အဆီပိုေတြေရွာင္ ကန္စြန္း႐ြက္ေပါင္းစားရေအာင္

စားလို႔လည္းေကာင္း၊ ဆီနည္းနည္းပဲပါလို႔ က်န္းမာေရးနဲ႔သင့္ေတာ္တဲ့ ကန္စြန္း႐ြက္ေပါင္းနည္းေလး Trend ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
၁။ ကန္စြန္း႐ြက္ – ၅ စည္း (ႏုတဲ့အပိုင္းေတြကိုသာ ေ႐ြးခ်ယ္သန႔္စင္ထားရန္)
၂။ ဆန္မႈန႔္အစိမ္း – ၂၀ က်ပ္သား
၃။ ပဲမႈန႔္အစိမ္း – အနည္းငယ္
၄။ ေျမပဲစိမ္း – ၁၀ က်ပ္သား (မညက္တညက္ေထာင္းထားရန္)
၅။ ရွမ္းပဲပုပ္ – ၂ ခ်ပ္ (မီးကင္ၿပီး ညက္ေနေအာင္ေထာင္းရန္)
၆။ ဂ်င္း – အနည္းငယ္ (ညက္ေနေအာင္ေထာင္းရန္)
၇။ ၾကက္သြန္ျဖဴ – အနည္းငယ္ (ဂ်င္းနဲ႔ေရာၿပီး ညက္ေနေအာင္ေထာင္းရန္)
၈။ ခရမ္းခ်ဥ္သီး – ၃ လုံး (ပါးပါးလွီးထားရန္)

ျပဳလုပ္နည္း
၁။ သန႔္စင္ထားတဲ့ ကန္စြန္း႐ြက္ေတြကို ေရစင္ေအာင္ေဆးၿပီး စစ္ထားပါ။ ဇလုံတစ္ခုထဲကို ဆန႔္မႈန႔္၊ ပဲမႈန႔္၊ ပဲပုပ္ေထာင္း၊ ေျမပဲ၊ ခရမ္းခ်ဥ္သီး၊ ဆား၊ ဟင္းခတ္မႈန႔္အားလုံးနဲ႔ ေရကိုသင့္ေတာ္႐ုံထည့္ၿပီး ေရာနယ္ပါ။
၂။ ကန္စြန္း႐ြက္စည္းေတြကို မုန႔္ႏွစ္ရည္ထဲ ႏွစ္လိုက္ပါ။ မုန႔္ႏွစ္ရည္နည္းေနရင္ ေရထပ္ထည့္ပါ။ မုန႔္ႏွစ္ရည္လူးထားတဲ့ ကန္စြန္း႐ြက္ေတြကို ေပါင္းအိုးထဲစီထည့္လိုက္ပါ။ ေပါင္းအိုးအေငြ႕ေကာင္းေကာင္းဝင္ေအာင္ ကန္စြန္း႐ြက္အစည္းေတြၾကားထဲမွာ အေပါက္ေလးေတြေဖာက္ေပးပါ။ ေပါင္းအိုးအဖုံးကို ေသခ်ာပိတ္ၿပီး ၁၅ မိနစ္၊ မိနစ္ ၂၀ ေလာက္ေပါင္းလိုက္ရင္ အရသာလည္းရွိ က်န္းမာေရးအတြက္လည္း သင့္ေတာ္တဲ့ ကန္စြန္း႐ြက္ေပါင္းတစ္ခြက္ရပါၿပီ။

၃။ ကန္စြန္း႐ြက္ေပါင္းနဲ႔ တြဲဖက္စားဖို႔အတြက္ ၾကက္သြန္ျဖဴ ၁၅ တက္ေလာက္ကို မညက္တညက္ေထာင္းၿပီး ဆီသတ္ထားပါ။ င႐ုပ္သီးေျခာက္ လက္တစ္ဆုပ္စာကို မီးေအးေအးနဲ႔ေလွာ္ၿပီး ေထာင္းပါ။ ေထာင္းၿပီးရလာတဲ့အမႈန႔္ကို ႏွမ္းအနည္းငယ္ေရာၿပီး ဆီပူေလာင္းခ်လိုက္ပါ။

ၿပီးရင္ေတာ့ ရလာတဲ့ကန္စြန္း႐ြက္ေပါင္းေတြကို ကပ္ေၾကးနဲ႔ညႇပ္ၿပီး ၾကက္သြန္ျဖဴဆီခ်က္၊ င႐ုပ္သီးဆီခ်က္၊ ႏွစ္သက္ရာအေၾကာ္စုံတို႔နဲ႔ တြဲဖက္စားသုံးႏိုင္ၿပီျဖစ္ပါတယ္။

[ Unicode ]

စားလို့လည်းကောင်း၊ ဆီနည်းနည်းပဲပါလို့ ကျန်းမာရေးနဲ့သင့်တော်တဲ့ ကန်စွန်းရွက်ပေါင်းနည်းလေး Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ကန်စွန်းရွက် – ၅ စည်း (နုတဲ့အပိုင်းတွေကိုသာ ရွေးချယ်သန့်စင်ထားရန်)
၂။ ဆန်မှုန့်အစိမ်း – ၂၀ ကျပ်သား
၃။ ပဲမှုန့်အစိမ်း – အနည်းငယ်
၄။ မြေပဲစိမ်း – ၁၀ ကျပ်သား (မညက်တညက်ထောင်းထားရန်)
၅။ ရှမ်းပဲပုပ် – ၂ ချပ် (မီးကင်ပြီး ညက်နေအောင်ထောင်းရန်)
၆။ ဂျင်း – အနည်းငယ် (ညက်နေအောင်ထောင်းရန်)
၇။ ကြက်သွန်ဖြူ – အနည်းငယ် (ဂျင်းနဲ့ရောပြီး ညက်နေအောင်ထောင်းရန်)
၈။ ခရမ်းချဉ်သီး – ၃ လုံး (ပါးပါးလှီးထားရန်)

ပြုလုပ်နည်း
၁။ သန့်စင်ထားတဲ့ ကန်စွန်းရွက်တွေကို ရေစင်အောင်ဆေးပြီး စစ်ထားပါ။ ဇလုံတစ်ခုထဲကို ဆန့်မှုန့်၊ ပဲမှုန့်၊ ပဲပုပ်ထောင်း၊ မြေပဲ၊ ခရမ်းချဉ်သီး၊ ဆား၊ ဟင်းခတ်မှုန့်အားလုံးနဲ့ ရေကိုသင့်တော်ရုံထည့်ပြီး ရောနယ်ပါ။
၂။ ကန်စွန်းရွက်စည်းတွေကို မုန့်နှစ်ရည်ထဲ နှစ်လိုက်ပါ။ မုန့်နှစ်ရည်နည်းနေရင် ရေထပ်ထည့်ပါ။ မုန့်နှစ်ရည်လူးထားတဲ့ ကန်စွန်းရွက်တွေကို ပေါင်းအိုးထဲစီထည့်လိုက်ပါ။ ပေါင်းအိုးအငွေ့ကောင်းကောင်းဝင်အောင် ကန်စွန်းရွက်အစည်းတွေကြားထဲမှာ အပေါက်လေးတွေဖောက်ပေးပါ။ ပေါင်းအိုးအဖုံးကို သေချာပိတ်ပြီး ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပေါင်းလိုက်ရင် အရသာလည်းရှိ ကျန်းမာရေးအတွက်လည်း သင့်တော်တဲ့ ကန်စွန်းရွက်ပေါင်းတစ်ခွက်ရပါပြီ။

၃။ ကန်စွန်းရွက်ပေါင်းနဲ့ တွဲဖက်စားဖို့အတွက် ကြက်သွန်ဖြူ ၁၅ တက်လောက်ကို မညက်တညက်ထောင်းပြီး ဆီသတ်ထားပါ။ ငရုပ်သီးခြောက် လက်တစ်ဆုပ်စာကို မီးအေးအေးနဲ့လှော်ပြီး ထောင်းပါ။ ထောင်းပြီးရလာတဲ့အမှုန့်ကို နှမ်းအနည်းငယ်ရောပြီး ဆီပူလောင်းချလိုက်ပါ။

ပြီးရင်တော့ ရလာတဲ့ကန်စွန်းရွက်ပေါင်းတွေကို ကပ်ကြေးနဲ့ညှပ်ပြီး ကြက်သွန်ဖြူဆီချက်၊ ငရုပ်သီးဆီချက်၊ နှစ်သက်ရာအကြော်စုံတို့နဲ့ တွဲဖက်စားသုံးနိုင်ပြီဖြစ်ပါတယ်။

Ref; myanmarfoods

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.