အသက္အပိုင္းအျခားေပၚ မူတည္ၿပီး မိန္းမတစ္ေယာက္အမွန္အကန္ ေၾကြ ေစတဲ့ နည္းလမ္းမ်ား

မိန္းကေလးေတြဟာ သူ႔အသက္အရြယ္အပုိင္းအျခားအရ ပိုင္ဆိုင္ခ်င္တဲ့ခ်စ္သူပံုစံေတြ ျခားနားသြားပါတယ္္။ အသက္အရြယ္အပိုင္းအျခားအလုိက္ မိန္းကေလးေတြစြဲမက္ရတဲ့ေယာက္်ားေလးပံုစံ ေလးမ်ိဳးရွိေၾကာင္း Trend ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္။

၁။ အသက္ ၁၈ နွစ္မျပည့္ခင္မိန္းကေလးမ်ား
ဒီအရြယ္ေကာင္မေလးေတြရဲ႕ခ်စ္သူျဖစ္ဖို႔ိဆိုရင္တစ္အခ်က္က ကိုၾကီးျဖစ္ရပါမယ္။ ျပီးရင္ေတာ့ အစြမ္းကုန္အလိုလို္က္ျပီးစားခ်င္သမွ်ေတြဝယ္ေကြ်း၊စကားမ်ားသမ်ွေတြနားေထာင္ေပးနဲ႔ ကေလးထိန္းဖို႔သာျပင္ထားလို္က္ပါေတာ့။ သူတို႔ျပန္္္ခ်စ္တာခံရဖို႔ကေတာ့ ဘာမွမ်ားမ်ားစားစားမလိုလွပါဘူး။ ခ်စ္ျခင္းေမတၱာ၊အလိုလိုက္မႈနဲ႔ ဟာသညဏ္ရွိမႈေတြေပါင္းထားျပီးပုိက္္ဆံလည္းအတန္အသင့္ရွိမယ္ဆုိ ေကာင္မေလးကို ေပ်ာ္ေအာင္ထားနုိ္င္မွာပါ။

၂။ အသက္ ၁၈ ကေန ၂၄ အတြင္းမိန္းကေလးမ်ား
အသက္ ၁၈ ကေန ၂၄ အတြင္းမိန္းကေလးေတြကေတာ့ ခ်စ္သူေရြးတဲ့အခါ အေရးအၾကီးဆံုးအခ်က္က သူတို႔သူငယ္ခ်င္းေတြကုိဂုဏ္ယူဝမ္းေျမာက္စြာျပန္္ၾကြားလို႔ရနုိင္တဲ့ လူမ်ိဳးကုိေရြးပါတယ္တဲ့။ ငါ့ကိုုကိုက အရပ္ဘယ္ေလာက္ရွိတာ၊ဘယ္လိုေခ်ာတာဆိုတာမ်ိဳးေပါ့။ ဘယ္္လိုအလိုလိုက္တာမုန္႔ေတြဝယ္ေကြ်းတာ၊ေနာက္ျပီး ဘယ္လိုမ်ိဳးေတြဂရုတစို္က္္ရွိတာဆိုတဲ့အခ်က္္ကလည္းမပါမျဖစ္ပါ။
သူတို႔ုကို သည္းသည္းလႈပ္ဂရုစိုက္ေပးျပီး စကားတစ္ခြန္းကအစ အေသးစိတ္လိုက္မွတ္ထားေပးတာမ်ိဳး၊ မထင္မွတ္ထားတဲ့ surprise ေလးေတြလုပ္ေပးတာမ်ိဳးကုိရင္ခုန္တတ္ၾကပါတယ္။ ေနာက္ျပီး သူတု႔ိသူငယ္ခ်င္းေတြက သူတို႔အတြက္အေရးၾကီးတဲ့ေနရာတစ္ခုမွာရွိေနတာေၾကာင့္ သူငယ္ခ်င္းေတြသေဘာတူမယ့္လူမ်ိဳးကိုလည္းေရြးခ်င္ၾကပါတယ္တဲ့။ ဒီအရြယ္ေတြကုိခ်စ္မိရင္ေတာ့ သူ႔သူငယ္ခ်င္းေတြနဲ႔လည္းတည့္ေအာင္ေပါင္းရမွာျဖစ္သလုိ ကေလးစိတ္မကုန္ေသးတာေၾကာင့္ တစ္ခါတစ္ခါကေလးထိန္္းရသလိုျဖစ္ေနမွာျဖစ္ျပီး စိတ္ေကာက္ရင္ခ်က္္ခ်င္းေခ်ာ့တတ္ဖို႔လည္းျပင္ထားရမွာပါ။

၃။ အသက္္ ၂၅ ကေန ၃၅ အတြင္းမိန္းကေလးမ်ား
အလုပ္နဲ႔အကုိင္နဲ႔အတည္တက်ျဖစ္ေနျပီျဖစ္သလို အထုိက္အေလ်ာက္တာဝန္ေတြလည္းယူထားရျပီျဖစ္လို႔ တည္ျငိမ္စျပဳေနပါျပီ။ သူတို႔ေတာ္ေတာ္မ်ားမ်ားက ခ်စ္သူေရြးတဲ့အခါ ေရရွည္္ကုိၾကည့္တတ္လာျပီလို႔ဆိုရမွာပါ။ ဒါေပမယ့္ မိန္းကေလးေတြရဲ႕ဗီဇအတိုင္း ရုပ္ေခ်ာတဲ့သူကုိေတာ့ ဦးစားေပးတုန္းပါပဲ။ ဒီအသက္အရြယ္ဟာ ခ်စ္သူေရြးတဲ့အခါ အျခားအရာေတြထက္္အခ်စ္နဲ႔ဆက္စပ္တဲ့ကိစၥေတြကိုလည္းခံစားတတ္ေနျပီျဖစ္တာေၾကာင့္ ေယာက္်ားတစ္ေယာက္အေနနဲ႔ စြမ္းေဆာင္ရည္ျပည့္မီသူကုိသာေရြးခ်င္ၾကပါတယ္တဲ့။
ေယာက္်ားပီသျပီးရည္မွန္္းခ်က္ၾကီးမားတဲ့သူမ်ိဳးျဖစ္ဖို႔လည္းလိုပါတယ္။ အေလလိုက္ေနတဲ့သူမ်ိဳးမဟုတ္ပဲနဲ႔ အလုပ္အကိုင္အတည္တက်နဲ႔ ဘဝမွာေနရာတစ္ခုေရာက္ေနတဲ့သူမ်ဳိးကိုပဲ ဒီအသက္အရြယ္အမ်ိဳးသမီးေတြက စဥ္းစားခ်င္ၾကပါတယ္။ ဒါ့အျပင္ ငယ္ငယ္တုန္းကလို အယံုမလြယ္တတ္ေတာ့ပဲလူေတြကုိသတိနဲ႔သာဆက္္ဆံတတ္္တာေၾကာင့္ ဒီအရြယ္မိန္္းကေလးေတြကုိ လြယ္လြယ္နဲ႔ေတာ့လွည့္စားလို႔ရမွာမဟုတ္ပါဘူး။

၄။ အသက္ ၃၅ ႏွစ္အထက္
ဒီအသက္အရြယ္ေတြကေတာ့ ခ်စ္သူထားဖို႔စဥ္းစားတဲ့အခါ သူတို႔စိတ္ထဲမွာ လံုျခံဳမႈရဖု႔ိကုိဦးစားေပးေရြးခ်ယ္ၾကတယ္လို႔ဆုိပါတယ္။ဒီအရြယ္အမ်ိဳးသမိးေတြက ေငြြေၾကးေတာင့္တင္းတဲ့ေယာက္်ားမ်ိဳးကုိဦးစားေပးတတ္ပါတယ္တဲ့။ ဒါေပမယ့္ ငယ္ရြယ္တဲ့အမ်ိဳးသမီးေတြလိုဖူးစာဖက္က ဟုိလိုျဖစ္္ရမယ္ ဒီလိုျဖစ္ရမယ္ေၾကးမ်ားတာေတြေတာ့မရွိေတာ့ပဲ သူတို႔အေနနဲ႔စိတ္ခ်ယံုၾကည္ရမယ့္သူ၊ေနာက္္ျပီးေတာ့ သူတို႔ထက္အသက္နည္းနည္းငယ္မယ့္သူမ်ိဳးနဲ႔ခ်စ္သူျဖစ္လိုတယ္လို႔လည္းသိရပါတယ္။ သိပၸံံနည္းက်စစ္တမ္းေကာက္ယူခ်က္ေတြအရေတာ့ အနည္္းဆံုးသူတို႔ထက္ အသက္ငါးနွစ္ေလာက္ငယ္္တဲ့အမ်ိဳးသားေတြနဲ႕စံုတြဲခုတ္ခ်င္ၾကပါတယ္။

[ Unicode ]

မိန်းကလေးတွေဟာ သူ့အသက်အရွယ်အပိုင်းအခြားအရ ပိုင်ဆိုင်ချင်တဲ့ချစ်သူပုံစံတွေ ခြားနားသွားပါတယ်။ အသက်အရွယ်အပိုင်းအခြားအလိုက် မိန်းကလေးတွေစွဲမက်ရတဲ့ယောက်ျားလေးပုံစံ လေးမျိုးရှိကြောင်း Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

၁။ အသက် ၁၈ နှစ်မပြည့်ခင်မိန်းကလေးများ
ဒီအရွယ်ကောင်မလေးတွေရဲ့ချစ်သူဖြစ်ဖို့ိဆိုရင်တစ်အချက်က ကိုကြီးဖြစ်ရပါမယ်။ ပြီးရင်တော့ အစွမ်းကုန်အလိုလိုက်ပြီးစားချင်သမျှတွေဝယ်ကျွေး၊စကားများသမျှတွေနားထောင်ပေးနဲ့ ကလေးထိန်းဖို့သာပြင်ထားလိုက်ပါတော့။ သူတို့ပြန်ချစ်တာခံရဖို့ကတော့ ဘာမှများများစားစားမလိုလှပါဘူး။ ချစ်ခြင်းမေတ္တာ၊အလိုလိုက်မှုနဲ့ ဟာသညဏ်ရှိမှုတွေပေါင်းထားပြီးပိုက်ဆံလည်းအတန်အသင့်ရှိမယ်ဆို ကောင်မလေးကို ပျော်အောင်ထားနိုင်မှာပါ။

၂။ အသက် ၁၈ ကနေ ၂၄ အတွင်းမိန်းကလေးများ
အသက် ၁၈ ကနေ ၂၄ အတွင်းမိန်းကလေးတွေကတော့ ချစ်သူရွေးတဲ့အခါ အရေးအကြီးဆုံးအချက်က သူတို့သူငယ်ချင်းတွေကိုဂုဏ်ယူဝမ်းမြောက်စွာပြန်ကြွားလို့ရနိုင်တဲ့ လူမျိုးကိုရွေးပါတယ်တဲ့။ ငါ့ကိုကိုက အရပ်ဘယ်လောက်ရှိတာ၊ဘယ်လိုချောတာဆိုတာမျိုးပေါ့။ ဘယ်လိုအလိုလိုက်တာမုန့်တွေဝယ်ကျွေးတာ၊နောက်ပြီး ဘယ်လိုမျိုးတွေဂရုတစိုက်ရှိတာဆိုတဲ့အချက်ကလည်းမပါမဖြစ်ပါ။
သူတို့ကို သည်းသည်းလှုပ်ဂရုစိုက်ပေးပြီး စကားတစ်ခွန်းကအစ အသေးစိတ်လိုက်မှတ်ထားပေးတာမျိုး၊ မထင်မှတ်ထားတဲ့ surprise လေးတွေလုပ်ပေးတာမျိုးကိုရင်ခုန်တတ်ကြပါတယ်။ နောက်ပြီး သူတု့ိသူငယ်ချင်းတွေက သူတို့အတွက်အရေးကြီးတဲ့နေရာတစ်ခုမှာရှိနေတာကြောင့် သူငယ်ချင်းတွေသဘောတူမယ့်လူမျိုးကိုလည်းရွေးချင်ကြပါတယ်တဲ့။ ဒီအရွယ်တွေကိုချစ်မိရင်တော့ သူ့သူငယ်ချင်းတွေနဲ့လည်းတည့်အောင်ပေါင်းရမှာဖြစ်သလို ကလေးစိတ်မကုန်သေးတာကြောင့် တစ်ခါတစ်ခါကလေးထိန်းရသလိုဖြစ်နေမှာဖြစ်ပြီး စိတ်ကောက်ရင်ချက်ချင်းချော့တတ်ဖို့လည်းပြင်ထားရမှာပါ။

၃။ အသက် ၂၅ ကနေ ၃၅ အတွင်းမိန်းကလေးများ
အလုပ်နဲ့အကိုင်နဲ့အတည်တကျဖြစ်နေပြီဖြစ်သလို အထိုက်အလျောက်တာဝန်တွေလည်းယူထားရပြီဖြစ်လို့ တည်ငြိမ်စပြုနေပါပြီ။ သူတို့တော်တော်များများက ချစ်သူရွေးတဲ့အခါ ရေရှည်ကိုကြည့်တတ်လာပြီလို့ဆိုရမှာပါ။ ဒါပေမယ့် မိန်းကလေးတွေရဲ့ဗီဇအတိုင်း ရုပ်ချောတဲ့သူကိုတော့ ဦးစားပေးတုန်းပါပဲ။ ဒီအသက်အရွယ်ဟာ ချစ်သူရွေးတဲ့အခါ အခြားအရာတွေထက်အချစ်နဲ့ဆက်စပ်တဲ့ကိစ္စတွေကိုလည်းခံစားတတ်နေပြီဖြစ်တာကြောင့် ယောက်ျားတစ်ယောက်အနေနဲ့ စွမ်းဆောင်ရည်ပြည့်မီသူကိုသာရွေးချင်ကြပါတယ်တဲ့။
ယောက်ျားပီသပြီးရည်မှန်းချက်ကြီးမားတဲ့သူမျိုးဖြစ်ဖို့လည်းလိုပါတယ်။ အလေလိုက်နေတဲ့သူမျိုးမဟုတ်ပဲနဲ့ အလုပ်အကိုင်အတည်တကျနဲ့ ဘဝမှာနေရာတစ်ခုရောက်နေတဲ့သူမျိုးကိုပဲ ဒီအသက်အရွယ်အမျိုးသမီးတွေက စဉ်းစားချင်ကြပါတယ်။ ဒါ့အပြင် ငယ်ငယ်တုန်းကလို အယုံမလွယ်တတ်တော့ပဲလူတွေကိုသတိနဲ့သာဆက်ဆံတတ်တာကြောင့် ဒီအရွယ်မိန်းကလေးတွေကို လွယ်လွယ်နဲ့တော့လှည့်စားလို့ရမှာမဟုတ်ပါဘူး။

၄။ အသက် ၃၅ နှစ်အထက်
ဒီအသက်အရွယ်တွေကတော့ ချစ်သူထားဖို့စဉ်းစားတဲ့အခါ သူတို့စိတ်ထဲမှာ လုံခြုံမှုရဖု့ိကိုဦးစားပေးရွေးချယ်ကြတယ်လို့ဆိုပါတယ်။ဒီအရွယ်အမျိုးသမိးတွေက ငွေကြေးတောင့်တင်းတဲ့ယောက်ျားမျိုးကိုဦးစားပေးတတ်ပါတယ်တဲ့။ ဒါပေမယ့် ငယ်ရွယ်တဲ့အမျိုးသမီးတွေလိုဖူးစာဖက်က ဟိုလိုဖြစ်ရမယ် ဒီလိုဖြစ်ရမယ်ကြေးများတာတွေတော့မရှိတော့ပဲ သူတို့အနေနဲ့စိတ်ချယုံကြည်ရမယ့်သူ၊နောက်ပြီးတော့ သူတို့ထက်အသက်နည်းနည်းငယ်မယ့်သူမျိုးနဲ့ချစ်သူဖြစ်လိုတယ်လို့လည်းသိရပါတယ်။ သိပ္ပံံနည်းကျစစ်တမ်းကောက်ယူချက်တွေအရတော့ အနည်းဆုံးသူတို့ထက် အသက်ငါးနှစ်လောက်ငယ်တဲ့အမျိုးသားတွေနဲ့စုံတွဲခုတ်ချင်ကြပါတယ်။

Ref; rsgaols

 

192 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.