ရာသီခြင္တို႔ရဲ႕ Crush အေပၚ စိတ္ေနစိတ္ထားမ်ား

လူတစ္ေယာက္ကို crush မိျပီဆိုရင္ ရာသီခြင္အလိုက္ စိတ္ေနစိတ္ထားေတြက မတူညီၾကပါဘူး။ ဒါေၾကာင့္ ရာသီခြင္အလိုက္ crush ရလာၿပီဆိုရင္ ျဖစ္ေပၚတတ္တဲ့ စိတ္ေနစိတ္ထားမ်ားကို Trend ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။ ဆန္းစစ္ၾကည့္လိုက္ပါဦး။

၁။ Aries (March 21 – April 19)
Aries ဖြားေတြက Crush ရွိၿပီဆိုရင္ စိတ္လႈပ္ရွားေပမယ့္ စိတ္လႈပ္ရွားမႈကို ထိန္းခ်ဳပ္နိုင္တဲ့သူေတြပါ။ ေသခ်ာအစီအစဥ္နဲ႔ ႀကိဳးစားတာေၾကာင့္ ေအာင္ျမင္သြားတာလည္း ရွိသလို အဆင္မေျပတာလည္း ရွိပါတယ္။ ဒါေပမယ့္ Aries ဖြားေတြဟာ Crushက ကိုယ့္ကိုမၾကိဳက္ဘူးဆိုရင္ စိတ္က အလိုလိုသိပါတယ္။

၂။ Taurus (April 20 – May 20)
Taurus ဖြားေတြကေတာ့ Crushရလာျပီဆိုရင္ ဘယ္သူ႔ကိုမွေျပာျပေလ့ မရွိပါဘူး။ ႀကိတ္ခရပ္ရွ္ၾကတဲ့ သူေတြေပါ့။ Crushနဲ႔ ပတ္သတ္ျပီး ကိုယ္ဘယ္လို စိတ္လႈပ္ရွားတယ္ ၊ ကိုယ္ဘာလုပ္သင့္တယ္ ဆိုတာေတြကို ဘယ္သူကိုမွ မေျပာပဲ တစ္ေယာက္တည္း အၾကာၾကီး ေတြးေတာေနတတ္တဲ့ သူေတြေပါ့။ Crush ေတြကလည္း Taurusေတြရဲ႕ ခံစားခ်က္ကို ဘယ္ေတာမွ သိမွာမဟုတ္ပါဘူး။ သူတို႔ေတြက တစ္ေယာက္တည္းေတြးေတာၿပီး ရင္ထဲမွာရွိသမွ် အခ်စ္ေတြကို စိတ္ထဲမွာပဲ သိမ္းထားတာကိုး။

၃။ Gemini (May 21 – June 20)
Gemini ဖြားေတြက Crush နားမွာဆိုရင္ စိတ္အရမ္းလႈပ္ရွားတတ္တာေလး တစ္ခုပဲ ထိန္းခ်ဳပ္ဖို႔လိုပါတယ္။ စိတ္အရမ္း လႈပ္ရွားျပီး အေယာင္ေယာင္ အမွားမွားေတြ ေျပာေနတတ္ပါတယ္။ စိတ္ျငိမ္ျငိမ္သာထားမယ္ဆိုရင္ Crushေၾကြေအာင္ ေတာ္ကီေကာင္းတဲ့ သူေတြပါ။

၄။ Cancer ( June 21 – July 22)
Cancerေတြကေတာ့ Crushရျပီဆိုတာနဲ႔ စဖီးလ္ေတာ့တာပါပဲ။ ငါနဲ႔သူနဲ႔က မျဖစ္နိုင္ဘူး၊ သူနဲ႔ငါနဲ႔က အေ၀းၾကီးမွာ ဆိုျပီး ဘာမွစမႀကိဳးစားခင္ထဲက မျဖစ္နိုင္ဘူးဆိုျပီး ေတြးေတာေနတဲ့သူေတြပါ။ ဒီလိုျဖစ္တာကလည္း Cancerဖြားေတြက အတိတ္မွာ နာက်င္ခံစားခဲ့ရတာေၾကာင့္ပါ။ ဟိုးအေ၀းႀကီးမွာ ရွိတဲ့ နင့္ကိုၾကည့္ၿပီး ငါေပ်ာ္ပါတယ္ ဆိုတဲ့သူမ်ိဳးေတြေပါ့။

၅။ Leo (July 23 – August 22)
Leo ဖြားေတြကေတာ့ စCrushျပီဆိုတာနဲ႔ စၾကဴေတာ့တာပဲ။ အခ်ိန္ေတြ ဘာေတြေစာင့္မေနဘူး ။ စႀကိဳးစားေတာ့တာပဲ။ Leoဖြားေတြ Crushၿပီဆိုရင္လည္း အရမ္းသိသာပါတယ္။ ကိုယ့္ကိုcrushက သတိထားမိလာဖို႔အတြက္လည္း ခက္ခက္ခဲခဲ ႀကိဳးစားစရာမလိုတဲ့ သူေတြေပါ့။

၆။ Virgo (August 23 – September 22)
Virgo ဖြားေတြကေတာ့ Crush ရၿပီဆိုတာနဲ႔ Crush ကို မခ်ဥ္းကပ္ခင္ Crushနဲ႔ ပတ္သက္တာေတြ အရင္စံုစမ္းၾကတယ္။ Crushက ဘာႀကိဳက္တတ္တာ ၊ ဘာစားတတ္တာ ၊ ဘယ္ေနရာေတြ သြားတတ္တာ စသျဖင့္ Crushအေၾကာင္းကို ေသခ်ာႏွံ႔႔စပ္ေအာင္ သိၿပီဆိုမွ အကြက္က်က် ခ်ဥ္းကပ္တတ္တဲ့ သူေတြပါ။

၇။ Libra (September 23 – October 22)
Libra ေတြကေတာ့ Crush ရျပီဆိုရင္ ဒီတိုင္း Crush သေဘာပဲ ထားတယ္။ Crush ေနတဲ့ခ်ိန္မွာ အရမ္းစိတ္ႏွစ္ေလ့ မရွိဘူး။ ကိုယ့္ကိုယ္ကို အရမ္းစိတ္မပါမိေအာင္ ထိန္းခ်ဳပ္တယ္။ Crushရဲ႕ အေျခအေနေပၚၾကည့္ျပီး ေရလိုက္ငါးလိုက္ေလးပဲ ေနေလ့ရွိၾကပါတယ္။

၈။ Scorpio (October 23 – November 21)
Scorpio ဖြားေတြကေတာ့ Crush ဆိုတာကို အယံုအၾကည္ မရွိၾကဘူး။ Crushၿပီဆိုရင္ ဘာလုပ္လို႔ လုပ္ရမယ္ဆိုတာ မသိၾကေတာ့ပါဘူး။ Crushကို ရင္းႏွီးေအာင္ ခ်ဥ္းကပ္ခ်င္ေသာ္လည္း အျမဲတလြဲေတြပဲ လုပ္ေနတတ္ပါတယ္။

၉။ Sagittarius (November 22 – December 21)
Crush ေပါမ်ားလြန္းတာ Sagittarius ဖြားေတြေပါ့။ Sagittarius ဖြားေတြက အေပါင္းအသင္း ေပါမ်ားၿပီးေတာ့ ဆက္ဆံေရးလည္း ေကာင္းတဲ့သူေတြပါ။ ဒါေၾကာင့္ သူတို႔နားမွာ ၀ိုင္း၀ိုင္းလည္ေနတတ္ၾကျပီး သူတို႔ကိုယ္တိုင္ကလည္း Crush ေပါမ်ားၾကပါတယ္။

၁၀။ Capricon (December 22 – January 19 )
Capricorn ဖြားေတြကေတာ့ Crush တဲ့အခါ တစ္ခါတစ္ေလေတာ့ Crush သေဘာမ်ိဳးပဲ ေပါ့ေပါ့ပါးပါး သေဘာထားၾကေပမယ့္ တစ္ခါတေလက်ရင္ေတာ့ အ ဲCrushကေန တစ္ဘ၀လံုးစာအတြက္ ရည္ရြယ္ျပီး အရမ္းေလးနက္သြား တတ္ၾကပါတယ္။

၁၁။ Aquarius (January 20 – February 18 )
Aquarius ဖြားေတြကေတာ့ Crush မိၿပီဆိုရင္ Crushရဲ႕သူငယ္ခ်င္းေတြနဲ႔ ခင္ေအာင္ေပါင္းၿပီးေတာ့ သူတို႔အကူအညီနဲ႔ Crushနားမွာ တစ္ခ်ိန္လံုး၀ဲေနလို႔ရေအာင္ ၾကိဳးစားၾကပါတယ္။ Crushကိုလည္း သူငယ္ခ်င္းတစ္ေယာက္လိုပဲ ဆက္ဆံေတာ့ ကိုယ္ၾကိဳက္ေနတာကို ဘယ္သူမွ ရိပ္မိမွာမဟုတ္ပါဘူး။

၁၂။ Pisces (February 19 – March 20 )
Pisces ရာသီဖြားေတြကေတာ့ crush ကိုႀကိဳက္တယ္လို႔ ဖြင္ေ့ျပာမယ့္အစား ေသဆို ေသမယ့္လူမ်ဳိးေတြပါ။ အဲဒီအစား crushအေပၚထားတဲ့ ကိုယ္ရဲ႕ခံစားခ်က္ေတြကို သီခ်င္းလုပ္ေရးတာတို႔ ပန္းခ်ီဆြဲတာတို႔ေတြနဲ႔ ခံစားရင္ဖြင့္တဲ့သူမ်ဳိးပါ။

[ Unicode ]

လူတစ်ယောက်ကို crush မိပြီဆိုရင် ရာသီခွင်အလိုက်စိတ်နေစိတ်ထားတွေက မတူညီပါဘူး။ ဒါကြောင့် ရာသီခွင်အလိုက် crush ရလာပြီဆိုရင် ဖြစ်ပေါ်တတ်တဲ့ စိတ်နေစိတ်ထားများကို Trend ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဆန်းစစ်ကြည့်လိုက်ပါဦး။

၁။ Aries (March 21 – April 19)
Aries ဖွားတွေက Crush ရှိပြီဆိုရင် စိတ်လှုပ်ရှားပေမယ့် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်တဲ့သူတွေပါ။ သေချာအစီအစဉ်နဲ့ ကြိုးစားတာကြောင့် အောင်မြင်သွားတာလည်း ရှိသလို အဆင်မပြေတာလည်း ရှိပါတယ်။ ဒါပေမယ့် Aries ဖွားတွေဟာ Crushက ကိုယ့်ကိုမကြိုက်ဘူးဆိုရင် စိတ်က အလိုလိုသိပါတယ်။

၂။ Taurus (April 20 – May 20)
Taurus ဖွားတွေကတော့ Crushရလာပြီဆိုရင် ဘယ်သူ့ကိုမှပြောပြလေ့ မရှိပါဘူး။ ကြိတ်ခရပ်ရှ်ကြတဲ့ သူတွေပေါ့။ Crushနဲ့ ပတ်သတ်ပြီး ကိုယ်ဘယ်လို စိတ်လှုပ်ရှားတယ် ၊ ကိုယ်ဘာလုပ်သင့်တယ် ဆိုတာတွေကို ဘယ်သူကိုမှ မပြောပဲ တစ်ယောက်တည်း အကြာကြီး တွေးတောနေတတ်တဲ့ သူတွေပေါ့။ Crush တွေကလည်း Taurusတွေရဲ့ ခံစားချက်ကို ဘယ်တောမှ သိမှာမဟုတ်ပါဘူး။ သူတို့တွေက တစ်ယောက်တည်းတွေးတောပြီး ရင်ထဲမှာရှိသမျှ အချစ်တွေကို စိတ်ထဲမှာပဲ သိမ်းထားတာကိုး။

၃။ Gemini (May 21 – June 20)
Gemini ဖွားတွေက Crush နားမှာဆိုရင် စိတ်အရမ်းလှုပ်ရှားတတ်တာလေး တစ်ခုပဲ ထိန်းချုပ်ဖို့လိုပါတယ်။ စိတ်အရမ်း လှုပ်ရှားပြီး အယောင်ယောင် အမှားမှားတွေ ပြောနေတတ်ပါတယ်။ စိတ်ငြိမ်ငြိမ်သာထားမယ်ဆိုရင် Crushကြွေအောင် တော်ကီကောင်းတဲ့ သူတွေပါ။

၄။ Cancer ( June 21 – July 22)
Cancerတွေကတော့ Crushရပြီဆိုတာနဲ့ စဖီးလ်တော့တာပါပဲ။ ငါနဲ့သူနဲ့က မဖြစ်နိုင်ဘူး၊ သူနဲ့ငါနဲ့က အဝေးကြီးမှာ ဆိုပြီး ဘာမှစမကြိုးစားခင်ထဲက မဖြစ်နိုင်ဘူးဆိုပြီး တွေးတောနေတဲ့သူတွေပါ။ ဒီလိုဖြစ်တာကလည်း Cancerဖွားတွေက အတိတ်မှာ နာကျင်ခံစားခဲ့ရတာကြောင့်ပါ။ ဟိုးအဝေးကြီးမှာ ရှိတဲ့ နင့်ကိုကြည့်ပြီး ငါပျော်ပါတယ် ဆိုတဲ့သူမျိုးတွေပေါ့။

၅။ Leo (July 23 – August 22)
Leo ဖွားတွေကတော့ စCrushပြီဆိုတာနဲ့ စကြူတော့တာပဲ။ အချိန်တွေ ဘာတွေစောင့်မနေဘူး ။ စကြိုးစားတော့တာပဲ။ Leoဖွားတွေ Crushပြီဆိုရင်လည်း အရမ်းသိသာပါတယ်။ ကိုယ့်ကိုcrushက သတိထားမိလာဖို့အတွက်လည်း ခက်ခက်ခဲခဲ ကြိုးစားစရာမလိုတဲ့ သူတွေပေါ့။

၆။ Virgo (August 23 – September 22)
Virgo ဖွားတွေကတော့ Crush ရပြီဆိုတာနဲ့ Crush ကို မချဉ်းကပ်ခင် Crushနဲ့ ပတ်သက်တာတွေ အရင်စုံစမ်းကြတယ်။ Crushက ဘာကြိုက်တတ်တာ ၊ ဘာစားတတ်တာ ၊ ဘယ်နေရာတွေ သွားတတ်တာ စသဖြင့် Crushအကြောင်းကို သေချာနှံ့စပ်အောင် သိပြီဆိုမှ အကွက်ကျကျ ချဉ်းကပ်တတ်တဲ့ သူတွေပါ။

၇။ Libra (September 23 – October 22)
Libra တွေကတော့ Crush ရပြီဆိုရင် ဒီတိုင်း Crush သဘောပဲ ထားတယ်။ Crush နေတဲ့ချိန်မှာ အရမ်းစိတ်နှစ်လေ့ မရှိဘူး။ ကိုယ့်ကိုယ်ကို အရမ်းစိတ်မပါမိအောင် ထိန်းချုပ်တယ်။ Crushရဲ့ အခြေအနေပေါ်ကြည့်ပြီး ရေလိုက်ငါးလိုက်လေးပဲ နေလေ့ရှိကြပါတယ်။

၈။ Scorpio (October 23 – November 21)
Scorpio ဖွားတွေကတော့ Crush ဆိုတာကို အယုံအကြည် မရှိကြဘူး။ Crushပြီဆိုရင် ဘာလုပ်လို့ လုပ်ရမယ်ဆိုတာ မသိကြတော့ပါဘူး။ Crushကို ရင်းနှီးအောင် ချဉ်းကပ်ချင်သော်လည်း အမြဲတလွဲတွေပဲ လုပ်နေတတ်ပါတယ်။

၉။ Sagittarius (November 22 – December 21)
Crush ပေါများလွန်းတာ Sagittarius ဖွားတွေပေါ့။ Sagittarius ဖွားတွေက အပေါင်းအသင်း ပေါများပြီးတော့ ဆက်ဆံရေးလည်း ကောင်းတဲ့သူတွေပါ။ ဒါကြောင့် သူတို့နားမှာ ဝိုင်းဝိုင်းလည်နေတတ်ကြပြီး သူတို့ကိုယ်တိုင်ကလည်း Crush ပေါများကြပါတယ်။

၁၀။ Capricon (December 22 – January 19 )
Capricorn ဖွားတွေကတော့ Crush တဲ့အခါ တစ်ခါတစ်လေတော့ Crush သဘောမျိုးပဲ ပေါ့ပေါ့ပါးပါး သဘောထားကြပေမယ့် တစ်ခါတလေကျရင်တော့ အ ဲCrushကနေ တစ်ဘဝလုံးစာအတွက် ရည်ရွယ်ပြီး အရမ်းလေးနက်သွား တတ်ကြပါတယ်။

၁၁။ Aquarius (January 20 – February 18 )
Aquarius ဖွားတွေကတော့ Crush မိပြီဆိုရင် Crushရဲ့သူငယ်ချင်းတွေနဲ့ ခင်အောင်ပေါင်းပြီးတော့ သူတို့အကူအညီနဲ့ Crushနားမှာ တစ်ချိန်လုံးဝဲနေလို့ရအောင် ကြိုးစားကြပါတယ်။ Crushကိုလည်း သူငယ်ချင်းတစ်ယောက်လိုပဲ ဆက်ဆံတော့ ကိုယ်ကြိုက်နေတာကို ဘယ်သူမှ ရိပ်မိမှာမဟုတ်ပါဘူး။

၁၂။ Pisces (February 19 – March 20 )
Pisces ရာသီဖွားတွေကတော့ crush ကိုကြိုက်တယ်လို့ ဖွင်ေ့ပြာမယ့်အစား သေဆို သေမယ့်လူမျိုးတွေပါ။ အဲဒီအစား crushအပေါ်ထားတဲ့ ကိုယ်ရဲ့ခံစားချက်တွေကို သီချင်းလုပ်ရေးတာတို့ ပန်းချီဆွဲတာတို့တွေနဲ့ ခံစားရင်ဖွင့်တဲ့သူမျိုးပါ။

Ref; zodiacsigns

154 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.