ပါးချိုင့်ပါတဲ့သူတွေသာ ပိုင်ဆိုင်နိုင်တဲ့ အားသာချက်
၁။ အပြုံးချိုတယ်
၂။ မှတ်မိလွယ်တယ်
၃။ ချစ်စရာကောင်းတယ်
၅။ ယောက်ျားလေးတွေမှာ ပါရင်လည်း ကြည့်ကောင်းတယ်
[ Unicode ]
သင့်မှာ ပါးချိုင့်ပါလား။ ဒါဆိုရင်တော့ ဂုဏ်ယူလိုက်ပါနော်။ ပါးချိုင့်ပါတဲ့သူတွေဟာ မပါတဲ့လူတွေထက် ပိုပြီးဆွဲဆောင်မှုရှိတယ်ဆိုတာ လက်မခံလို့မရတဲ့ အမှန်တရားပါပဲ။ ဒါဆိုရင် ပါးချိုင့်ပါတဲ့သူတွေရဲ့ ဆွဲဆောင်မှုရှိတဲ့ အကြောင်းလေးတွေ ကြည့်လိုက်ရအောင်။
၁။ အပြုံးချိုတယ်
သူတို့ပြုံးလိုက်ရင် တစ်ဖက်သားရဲ့ရင်ကို အေးမြသွားစေပြီး နွေးထွေးမှုကို ခံစားရစေပါတယ်။ ဒါကြောင့်သူတို့က ပိုပြီးဆွဲဆောင်မှုရှိနေရတာပါ။
၂။ မှတ်မိလွယ်တယ်
ပါးချိုင့်ပါတဲ့သူလေးတွေဟာ တစ်ခါကြည့်လိုက်ရုံနဲ့ မှတ်မိရလွယ်တဲ့သူတွေပါ။ နာမည်မသိရင်တောင် ပါးချိုင့်လေး လို့ခေါ်ဝေါ်ခြင်း ခံရတဲ့သူတွေပါ။ သူတို့ကို တစ်ခါကြည့်လိုက်ရုံနဲ့ ပါးချိုင့်လေးနဲ့ပါတွဲပြီး မှတ်မိသွားတာကြောင့် တစ်ဖက်သားကို ရင်းနှီးနေသလို၊ မစိမ်းတော့သလို ခံစားစေတဲ့သူတွေပါ။
၃။ ချစ်စရာကောင်းတယ်
ပါးချိုင့်ပါတဲ့ကောင်မလေးတွေဟာ ရယ်နေတဲ့အချိန်မှာသာမက စကားပြောနေတဲ့အချိန်လေးတွေမှာလည်း အရမ်းချစ်ဖို့ကောင်းကြပါတယ်။ စကားပြောနေရင်းနဲ့ တစ်ချက်တစ်ချက်ပေါ်လာတဲ့ ပါးချိုင့်လေးက အရမ်းချစ်စရာကောင်းပါတယ်။
၄။ အပြစ်ကင်းတဲ့အသွင်ပေါ်တယ်
ပါးချိုင့်လေးတွေက ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းစေပြီး ချိုမြိန်တဲ့အပြုံးလေးတွေကြောင့် အပြစ်ကင်းစင်တဲ့ ကလေးလေးတစ်ယောက်အသွင် ပေါ်စေတာကြောင့် ပိုပြီးဆွဲဆောင်မှုရှိနေရခြင်း ဖြစ်ပါတယ်။
၅။ ယောကျ်ားလေးတွေမှာ ပါရင်လည်း ကြည့်ကောင်းတယ်
ပါးချိုင့်ပါတဲ့ ယောကျ်ားတွေဟာ နူးညံ့ပြီး Gentleman အသွင်ပိုပေါ်တာကြောင့် မိန်းကလေးတွေကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ ဒါကြောင့် ပါးချိုင့်ပါတဲ့သူတွေဟာ ကံကောင်းသူလေးတွေဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူးနော်။
12K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.