ငါးဖယ် ဂေါ်ဖီပေါင်းအိအိလေး ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
၃။ ကြက်ဥ – ၁ လုံး
၎။ ဂေါ်ဖီရွက်ကြီး – ၅ ရွက်
ချက်ပြုတ်နည်း
အခုဆိုရင်တော့ စားလို.အရမ်းကောင်းတဲ့ ဂေါ်ဖီငါးဖယ်ပါင်း အိအိလေးကို နှစ်သက်ရာအချဉ်နဲ.တွဲဖက်သုံးဆောင်လို့ ရပါပြီ။
[ Unicode ]
ကယ်လိုရီလည်း နည်း၊ စားလို.လည်းကောင်းသလို လုပ်ရတာလည်း လွယ်ကူတာကြောင့် Trend ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ငါးဖယ်ခြစ် – ၁၅ ကျပ်သား(နုတ်နုတ်စင်း)
၂။ ပုဇွန် – ၁၀ ကောင် (နုတ်နုတ်စင်း)
၃။ ကြက်ဥ – ၁ လုံး
၄။ ဂေါ်ဖီရွက်ကြီး – ၅ ရွက်
၅။ ကြက်သွန်နီ – ၁ လုံး(နုတ်နုတ်စင်း)
၆။ မုန်လာဥနီ – ၁ ဝက် (နုတ်နုတ်စင်း)
၇။ ကြက်သွန်မြိတ် – ၃ ပင် (နုတ်နုတ်စင်း)
၈။ ဂျုံမှုန်. – စားပွဲတင်ဇွန်း ၄ ဇွန်း
၉။ ပေါင်မုန်.ခြောက်- စားပွဲတင်ဇွန်း ၁ ဇွန်း (မထည့်ချင်လည်း ရ )
၁၀။ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၁။ ကြက်သားမှုန်.- လက်ဖက်ရည်ဇွန်း ၁ ဝက်
၁၂။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
၁၃။ ခရုဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း
၁၄။ နှမ်းဆီမွှေး – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဂေါ်ဖီရွက်ကို ရေဆူဆူမှာ၁ မိနစ်ခန်.နွမ်းအောင်ပြုတ်ပြီး အအေးခံထားပါ။ဂေါ်ဖီနွမ်းသွားမှ အစာလိပ်လို.ရမှာမို.ပါ။
၂။ ပြီးရင် ဇလုံတစ်ခုထဲသို.ကျန်တဲ့ပါဝင်ပစ္စည်းအားလုံးထည့်ပြီး သမအောင်ရောနယ်ပေးပါ။
ပြီးမှ ဂေါ်ဖီရွက်တစ်ချပ်ကို အောက်ကခင်းပြီး နယ်ထားတဲ့အစာ စားပွဲတင်ဇွန်း ၂ စွန်းခန်.ထည့်ပြီး လိပ်ပေးပါ။ဒီနည်းနဲ.ကျန်တဲ့အစာများကို လိပ်ပေးပါ။
၃။ ပြီးရင် ဂေါ်ဖီငါးဖယ်လိပ်တွေကို ဇကာပါတဲ့ပေါင်းအိုးနဲ.အောက်ကရေထည့်ပြီး နာရီဝက်ခန်.ပေါင်းပါ။
အခုဆိုရင်တော့ စားလို.အရမ်းကောင်းတဲ့ ဂေါ်ဖီငါးဖယ်ပါင်း အိအိလေးကို နှစ်သက်ရာအချဉ်နဲ.တွဲဖက်သုံးဆောင်နိုင်ပါပြီ။
45K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.