အာဟာရ ပူပူေမႊးေမႊးငါးရံ႕ဆန္ျပဳတ္ ျပဳလုပ္နည္း

နံနက္စာကို အာဟာရ ျပည့္ျပည့္ဝဝစားခ်င္တဲ့သူမ်ားအတြက္ ငါးအရသာခ်ိဳခ်ိဳနဲ႕ ပူပူေမႊးေမႊး ငါးရံ႕ဆန္ျပဳတ္ ျပဳလုပ္နည္းကို တင္ဆက္ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
၁။ ငါးရံ႕
၂။ ဆန္
၃။ သၾကား
၄။ ခ်င္း (ဂ်င္း)
၅။ ၾကက္သြန္ျဖဴ
၆။ တရုတ္နံနံ (သို႔) ၾကက္သြန္ၿမိတ္
၇။ ၾကက္သြန္နီေၾကာ္
၈။ ပဲငံျပာရည္အၾကည္
၉။ ငရုတ္ေကာင္းမႈန္႔
၁၀။ဆီ
၁၁။ဆား
၁၂။အီၾကာေကြး

ျပဳလုပ္နည္း
၁။ ငါးရံ႕အသားလႊာေတြကုိ ဆား၊ သၾကားနဲ႕ပဲငံျပာရည္အၾကည္တုိ႕နဲ႕ ႏွံ႕ေအာင္ နယ္ေပးထားပါ။
၂။ ခ်င္းနဲ႕ ၾကက္သြန္ျဖဴကုိအခြံႏႊာ၊ ေရေဆးျပီး ခ်င္းကုိ ပါးပါးႏုတ္ႏုတ္ေလးေတြျဖစ္ေအာင္
လွီးေပးထားျပီး ၾကက္သြန္ျဖဴကုိေတာ့ ဓားျပားရုိက္ေပးထားပါ။
၃။ ဆန္လက္တစ္ဆုပ္သာသာေလာက္ကုိ ေရစင္ေအာင္ေဆးေပးျပီး ေရစစ္ေပးထားပါေနာ္။
၄။ တရုတ္နံနံ ဒါမွမဟုတ္ ၾကက္သြန္ျမိတ္ကုိလည္း အျမစ္ေတြဖယ္ပစ္ျပီး ေရေဆး၊
ေရစစ္ေပးျပီး ပါးပါးလွီးေပးထားပါ။
၅။ အားလံုးအသင့္ျဖစ္ျပီဆုိရင္ေတာ့ အုိးတစ္လံုးထဲကုိ ေရေဆးထားတဲ့ ဆန္ထည့္ပါ။
ျပီးရင္ ဆားအနည္းငယ္၊ ပါးပါးလွီးထားတဲ့ ခ်င္း၊ ဓားျပားရုိက္ထားတဲ့
ၾကက္သြန္ျဖဴ၊ နယ္ထားတဲ့ ငါး၊ သၾကားအနည္းငယ္နဲ႕ ဆီလက္ဘက္ရည္ဇြန္း
တစ္၀က္ေလာက္ ထည့္ျပီး မီးဖုိေပၚတင္ပါ။
၆။ အုိးထဲမွာရွိတဲ့ ဆန္နဲ႕ အျခားေသာ ပါ၀င္ပစၥည္းအားလံုး ႏွံ႕ေအာင္ မီးအသင့္အတင့္နဲ႕ ေလွာ္ေပးပါ။
၇။ အနံ႕ေလးေတာ္ေတာ္ေလးသင္းလာျပီး ဆန္အေရာင္ေလးလည္း နီေရာင္သန္းစ
ျပဳလာျပီဆုိတာနဲ႕ ဆန္အေပၚ ေရလက္တစ္ဆစ္ထည့္၊ အဖံုးအုပ္ျပီး
မီးအသင့္အတင့္နဲ႕ ဆန္ျပဳတ္အုိးကုိ တည္ေပးပါ။ ဆန္ျပဳတ္အုိးတည္တဲ့အခါမွာ
ပြက္ခါနီးအခ်ိန္က်ရင္ ထမင္းရည္ေတြ ေ၀မက်သြားေစေအာင္ သတိျပဳျပီး
တည္ေပးပါေနာ္။ ဆန္ျပဳတ္အုိးဆူတဲ့အခါက်ရင္ အဖံုးကုိ တ၀က္ဟထားေပးျပီး
ထမင္းရည္နဲ႕ ဆန္ ပ်စ္ေအာင္တည္ေပးပါေနာ္။ ထမင္းရည္ခမ္းလုနီးလုိ႕
ဆန္လံုးကဲြျပီး ပ်စ္ပ်စ္ေလးျဖစ္လာျပီဆုိရင္ေတာ့ ေနာက္ထပ္ ေရထပ္ထည့္၊
အုိးအဖံုးပိတ္ျပီး ဆန္ျပဳတ္အုိးဆူတဲ့အထိ မီးေလ်ာ့ျပီး တည္ေပးပါေနာ္။

၈။ ဒီတစ္ခါ ဆန္ျပဳတ္အုိးဆူလာျပီဆုိရင္ေတာ့ အေပါ့အငံအရသာကိုျမည္းျပီး လုိတဲ့
အရသာကုိ ထပ္ျဖည့္ေပးပါေနာ္။ ျပီးေတာ့မွ ဆန္ျပဳတ္အုိးကုိခ်၊ ကုိယ္စားမယ့္
ပန္းကန္ထဲ ဆန္ျပဳတ္ထည့္၊ ငရုတ္ေကာင္းမႈန္႕ထည့္၊ပါးပါးလွီးထားတဲ့
ၾကက္သြန္ျမိတ္ ဒါမွမဟုတ္ တရုတ္နံနံကုိထည့္၊ ၾကက္သြန္နီေၾကာ္၊ အီၾကာေကြးတို႔ကုိ ညွပ္ထည့္ျပီးၿပီဆိုရင္ေတာ့ ငါးအရသာ ခ်ဳိခ်ဳိေလးနဲ႕ငါးဆန္ျပဳတ္ေမႊးေမႊးေလး သံုးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

နံနက်စာကို အာဟာရ ပြည့်ပြည့်ဝဝစားချင်တဲ့သူများအတွက် ငါးအရသာချိုချိုနဲ့ ပူပူမွှေးမွှေး ငါးရံ့ဆန်ပြုတ် ပြုလုပ်နည်းကို တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ငါးရံ့
၂။ ဆန်
၃။ သကြား
၄။ ချင်း (ဂျင်း)
၅။ ကြက်သွန်ဖြူ
၆။ တရုတ်နံနံ (သို့) ကြက်သွန်မြိတ်
၇။ ကြက်သွန်နီကြော်
၈။ ပဲငံပြာရည်အကြည်
၉။ ငရုတ်ကောင်းမှုန့်
၁၀။ဆီ
၁၁။ဆား
၁၂။အီကြာကွေး

ပြုလုပ်နည်း
၁။ ငါးရံ့အသားလွှာတွေကို ဆား၊ သကြားနဲ့ပဲငံပြာရည်အကြည်တို့နဲ့ နှံ့အောင် နယ်ပေးထားပါ။
၂။ ချင်းနဲ့ ကြက်သွန်ဖြူကိုအခွံနွှာ၊ ရေဆေးပြီး ချင်းကို ပါးပါးနုတ်နုတ်လေးတွေဖြစ်အောင်
လှီးပေးထားပြီး ကြက်သွန်ဖြူကိုတော့ ဓားပြားရိုက်ပေးထားပါ။
၃။ ဆန်လက်တစ်ဆုပ်သာသာလောက်ကို ရေစင်အောင်ဆေးပေးပြီး ရေစစ်ပေးထားပါနော်။
၄။ တရုတ်နံနံ ဒါမှမဟုတ် ကြက်သွန်မြိတ်ကိုလည်း အမြစ်တွေဖယ်ပစ်ပြီး ရေဆေး၊
ရေစစ်ပေးပြီး ပါးပါးလှီးပေးထားပါ။
၅။ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးထဲကို ရေဆေးထားတဲ့ ဆန်ထည့်ပါ။
ပြီးရင် ဆားအနည်းငယ်၊ ပါးပါးလှီးထားတဲ့ ချင်း၊ ဓားပြားရိုက်ထားတဲ့
ကြက်သွန်ဖြူ၊ နယ်ထားတဲ့ ငါး၊ သကြားအနည်းငယ်နဲ့ ဆီလက်ဘက်ရည်ဇွန်း
တစ်ဝက်လောက် ထည့်ပြီး မီးဖိုပေါ်တင်ပါ။
၆။ အိုးထဲမှာရှိတဲ့ ဆန်နဲ့ အခြားသော ပါဝင်ပစ္စည်းအားလုံး နှံ့အောင် မီးအသင့်အတင့်နဲ့ လှော်ပေးပါ။
၇။ အနံ့လေးတော်တော်လေးသင်းလာပြီး ဆန်အရောင်လေးလည်း နီရောင်သန်းစ
ပြုလာပြီဆိုတာနဲ့ ဆန်အပေါ် ရေလက်တစ်ဆစ်ထည့်၊ အဖုံးအုပ်ပြီး
မီးအသင့်အတင့်နဲ့ ဆန်ပြုတ်အိုးကို တည်ပေးပါ။ ဆန်ပြုတ်အိုးတည်တဲ့အခါမှာ
ပွက်ခါနီးအချိန်ကျရင် ထမင်းရည်တွေ ဝေမကျသွားစေအောင် သတိပြုပြီး
တည်ပေးပါနော်။ ဆန်ပြုတ်အိုးဆူတဲ့အခါကျရင် အဖုံးကို တဝက်ဟထားပေးပြီး
ထမင်းရည်နဲ့ ဆန် ပျစ်အောင်တည်ပေးပါနော်။ ထမင်းရည်ခမ်းလုနီးလို့
ဆန်လုံးကွဲပြီး ပျစ်ပျစ်လေးဖြစ်လာပြီဆိုရင်တော့ နောက်ထပ် ရေထပ်ထည့်၊
အိုးအဖုံးပိတ်ပြီး ဆန်ပြုတ်အိုးဆူတဲ့အထိ မီးလျော့ပြီး တည်ပေးပါနော်။

၈။ ဒီတစ်ခါ ဆန်ပြုတ်အိုးဆူလာပြီဆိုရင်တော့ အပေါ့အငံအရသာကိုမြည်းပြီး လိုတဲ့
အရသာကို ထပ်ဖြည့်ပေးပါနော်။ ပြီးတော့မှ ဆန်ပြုတ်အိုးကိုချ၊ ကိုယ်စားမယ့်
ပန်းကန်ထဲ ဆန်ပြုတ်ထည့်၊ ငရုတ်ကောင်းမှုန့်ထည့်၊ပါးပါးလှီးထားတဲ့
ကြက်သွန်မြိတ်ဒါမှမဟုတ် တရုတ်နံနံကိုထည့်၊ ကြက်သွန်နီကြော်၊ အီကြာကွေးတို့ကို ညှပ်ထည့်ပြီးပြီဆိုရင်တော့ ငါးအရသာ ချိုချိုလေးနဲ့ငါးဆန်ပြုတ်မွှေးမွှေးလေး သုံးဆောင်နိုင်ပါပြီနော်။

 

501 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.