အကြွေးနွံထဲ နစ်နေပြီ လို့ သတိပေးနေတဲ့ အချက် ၆ ချက်
ချေးထားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့အတွက် ထပ်ပြီး ချေးငွေတွေယူနေရပြီိ ဆိုရင်တော့ အကြွေးတွေ အရမ်းများနေပြီး အကြွေးနွံထဲ နစ်နေပြီဆိုတာ သိသိသာသာကြီးပြနေတာပါ။
၅။ စုငွေမရှိခြင်း
[ Unicode ]
အကြွေးနွံနစ်တယ်ဆိုတာ တကယ့်ကို ကြောက်ဖို့ကောင်းတဲ့ အရာတစ်ခုပါ။ ဒါကြောင့် အကြွေးနွံနစ်နေတာ ဒါမှမဟုတ် အကြွေးနွံထဲ နစ်တော့မယ်ဆိုတာကို ဆန်းစစ်နိုင်မယ့် အချက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
၁။ ဝင်ငွေရဲ့ ၃၀% ကို အကြွေးဆပ်ဖို့အတွက် သုံးနေရခြင်း
လစဉ်ဝင်ငွေရဲ့ ၃၀% ထက်ပိုပြီး အကြွေးဆပ်နေရပြီဆိုရင်တော့ အကြွေးတွေကို လျှော့ချနိုင်ဖို့အတွက် စဉ်းစားသင့်ပါပြီ။
၂။ အတိုးထက်ပိုပြီး မဆပ်နိုင်တော့ခြင်း
အတိုးကိုပဲ ပေးနိုင်ပြီး အရင်းကို ပြန်ဆပ်ဖို့ မလောက်ဘူးဖြစ်နေရင် အကြွေးနွံထဲနစ်တော့မယ်ဆိုတာကို သိထားပါ။ အတိုးကိုပဲ ဆပ်နိုင်နေတယ်ဆိုတာ အကြွေးတွေက လျော့မသွားဘဲ ပေးရတဲ့ပိုက်ဆံ ပိုပိုပြီး များလာခြင်းဖြစ်ပါတယ်။
၃။ အဓိကအသုံးစရိတ်တွေအတွက် ပိုက်ဆံမလောက်ခြင်း
အဓိက အသုံးစရိတ်တွေအတွက် သုံးဖို့၊ ပေးချေဖို့ ပိုက်ဆံ မလောက်ဘူးဆိုတာ အကြွေးတွေထဲ ရုန်းကန်နေရမှန်း သိသာစေပါတယ်။
၄။ ချေးထားတဲ့ပိုက်ဆံ ပြန်ဆပ်ဖို့အတွက် ပိုက်ဆံထပ်ချေးနေရခြင်း
ချေးထားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့အတွက် ထပ်ပြီး ချေးငွေတွေယူနေရပြီ ဆိုရင်တော့ အကြွေးတွေ အရမ်းများနေပြီး အကြွေးနွံထဲ နစ်နေပြီဆိုတာ သိသိသာသာကြီးပြနေတာပါ။
၅။ စုငွေမရှိခြင်း
တကယ်လို့ စုထားတဲ့ငွေ မရှိဘူးဆိုရင် အရေးပေါ်အခြေအနေတွေမှာ အသုံးပြုဖို့ အတွက် အရံငွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။ စုငွေမရှိတာဟာ ကိုယ့်ကိုယ်ကို အန္တရာယ်ကြားထဲ တွန်းပို့ထားသလိုပါပဲ။ ထင်မှတ်မထားတဲ့ အရေးပေါ်အခြေအနေတွေအတွက် ကိုယ့်ကိုယ်ကို လုံခြုံမှုမရှိတော့ပါဘူး။
၆။ ကိုယ်ရောစိတ်ပါ ဖိစီးမှု ခံစားနေရခြင်း
ငွေရေးကြေးရေးတွေအတွက် စိုးရိမ်ပူပန်ခြင်းဟာလည်း ကိုယ်ရောစိတ်ပါ ဖိစီးမှုတွေ ခံစားရစေပါတယ်။ ဒါဟာလည်း သင့်ကို အကြွေးနွံထဲ နစ်နေပြီဆိုတာ အချက်ပေးနေတာပါပဲ။
259 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.