ခေါက်ဆွဲ ကြိတ်သားလုံးကြော် ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
၁။ အသား (ကြိတ်ပြီးသား)
၂။ ပဲငံပြာရည်
၃။ သကြား
၎။ ငရုတ်ကောင်း
၅။ ခရုဆီ
၆။ ဆီ
၈။ ကြက်သားမှုန့်
၉။ ကြက်ဥ
ပြုလုပ်နည်း
[ Unicode ]
ဝါးလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ နေ့လယ်နေ့ခင်း အဆာပြေစားလို့ကောင်းတဲ့ အသားလုံး ခေါက်ဆွဲလုံးကြော် ပြုလုပ်နည်း အဆင့်ဆင့်ကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ အသား (ကြိတ်ပြီးသား)
၂။ ပဲငံပြာရည်
၃။ သကြား
၄။ ငရုတ်ကောင်း
၅။ ခရုဆီ
၆။ ဆီ
၇။ ကြက်သွန်ဖြူ (ထောင်းပြီးသား)
၈။ ကြက်သားမှုန့်
၉။ ကြက်ဥ
၁၀။ ခေါက်ဆွဲခြောက် (ခပ်မာမာ ပြုတ်ထားပါ )
ပြုလုပ်နည်း
၁။ ကြိတ်ပြီးသား အသားထဲသို့ ပဲငံပြာရည်၊ သကြား၊ ငရုတ်ကောင်း၊ ဆီအနည်းငယ်၊ ခရုဆီ၊ ထောင်းထားသောကြက်သွန်ဖြူ ၊ကြက်သားမှုန့်နဲ့ရောပြီးနယ်ပါ။ ပြီးရင် အလုံးလေးတွေလုံးထားပါ။
၂။ ကြက်ဥ ၂ လုံး ကိုခေါက်ထားပါ။ ခေါက်ဆွဲခြောက် ပြုတ်ထားပြီး ရေစစ်ထားပါ။
၃။ အသားလုံးကို ခေါက်ထားတဲ့ ကြက်ဥထဲသို့ နှစ်ပါ။ ပြီးရင် ခေါက်ဆွဲ အစတဖတ်ကနေစပြီး ပတ်ပါ။၄။ ကြော်တဲ့အိုးထဲ တခါတည်းထည့်ကြော်ပါ။ ဆီအပူကို ပုံမှန်ပဲ ထားပေးပါ။ အရမ်းဆီပူရင် အပြင်ဘက်ကခေါက်ဆွဲတွေ ကကျွမ်းသွားပြီး အတွင်းအသားမကျက်ပဲနေပါလိမ့်မယ်။
၅။ ပြီးရင်တော့ ဝါးလိုက်ရင် တဂျွတ်ဂျွတ်နဲ့ အရမ်းစားကောင်းတဲ့ အသားလုံး ခေါက်ဆွဲလုံးကြော် ကို သုံးဆောင်နိုင်ပါပြီနော်။
Ref; asianfood
257 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.