ေအာင္ျမင္လိုသူတိုင္း လိုက္နာစရာ ဥပေဒသ အျဖာျဖာ

သာမာန္ဘ၀ကေန ဘီလ်ံနာဘ၀ကို ေျပာင္းလဲေအာင္ျမင္ခဲ့သူတို႔ရဲ႕ လိုက္နာစရာ ဥပေဒသမ်ားကို Trend ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလုိက္ပါတယ္။

၁။ ဥပေဒသ – အလုပ္ႀကိဳးစားပါ။ ဘ၀အတြက္လည္း အခ်ိန္ေပးပါ။
ဘီလ်ံနာ Richard Branson ဟာ ဘ၀ကို ေပ်ာ္ေပ်ာ္ႀကီးျဖတ္သန္းတတ္သူတစ္ေယာက္ျဖစ္ပါတယ္။ သူက အလုပ္ကို ႀကိဳးစားသလို ဘ၀မွာ ေပ်ာ္ရႊင္ေနဖို႔ကိုလည္း ႀကိဳးစားသူတစ္ေယာက္ျဖစ္ပါတယ္။

၂။ ဥပေဒသ – စိတ္အားထက္သန္မႈေနာက္ကို လိုက္ပါ။
ကိုယ့္စိတ္၀င္စားတဲ့အရာနဲ႔ ပတ္သက္ၿပီး စီးပြားေရးလုပ္တတ္သူကို ေျပာပါဆိုရင္ GoPro လုပ္ငန္းပိုင္ရွင္ Nick Woodman က အေကာင္းဆံုးဥပမာျဖစ္ပါတယ္။ သူ႔ရဲ႕ GoPro အက္ရွင္ကင္မရာေတြက စြန္႔စား အားကစားသမားေတြနဲ႔ စြန္႔စားမႈရွာေဖြသူေတြအၾကားမွာ ေရပန္းစားခဲ့ၿပီး သူတို႔ရဲ႕ စိတ္အားထက္သန္မႈကို ေဖာ္ျပႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။

၃။ ဥပေဒသ – ေငြေၾကးသေဘာတရား နားလည္ပါ။
အင္တာနက္ နည္းပညာေခတ္မွာ အေတာ္ဆံုး ဘ႑ာေရးဆိုင္ရာအကြက္ေရႊ႕ႏိုင္သူကေတာ့ Broadcast.com ပိုင္ရွင္ Mark Cuban ပဲျဖစ္ပါတယ္။ သူ႔ရဲ႕ Broadcast.com ကို (၁၉၉၉)ခုႏွစ္ Yahoo က ေဒၚလာ (၅.၇)ဘီလီယံနဲ႔ ၀ယ္ယူသြားခဲ့တာျဖစ္ပါတယ္။ ဒီလို ေရာင္းခ်ၿပီးတဲ့ေနာက္မွာ Cuban ဟာ သေဘာတူညီခ်က္အခ်ိဳ႕ေၾကာင့္ သူ႔ရဲ႕ရွယ္ယာေတြကို ထုတ္မေရာင္းႏိုင္တဲ့ၾကားကေန Yahoo မွာ သင့္ေတာ္တဲ့ အစုရွယ္ယာကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ ေဒၚလာ သန္း(၂၀)ေလာက္အကုန္အက်ခံၿပီး လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ပဲ သူဟာ အခုခ်ိန္ထိ ရင္းႏွီးျမဳပ္ႏွံသူ ဘီလ်ံနာတစ္ဦးအျဖစ္ရပ္တည္ေနႏိုင္တာ ျဖစ္ပါတယ္။

၄။ ဥပေဒသ – ဆက္သြယ္ေပးသူ တစ္ေယာက္ျဖစ္ပါေစ။
ေအာင္ျမင္ခ်မ္းသာသူတစ္ေယာက္ျဖစ္ဖို႔အတြက္ အေရးအႀကီးဆံုးလိုအပ္ခ်က္ေတြထဲက တစ္ခုကေတာ့ ဘယ္သူေတြကို သင္သိလဲဆိုတာပါပဲ။ လူေတြကို ဆက္သြယ္ေပးႏိုင္ၿပီး ဘီလ်ံနာျဖစ္လာခဲ့သူတစ္ေယာက္ကေတာ့ Facebook တည္ေထာင္သူ Mark Zuckerberg ပဲျဖစ္ပါတယ္။ သူက ဆက္သြယ္မႈရဲ႕ စြမ္းအားကို အသံုးခ်ၿပီး ကမာၻေပၚမွာရွိတဲ့လူေတြကို နီးကပ္ေအာင္ လုပ္ေဆာင္ေပးႏိုင္ခဲ့ပါတယ္။ အခုဆိုရင္ အင္တာနဲ႔ အသံုးျပဳသူ (၃)ဦးမွာ (၂)ဦးက Facebook ကိုသံုးစြဲေနသူေတြ ျဖစ္ပါတယ္။

၅။ ဥပေဒသ – ကိုယ့္စိတ္တိုင္းက် ျဖစ္ပါေစ။
ဒီအခ်က္နဲ႔ ပတ္သက္လို႔ကေတာ့ Tim Ferriss ကို မွီႏိုင္သူ မရွိေလာက္ပါဘူး။ သူ႔မွာ ကိုယ္ပိုင္အယူအဆေတြ ရွိေနၿပီး ကိုယ္ပိုင္တန္ဖိုးေတြေပၚမွာ မူတည္ၿပီးေတာ့ပဲ ဆံုးျဖတ္တတ္သူျဖစ္ပါတယ္။ သူ႕ရဲ႕စံခ်ိန္ေတြနဲ႔ ကိုက္ညီမႈမရွိရင္ ရင္းႏွီးျမဳပ္ႏွံဖို႔ စိတ္မ၀င္စားတတ္သလို သူ ဂုဏ္ယူလို႔ရမယ့္ ကုမၸဏီေတြမွာ ရင္းႏွီးျမဳပ္ႏွံသူ ျဖစ္ပါတယ္။

၆။ အရာရာကို ပိုေကာင္းလာေအာင္ လုပ္ေဆာင္ပါ။
ကမာၻေပၚမွာ ဘယ္သူကမွ Elon Musk ေလာက္ အရာရာကို ပိုေကာင္းလာေစခ်င္တဲ့ စိတ္ကူးမရွိေလာက္ပါဘူး။ Elon Musk ပိုင္ဆိုင္တဲ့ Space X, Tesla ကေန Solar City အထိ လုပ္ငန္းေတြအားလံုးနဲ႔ သူ႔ဘ၀တစ္ခုလံုးက ကမာၻေလာကႀကီးနဲ႔ လူသားေတြအတြက္ ပိုေကာင္းလာတာေတြပဲ ဖန္တီးေပးႏိုင္ေအာင္ ရည္ရြယ္ထားသူ ျဖစ္ပါတယ္။

[ Unicode ]

သာမာန်ဘဝကနေ ဘီလျံနာဘဝကို ပြောင်းလဲအောင်မြင်ခဲ့သူတို့ရဲ့ လိုက်နာစရာ ဥပဒေသများကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

၁။ ဥပဒေသ – အလုပ်ကြိုးစားပါ။ ဘဝအတွက်လည်း အချိန်ပေးပါ။
ဘီလျံနာ Richard Branson ဟာ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းတတ်သူတစ်ယောက်ဖြစ်ပါတယ်။ သူက အလုပ်ကို ကြိုးစားသလို ဘဝမှာ ပျော်ရွှင်နေဖို့ကိုလည်း ကြိုးစားသူတစ်ယောက်ဖြစ်ပါတယ်။

၂။ ဥပဒေသ – စိတ်အားထက်သန်မှုနောက်ကို လိုက်ပါ။
ကိုယ့်စိတ်ဝင်စားတဲ့အရာနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်တတ်သူကို ပြောပါဆိုရင် GoPro လုပ်ငန်းပိုင်ရှင် Nick Woodman က အကောင်းဆုံးဥပမာဖြစ်ပါတယ်။ သူ့ရဲ့ GoPro အက်ရှင်ကင်မရာတွေက စွန့်စား အားကစားသမားတွေနဲ့ စွန့်စားမှုရှာဖွေသူတွေအကြားမှာ ရေပန်းစားခဲ့ပြီး သူတို့ရဲ့ စိတ်အားထက်သန်မှုကို ဖော်ပြနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

၃။ ဥပဒေသ – ငွေကြေးသဘောတရား နားလည်ပါ။
အင်တာနက် နည်းပညာခေတ်မှာ အတော်ဆုံး ဘဏ္ဍာရေးဆိုင်ရာအကွက်ရွှေ့နိုင်သူကတော့ Broadcast.com ပိုင်ရှင် Mark Cuban ပဲဖြစ်ပါတယ်။ သူ့ရဲ့ Broadcast.com ကို (၁၉၉၉)ခုနှစ် Yahoo က ဒေါ်လာ (၅.၇)ဘီလီယံနဲ့ ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်။ ဒီလို ရောင်းချပြီးတဲ့နောက်မှာ Cuban ဟာ သဘောတူညီချက်အချို့ကြောင့် သူ့ရဲ့ရှယ်ယာတွေကို ထုတ်မရောင်းနိုင်တဲ့ကြားကနေ Yahoo မှာ သင့်တော်တဲ့ အစုရှယ်ယာကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဒေါ်လာ သန်း(၂၀)လောက်အကုန်အကျခံပြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူဟာ အခုချိန်ထိ ရင်းနှီးမြုပ်နှံသူ ဘီလျံနာတစ်ဦးအဖြစ်ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။

၄။ ဥပဒေသ – ဆက်သွယ်ပေးသူ တစ်ယောက်ဖြစ်ပါစေ။
အောင်မြင်ချမ်းသာသူတစ်ယောက်ဖြစ်ဖို့အတွက် အရေးအကြီးဆုံးလိုအပ်ချက်တွေထဲက တစ်ခုကတော့ ဘယ်သူတွေကို သင်သိလဲဆိုတာပါပဲ။ လူတွေကို ဆက်သွယ်ပေးနိုင်ပြီး ဘီလျံနာဖြစ်လာခဲ့သူတစ်ယောက်ကတော့ Facebook တည်ထောင်သူ Mark Zuckerberg ပဲဖြစ်ပါတယ်။ သူက ဆက်သွယ်မှုရဲ့ စွမ်းအားကို အသုံးချပြီး ကမ္ဘာပေါ်မှာရှိတဲ့လူတွေကို နီးကပ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် အင်တာနဲ့ အသုံးပြုသူ (၃)ဦးမှာ (၂)ဦးက Facebook ကိုသုံးစွဲနေသူတွေ ဖြစ်ပါတယ်။

၅။ ဥပဒေသ – ကိုယ့်စိတ်တိုင်းကျ ဖြစ်ပါစေ။
ဒီအချက်နဲ့ ပတ်သက်လို့ကတော့ Tim Ferriss ကို မှီနိုင်သူ မရှိလောက်ပါဘူး။ သူ့မှာ ကိုယ်ပိုင်အယူအဆတွေ ရှိနေပြီး ကိုယ်ပိုင်တန်ဖိုးတွေပေါ်မှာ မူတည်ပြီးတော့ပဲ ဆုံးဖြတ်တတ်သူဖြစ်ပါတယ်။ သူ့ရဲ့စံချိန်တွေနဲ့ ကိုက်ညီမှုမရှိရင် ရင်းနှီးမြုပ်နှံဖို့ စိတ်မဝင်စားတတ်သလို သူ ဂုဏ်ယူလို့ရမယ့် ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံသူ ဖြစ်ပါတယ်။

၆။ အရာရာကို ပိုကောင်းလာအောင် လုပ်ဆောင်ပါ။
ကမ္ဘာပေါ်မှာ ဘယ်သူကမှ Elon Musk လောက် အရာရာကို ပိုကောင်းလာစေချင်တဲ့ စိတ်ကူးမရှိလောက်ပါဘူး။ Elon Musk ပိုင်ဆိုင်တဲ့ Space X, Tesla ကနေ Solar City အထိ လုပ်ငန်းတွေအားလုံးနဲ့ သူ့ဘဝတစ်ခုလုံးက ကမ္ဘာလောကကြီးနဲ့ လူသားတွေအတွက် ပိုကောင်းလာတာတွေပဲ ဖန်တီးပေးနိုင်အောင် ရည်ရွယ်ထားသူ ဖြစ်ပါတယ်။

Ref; successquotes

59 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.