အပိုေတြ မဆိုတတ္သူမ်ားရဲ႕ အားသာခ်က္

လူမႈေရးမွာ ေျပာဆိုဆက္ဆံတဲ့အခါ စကားေတြ ၾကြယ္တာေကာင္းပါတယ္။ ဒါေပမယ့္ အေပၚယံေကာင္းျပၿပီး ေနာက္ေက်ာကို ဓားနဲ႕ထိုးမယ့္သူေတြထက္စာရင္ စကားကို ပြင့္ပြင့္လင္းလင္းေျပာၿပီး အပိုမဆိုသူေတြက ယံုၾကည္စိတ္ခ်ဖို႔ အေကာင္းဆံုးပဲ မဟုတ္လား။ ဒါေၾကာင့္ Trend ပရိသတ္ႀကီးအတြက္ ဘြင္းဘြင္းရွင္းရွင္းေျပာသူေတြရဲ႕ အားသာခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ လက္ေတြ႔ဆန္တယ္
အရာရာတုိင္းကို စိတ္ကူးယဥ္မေနဘဲ လက္ေတြ႕က်က်ေတြးေခၚတတ္တဲ့သူေတြျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ပြင့္ပြင့္လင္းလင္း ေျပာသူေတြဟာ အနာဂတ္အတြက္အစီအစဥ္ေတြ၊ စိတ္ကူးအိပ္မက္ေတြကို လက္ေတြ႕ အေကာင္အထည္ေဖာ္ေနတဲ့ သူေတြျဖစ္တာေၾကာင့္ ပိုျပီးေအာင္ျမင္ၾကပါတယ္။

၂။ ကတိတည္တယ္
ကတိတစ္ခုကို လြယ္လြယ္နဲ႔မေပးတတ္ၾကသလို၊ ေပးျပီဆုိရင္လည္း ျဖစ္ေအာင္လုပ္ၾကတဲ့သူေတြပါ။ သူတို႔ဆီကေန ကတိတစ္ခုေတာင္းရတာ အရမး္ခက္ခဲေပမယ့္ သူတို႔တကယ္ကတိေပးတဲ့အရာဆိုရင္ေတာ့ မတည္မွာကို စိုးရိမ္စရာမရွိပါဘူး။ တကယ့္အေရးေပၚ ေသေရးရွင္ေရးကလြဲရင္ ကတိဖ်က္တတ္တဲ့သူေတြ မဟုတ္ပါဘူး။

၃။ ပြင့္လင္းတယ္
သူတို႔ဟာ စိတ္ထဲကမပါတာေတြကို အပိုေတြ လုပ္ျပမေနတတ္သလို၊ စိတ္ထဲကခံစားခ်က္ကိုလည္းျမံဳထားတတ္တဲ့သူေတြ မဟုတ္ပါဘူး။ ရင္ထဲမွာရွိတာကို အရိွိအတိုင္း အဆင္မေျပရင္မေျပတဲ့အေၾကာင္း၊ မလုပ္ေပးႏိုင္ရင္ မလုပ္ေပးႏိုင္တဲ့အေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာတတ္သူေတြ ျဖစ္တာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားထဲမွာ လွ်ိဳ႕ဝွက္ခ်က္ေတြကို ထားေနမယ့္သူေတြ မဟုတ္ပါဘူး။

၄။ ျဖဴစင္တယ္
ေျပာရင္ေျပာတဲ့အတိုင္း လုပ္တတ္သူေတြျဖစ္တာေၾကာင့္ သူတု႔ိတကယ္မလုပ္ႏိုင္တဲ့အရာေတြ၊ တကယ္မတည္ႏိုင္မယ့္ကတိေတြ၊ ရင္ထဲမွာ တကယ္မရွိတဲ့စကားေတြကို အပိုလုပ္ျပီး ေျပာတတ္တဲ့သူေတြမဟုတ္ပါဘူး။ ါေၾကာင့္ အလိမ္အညာနည္းၿပီး ျဖဴစင္ၾကပါတယ္။

[ Unicode ]

လူမှုရေးမှာ ပြောဆိုဆက်ဆံတဲ့အခါ စကားတွေ ကြွယ်တာကောင်းပါတယ်။ ဒါပေမယ့် အပေါ်ယံကောင်းပြပြီး နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေထက်စာရင် စကားကို ပွင့်ပွင့်လင်းလင်းပြောပြီး အပိုမဆိုသူတွေက ယုံကြည်စိတ်ချဖို့ အကောင်းဆုံးပဲ မဟုတ်လား။ ဒါကြောင့် Trend ပရိသတ်ကြီးအတွက် ဘွင်းဘွင်းရှင်းရှင်းပြောသူတွေရဲ့ အားသာချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လက်တွေ့ဆန်တယ်
အရာရာတိုင်းကို စိတ်ကူးယဉ်မနေပဲ လက်တွေ့ကျကျတွေးခေါ်တတ်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပွင့်ပွင့်လင်းလင်း ပြောသူတွေဟာ အနာဂတ်အတွက်အစီအစဉ်တွေ၊ စိတ်ကူးအိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်နေတဲ့ သူတွေဖြစ်တာကြောင့် ပိုပြီးအောင်မြင်ကြပါတယ်။

၂။ ကတိတည်တယ်
ကတိတစ်ခုကို လွယ်လွယ်နဲ့မပေးတတ်ကြသလို၊ ပေးပြီဆိုရင်လည်း ဖြစ်အောင်လုပ်ကြတဲ့သူတွေပါ။ သူတို့ဆီကနေ ကတိတစ်ခုတောင်းရတာ အရမ်းခက်ခဲပေမယ့် သူတို့တကယ်ကတိပေးတဲ့အရာဆိုရင်တော့ မတည်မှာကို စိုးရိမ်စရာမရှိပါဘူး။ တကယ့်အရေးပေါ် သေရေးရှင်ရေးကလွဲရင် ကတိဖျက်တတ်တဲ့သူတွေ မဟုတ်ပါဘူး။

၃။ ပွင့်လင်းတယ်
သူတို့ဟာ စိတ်ထဲကမပါတာတွေကို အပိုတွေ လုပ်ပြမနေတတ်သလို၊ စိတ်ထဲကခံစားချက်ကိုလည်းမြုံထားတတ်တဲ့သူတွေ မဟုတ်ပါဘူး။ ရင်ထဲမှာရှိတာကို အရှိအတိုင်း အဆင်မပြေရင်မပြေတဲ့အကြောင်း၊ မလုပ်ပေးနိုင်ရင် မလုပ်ပေးနိုင်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောတတ်သူတွေ ဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ လျှို့ဝှက်ချက်တွေကို ထားနေမယ့်သူတွေ မဟုတ်ပါဘူး။

၄။ ဖြူစင်တယ်
ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်သူတွေဖြစ်တာကြောင့် သူတု့ိတကယ်မလုပ်နိုင်တဲ့အရာတွေ၊ တကယ်မတည်နိုင်မယ့်ကတိတွေ၊ ရင်ထဲမှာ တကယ်မရှိတဲ့စကားတွေကို အပိုလုပ်ပြီး ပြောတတ်တဲ့သူတွေမဟုတ်ပါဘူး။ ဒါကြောင့် အလိမ်အညာနည်းပြီး ဖြူစင်ကြပါတယ်။

Ref; lifehacks

 

211 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.