယ္။ ခ်စ္သူေတြ ၾကားမွာပဲ ျဖစ္ျဖစ္၊ မိသားစုဝင္ေတြ၊ သူငယ္ခ်င္းေတြ ၾကားမွာပဲ ျဖစ္ျဖစ္ ငိုေႂကြးတဲ့အခါမွာ တစ္ေယာက္ရဲ႕ စိတ္ထဲမွာ ဘယ္လိုခံစားခ်က္ေတြ ရွိေနလဲ ဆိုတာကို တစ္ဖက္လူက နားလည္ႏိုင္ပါတယ္။ မ်က္ရည္မက်ဘဲ မ်ိဳသိပ္ထားရင္ ၾကာလာတဲ့အခါမွာ ဆက္ဆံေရးေတြ ပ်က္ျပား ေစႏိုင္ပါတယ္ ။

ဒါေၾကာင့္ ခံစားေနရတဲ့ ေသာကေတြကို မ်က္ရည္ေတြနဲ႔ အတူ ေမ်ာခ်လိုက္ပါ။ ငိုလို႔ ဝၿပီဆိုရင္ေတာ့ မ်က္ရည္ေတြကို သုတ္လိုက္ၿပီး ေရွ႕ဆက္ရမယ့္ အနာဂတ္အတြက္ အားေမြးလိုက္ပါ။

[ Unicode ]

သင့်ရင်ထဲမှာ စိတ်ခံစားမှုတွေ များပြီး နာကျင်လွန်းနေရင် ကျိတ်မှိတ် မျိုသိပ် မထားပါနဲ့။ ငိုချလိုက်ပါ။ငိုတယ်ဆိုတာဟာ လူသားတိုင်း ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်အလိုက် အလိုအလေလျောက်ခန္ဓာကိုယ်က တုံ့ပြန်တဲ့ တုံ့ပြန်ချက်တစ်ခုပါပဲ။ သိပ္ပံနည်းကျေ လေ့လာတွေ့ရှိမှုအရကတော့ ငိုကြွေးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူး ၆ မျိုးကို ရရှိလာပါတယ်လို့ ဆိုထားပါတယ်။

၁။ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်
ငိုကြွေးခြင်းက စိတ်ပေါ့ပါး သွားစေရုံတင် မကပါဘူး။ ခန္ဓာကိုယ်ကိုလည်း သန့်ရှင်းစေ ပါတယ်။ စိတ်ဖိစီးမှုတွေ များလာရင် ကော်တီစောလ်ဟော်မုန်း မြင့်တက်လာပြီး ခန္ဓာကိုယ် အတွင်းမှာ ဓာတုအဆိပ်အတောက်တွေ ဖြစ်စေပါတယ်။ ငိုကြွေးတဲ့ အခါမှာ စိတ်ဖိစီးမှုတွေ လျော့ကျ သွားတာကြောင့် ဒီ အဆိပ်အတောက်တွေကို အလိုလို ဖယ်ရှား ပေးလိုက်သလို ဖြစ်သွားပါတယ် ။

၂။ ဘက်တီးရီးယားတွေကို သေစေနိုင်တယ်
မျက်ရည်ထဲမှာ လိုင်ဆိုဇိုင်းမ် (lysozyme) လို့ ခေါ်တဲ့ အင်ဇိုင်းမ်တစ်မျိုး ပါဝင်ပါ တယ်။ အဲဒီ အင်ဇိုင်းဟာ လူ့ခန္ဓာကိုယ်ကနေ ထွက်တဲ့ နို့ရည်၊ အဆီ၊ အကျိအချွဲနဲ့ တံတွေးတွေမှာလည်း ပါဝင်ပြီး ၁ဝမိနစ်အတွင်းမှာ ဘက်တီးရီးယား ၉၅ % လောက် ကို သေစေနိုင်ပါ တယ်။

၃။ အမြင်အာရုံကို ပိုမို ကောင်းမွန်စေတယ်
မျက်လုံးအမြှေးပါးလေးတွေ ခြောက်နေတဲ့ အခါမှာ အမြင်အာရုံတွေ ဝေဝါး လာတတ်ပါ တယ်။ လာခရီမယ်ဂလင်း (lacrimal gland) ကနေ ထွက်လာတဲ့ မျက်ရည်ဟာ မျက်လုံးနဲ့ မျက်ခွံ ကြားမှာ ချောဆီအဖြစ် ဆောင်ရွက်ပေးပါတယ် ။ ဒါကြောင့် မျက်ရည်တွေနဲ့ ငိုပြီးတဲ့ အခါမှာ မျက်လုံးလေးတွေ ပိုပြီး ကြည်လင်နေတတ်တာပေါ့ ။

၄။ စိတ်ခံစားမှုကို ကောင်းမွန်စေတယ်
ငိုကြွေးခြင်းက စိတ်နာကျင်လေးလံမှုတွေကို လျော့ကျစေပြီး စိတ်ကို ပေါ့ပါး စေပါတယ်။ စိုးရိမ်စိတ်တွေ များပြီး စိတ်ထဲမှာ မွန်းကြပ်နေသူတွေဟာ ငိုကြွေးခြင်းရဲ့ ကောင်းကျိုးကို မသိတဲ့သူ ၊ အငိုမလွယ်တဲ့သူတွေ ဖြစ်ကြတယ်လို့ သိရပါတယ် ။

၅။ စိတ်ဖိစီးမှုတွေကို လျော့ကျ စေတယ်
ငိုကြွေးတဲ့အခါမှာ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေနဲ့ စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်းတွေကို ဖယ်ရှားပေးပါတယ်။ ငိုကြွေးခြင်းက စိတ်ဖိစီးမှုတွေကို ဖယ်ရှားနိုင်မယ့် အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ် ။

၆။ ဆက်နွယ်မှုကို မြှင့်တင်ပေးတယ်
တစ်ခါတလေမှာ နှုတ်ကနေ ထုတ်မပြောဖြစ်တဲ့ ခံစားမှုတွေကို မျက်ရည်ကနေ တဆင့် ဖော်ပြကြပါတယ်။ ချစ်သူတွေ ကြားမှာပဲ ဖြစ်ဖြစ်၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ ကြားမှာပဲ ဖြစ်ဖြစ် ငိုကြွေးတဲ့အခါမှာ တစ်ယောက်ရဲ့ စိတ်ထဲမှာ ဘယ်လိုခံစားချက်တွေ ရှိနေလဲ ဆိုတာကို တစ်ဖက်လူက နားလည်နိုင်ပါတယ်။ မျက်ရည်မကျဘဲ မျိုသိပ်ထားရင် ကြာလာတဲ့အခါမှာ ဆက်ဆံရေးတွေ ပျက်ပြား စေနိုင်ပါတယ် ။

ဒါကြောင့် ခံစားနေရတဲ့ သောကတွေကို မျက်ရည်တွေနဲ့ အတူ မျောချလိုက်ပါ။ ငိုလို့ ဝပြီဆိုရင်တော့ မျက်ရည်တွေကို သုတ်လိုက်ပြီး ရှေ့ဆက်ရမယ့် အနာဂတ်အတွက် အားမွေးလိုက်ပါ။

279 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.