သင် ဘာကြောင့် မချမ်းသာသေးတာလဲ
၁။ အသုံးနဲ့အဖြုန်း
၂။ ကြိုတင်သုံးခြင်း
၎။ ရင်းနှီးမြုပ်နှံမှု
[ Unicode ]
လူတိုင်း ချမ်းသာတဲ့ ဘဝကို ရယူပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမဲ့ ဘာကြောင့် မချမ်းသာကြတာလဲ။ သင့်အနေနဲ့ ချမ်းသာချင်တယ်ဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အလေ့အကျင့်တွေကို ပြုပြင်ကြည့်လိုက်ပါလို့ အကြံပြုချင်ပါတယ်။
၁။ အသုံးနဲ့အဖြုန်း
သင့်အနေနဲ့ ဘာပဲဝယ်ဝယ် မဝယ်ခင်မှာ ဒီပစ္စည်းဟာ ကိုယ်အတွက် တကယ်လိုအပ်နေတာ ဟုတ်မဟုတ်သေချာလေးပြန်စဉ်းစားသင့်ပါတယ်။ မလိုအပ်ရင်တော့မဝယ်ပါနဲ့။ ပိုက်ဆံဆိုတာသုံးရလွယ်ပေမယ့် ပြန်ရှာဖို့ကတော်တော်လေးခက်ခဲပါတယ်နော်။
၂။ ကြိုတင်သုံးခြင်း
လူအများစုက ကိုယ်ရဲ့လက်ထဲ ရောက်မလာသေးတဲ့ပိုက်ဆံကို ကြိုတင်သုံးတက်တဲ့အလေ့အထ ရှိကြပါတယ်။ လကုန်မှရမယ့်ပိုက်ဆံကို အခုကတည်းက ကြိုတင်ချေးငှားပြီး သုံးစွဲထားတာမျိုးပေါ့။ လကုန်ပိုက်ဆံရတဲ့အခါ အကြွေးဆပ် ရတာနဲ့ ပိုက်ဆံကကိုယ်လက်ထဲမကျန်တော့ပါဘူး။
၃။ နောက်ဆုံးပေါ်ပစ္စည်းတွေကို လိုက်လွန်းခြင်း
သင့် လက်ထဲမှာ ဖုန်းတစ်လုံးရှိတယ်ဆိုပါစို့။ သင့်လက်ထဲရှိတဲ့ဖုန်းက အားလုံး အသုံးပြုလို့ရနေသေးပေမယ့် အသစ်သစ်ထပ်ပေါ်လာတဲ့ ဖုန်းတွေကိုဝယ်ချင်နေပါသလား။ ဒါဟာသက်သက်ပိုက်ဆံဖြုန်းရာရောက်ပြီး မှားယွင်းသောနည်းလမ်းနဲ့ လူတွေရဲ့ အထင်ကြီးမှုကိုရယူနေတာဖြစ်ပါတယ်။
၄။ ရင်းနှီးမြုပ်နှံမှု
ချမ်းသာတဲ့သူတွေဟာဘာကြောင့် ချမ်းသာသထက်ချမ်းသာလာတာလဲဆိုရင် သူတို့ဟာ ရရှိလာတဲ့ငွေတွေကို နောက်ထပ်ရင်းနှီးမြုပ်နှံ့မှုအသစ်သစ်တွေ လုပ်ဆောင်ကြလို့ပါပဲ။သင့်အနေနဲ့ သင့်လစာထဲက ၄ ပုံ ၂ ပုံလောက်ကို တခြားသောလုပ်ငန်းတစ်ခုမှပြန်လည်ရင်းနှီးမြုပ်နှံ့ကြည့်ပါ။ ဒီလိုရင်းနှီးမြုပ်နှံ့တာဟာ ငွေစုတာထက်ပိုပြီး အကျိုးခံစားရမှာဖြစ်ပါတယ်။
Ref;financialmanagement
214 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.