အဆာပြေ ခေါက်ဆွဲလိပ်ကြော် ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
၁။ ခေါက်ဆွဲဖတ်
၂။ အသီးအရွက် ( နှစ်သက်ရာ )
၃။ ကြက်သွန်ဖြူ
၎။ ခရုဆီ
၅။ တရုတ်နံနံ
၆။ ပဲငံပြာရည်
၇။ ဟင်းခတ်မှုန့်
ပြုလုပ်နည်း
၅။ ခရုဆီ ထည့်မွှေပေးပါ။
အဆိုပါ ခေါက်ဆွဲကြော် ကော်ပြန့်လိပ်ကို နှစ်သက်ရာ အချဉ်ရည်၊ ရေနွေးကြမ်းဖြင့် အဆာပြေ သုံးဆောင်နိုင်ပါတယ်။
[ Unicode ]
ကိုယ်အလေးချိန်ထိန်းနေလို့ ထမင်းမစားချင်ဘူး၊ အဆာပြေလေးတစ်ခုခု စားချင်ပါတယ်ဆိုရင်တော့ မြန်မာလူမျိုးတို့ရဲ့ ခံတွင်းနဲ့ ကိုက်ညီအောင် ပြုပြင်ထားတဲ့ ခေါက်ဆွဲလိပ်ကြော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ခေါက်ဆွဲဖတ်
၂။ အသီးအရွက် ( နှစ်သက်ရာ )
၃။ ကြက်သွန်ဖြူ
၄။ ခရုဆီ
၅။ တရုတ်နံနံ
၆။ ပဲငံပြာရည်
၇။ ဟင်းခတ်မှုန့်
ပြုလုပ်နည်း
၁။ ခေါက်ဆွဲဖတ်ကို ပဲငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့်ထည့်ပြီး နယ်ထားပါ။
၂။ ကြက်သွန်ဖြူအနည်းငယ်ကို ကြိတ်ပြီး ဆီသတ်ပါ။
၃။ ပါးပါးလှီးထားတဲ့ အသီး အရွက်ထည့်ကြော်ပါ။
၄။ အရသာနယ်ထားတဲ့ ခေါက်ဆွဲဖတ် ထည့်မွှေပါ။
၅။ ခရုဆီ ထည့်မွှေပေးပါ။
၆။ တရုတ် နံနံအုပ် ပီးမွှေပေးပါ။
ငရုတ်ကောင်းကြိုက်သူများ အမှုန့်အနည်းငယ်ထည့်နိုင်ပါတယ်။
တရုတ်မဆလာကြိုက်သူများ ထည့်နိုင်ပါတယ်။
ဝက်အူချောင်း,ကြက်အူချောင်းကြိုက်ရင် ပါးပါးလှီးထည့်ပီး
အသား,အသဲနဲ့ ကြော်ပေးလည်း စားကောင်းစေပါတယ်။
၇။ ရေနွေးဖျောထားတဲ့ Rice Paper ကော်ပြန့်ရွက်ကို ခေါက်ဆွဲကြော်ထည့်ပြီး ကော်ပြန့်လိပ်သလို လိပ်ပေးပါ။
အဆိုပါ ခေါက်ဆွဲ ကော်ပြန့်လိပ်ကို နှစ်သက်ရာ အချဉ်ရည်၊ ရေနွေးကြမ်းဖြင့် အဆာပြေ သုံးဆောင်နိုင်ပါတယ်။
Ref; asianfoods
401 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.