မိန္းကေလးတိုင္းကို အပီအျပင္ ေၾကြဆင္းသြားမယ့္ Chat နည္း ၅ မ်ိဳး

အြန္လိုင္းေပၚမွာ ေကာင္မေလးတစ္ေယာက္ကို စကားသြားေျပာတာကလည္း ပထမဆံုးအႀကိမ္ခ်ိန္းေတြ႕သလို အေရးႀကီးပါတယ္။ ဒါ့ေၾကာင့္ မိန္းကေလးရဲ႕ အာ႐ုံကိုဖမ္းစားႏိုင္ၿပီး စိတ္ဝင္စားမႈကို အရယူႏိုင္မယ့္ Chat နည္း ၅ မ်ိဳးကို တင္ဆက္ေပးလိုက္ပါတယ္။

၁။ ယုံၾကည္မႈရွိပါ
ဒီအခ်က္ကို ၾကားဖူးၿပီးသား ျဖစ္ႏိုင္ပါတယ္။ ယုံၾကည္မႈရွိရင္ အလုပ္ျဖစ္တာကေတာ့ ေသခ်ာပါတယ္။ မိမိကိုယ္ကို ယုံၾကည္မႈရွိျခင္းက အမ်ိဳးသားေတြအတြက္ အႀကီးမားဆံုးဆြဲေဆာင္မႈတစ္ခုျဖစ္ပါတယ္။

၂။ စိတ္၀င္စားပါ
ကိုယ့္အေၾကာင္းေတြပဲ ကိုယ္ေျပာေနတဲ့ ေယာကၤ်ားမ်ိဳးကို မိန္းကေလးေတြက သေဘာမက်ပါဘူး။ အျပန္အလွန္စကားေျပာတဲ့အခ်ိန္မွာလည္း စိတ္မ၀င္စားသလိုျဖစ္ေနတာ၊ တုံ႔ျပန္မႈ ေႏွးေကြးတာေတြက မိန္းကေလးေတြကို ပိုၿပီးစိတ္ပ်က္ေစပါတယ္။ ဒါ့ေၾကာင့္ စပ္စုတဲ့သေဘာမဟုတ္ပဲ သိခ်င္စိတ္နဲ႔ ေမးခြန္းေတြေမးပါ။ သူမ ဘာကိုႀကိဳက္တတ္လဲ၊ ဘာလို႔ႀကိဳက္တာလဲ စတဲ့ေမးခြန္းေလးေတြက မိန္းကေလးကို စကားဆက္ေျပာေနေစမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ အရမ္းစပ္စုတာမ်ိဳးေတာ့ မျဖစ္ေအာင္ ဂ႐ုစိုက္ပါ။ စည္းတစ္ခုသတ္မွတ္ၿပီး ေမးျမန္းေျပာဆိုတတ္ဖို႔ လိုပါတယ္။

၃။ ဂ႐ုစိုက္ျပပါ
မိန္းကေလးတစ္ေယာက္နဲ႔ အြန္လိုင္းေပၚမွာ မၾကာခဏစကားေျပာျဖစ္ေနၿပီဆိုရင္ သူမရဲ႕ဘ၀ကို ဂ႐ုစိုက္တဲ့လကၡဏာေတြ လုပ္ေဆာင္ေပးတတ္ဖို႔ လိုပါတယ္။ ဒီေန႔အလုပ္မွာ ပင္ပန္းလာတယ္လို႔ ေျပာလာခဲ့ရင္ စိတ္သက္သာရာရေအာင္ ေျပာဆိုႏွစ္သိမ့္ေပးပါ။ အရင္ေန႔က ေခါင္းကိုက္တယ္လို႔ ေျပာထားဖူးတာရွိရင္ ဒီေန႔မွာ ေနလို႔ေကာင္းသြားၿပီလား၊ အဆင္ေျပရဲ႕လား ေမးပါ။ စိတ္ပူဂ႐ုစိုက္ျပတာက သူမဟာ အေရးႀကီးတယ္လို႔ ခံစားသြားရေစမွာ ျဖစ္ပါတယ္။ သူမေျပာခ်င္တာေတြကို နားေထာင္ေပးတာကလည္း အမွတ္ေကာင္းေကာင္းရေစမွာပါ။

၄။ ေတြ႕ခြင့္ရဖို႔ ေျပာပါ
မိန္းကေလးတစ္ေယာက္နဲ႔ အျပန္အလွန္ခင္မင္မႈရရွိၿပီး သင္နဲ႔စကားေျပာရတာကိုလည္း သေဘာက်ေနတယ္လို႔ ယူဆရၿပီဆိုရင္ ေနာက္တဆင့္တက္ဖို႔ အခ်ိန္ေရာက္ပါၿပီ။ သူမကို ျမင္ခ်င္ေတြ႕ခ်င္တဲ့ စိတ္ရွိေၾကာင္း ေဖာ္ျပတတ္ဖို႔ လိုပါတယ္။ စာ႐ိုက္ၿပီးေျပာေနတာထက္ Video call နဲ႔ မ်က္ႏွာၾကည့္ၿပီး ေျပာႏိုင္ဖို႔ ႀကိဳးစားရမွာပါ။ ဒါေပမယ့္ ဒီလိုေျပာခြင့္ရဖို႔ ေတာင္းဆိုတာကိုေတာ့ မွန္ကန္တဲ့အခ်ိန္ျဖစ္ဖို႔ လိုပါတယ္။ စာ႐ိုက္ၿပီး စကားေျပာတာ သိပ္မၾကာေသးပဲ ခင္မင္ရင္းႏွိးကာစ အေျခအေနမွာဆိုရင္ မေတာင္းဆိုသင့္ေသးပါဘူး။ အတိုင္းအတာတစ္ခုအထိ ခင္မင္ရင္းႏွီးၿပီးမွ ေတာင္းဆိုသင့္ပါတယ္။

၅။ အစစ္အမွန္႐ိုးသားမႈကို ျပပါ
သူမကို ျမင္ေတြ႕ခြင့္ရၿပီဆိုတာနဲ႔ အလွအပကို ခ်ီးက်ဴးစကားေျပာပါ။ အရွိအတိုင္းပဲေျပာပါ။ ဒီလိုအလွအပေရးရာကိစၥေတြ ေျပာတဲ့အခါမွာ အပိုေတြေလွ်ာက္ေျပာတာကို မိန္းကေလးေတြက မလိုလားပါဘူး။ ၿပီးေတာ့ မိန္းကေလးေတြဟာ သူတို႔စိတ္ထဲမွာ လံုျခံဳစိတ္ခ်ရတယ္လို႔ ခံစားရသူေတြကို သေဘာက်တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ရယ္စရာေတြေျပာပါ။ ရယ္ေမာေျပာရႊင္ရေအာင္ လုပ္ေဆာင္ပါ။

[ Unicode ]

အွန်လိုင်းပေါ်မှာ ကောင်မလေးတစ်ယောက်ကို စကားသွားပြောတာကလည်း ပထမဆုံးအကြိမ်ချိန်းတွေ့သလို အရေးကြီးပါတယ်။ ဒါ့ကြောင့် မိန်းကလေးရဲ့ အာရုံကိုဖမ်းစားနိုင်ပြီး စိတ်ဝင်စားမှုကို အရယူနိုင်မယ့် Chat နည်း ၅ မျိုးကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ ယုံကြည်မှုရှိပါ
ဒီအချက်ကို ကြားဖူးပြီးသား ဖြစ်နိုင်ပါတယ်။ ယုံကြည်မှုရှိရင် အလုပ်ဖြစ်တာကတော့ သေချာပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းက အမျိုးသားတွေအတွက် အကြီးမားဆုံးဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။

၂။ စိတ်ဝင်စားပါ
ကိုယ့်အကြောင်းတွေပဲ ကိုယ်ပြောနေတဲ့ ယောင်္ကျားမျိုးကို မိန်းကလေးတွေက သဘောမကျပါဘူး။ အပြန်အလှန်စကားပြောတဲ့အချိန်မှာလည်း စိတ်မဝင်စားသလိုဖြစ်နေတာ၊ တုံ့ပြန်မှု နှေးကွေးတာတွေက မိန်းကလေးတွေကို ပိုပြီးစိတ်ပျက်စေပါတယ်။ ဒါ့ကြောင့် စပ်စုတဲ့သဘောမဟုတ်ပဲ သိချင်စိတ်နဲ့ မေးခွန်းတွေမေးပါ။ သူမ ဘာကိုကြိုက်တတ်လဲ၊ ဘာလို့ကြိုက်တာလဲ စတဲ့မေးခွန်းလေးတွေက မိန်းကလေးကို စကားဆက်ပြောနေစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရမ်းစပ်စုတာမျိုးတော့ မဖြစ်အောင် ဂရုစိုက်ပါ။ စည်းတစ်ခုသတ်မှတ်ပြီး မေးမြန်းပြောဆိုတတ်ဖို့ လိုပါတယ်။

၃။ ဂရုစိုက်ပြပါ
မိန်းကလေးတစ်ယောက်နဲ့ အွန်လိုင်းပေါ်မှာ မကြာခဏစကားပြောဖြစ်နေပြီဆိုရင် သူမရဲ့ဘဝကို ဂရုစိုက်တဲ့လက္ခဏာတွေ လုပ်ဆောင်ပေးတတ်ဖို့ လိုပါတယ်။ ဒီနေ့အလုပ်မှာ ပင်ပန်းလာတယ်လို့ ပြောလာခဲ့ရင် စိတ်သက်သာရာရအောင် ပြောဆိုနှစ်သိမ့်ပေးပါ။ အရင်နေ့က ခေါင်းကိုက်တယ်လို့ ပြောထားဖူးတာရှိရင် ဒီနေ့မှာ နေလို့ကောင်းသွားပြီလား၊ အဆင်ပြေရဲ့လား မေးပါ။ စိတ်ပူဂရုစိုက်ပြတာက သူမဟာ အရေးကြီးတယ်လို့ ခံစားသွားရစေမှာ ဖြစ်ပါတယ်။ သူမပြောချင်တာတွေကို နားထောင်ပေးတာကလည်း အမှတ်ကောင်းကောင်းရစေမှာပါ။

၄။ တွေ့ခွင့်ရဖို့ ပြောပါ
မိန်းကလေးတစ်ယောက်နဲ့ အပြန်အလှန်ခင်မင်မှုရရှိပြီး သင်နဲ့စကားပြောရတာကိုလည်း သဘောကျနေတယ်လို့ ယူဆရပြီဆိုရင် နောက်တဆင့်တက်ဖို့ အချိန်ရောက်ပါပြီ။ သူမကို မြင်ချင်တွေ့ချင်တဲ့ စိတ်ရှိကြောင်း ဖော်ပြတတ်ဖို့ လိုပါတယ်။ စာရိုက်ပြီးပြောနေတာထက် Video call နဲ့ မျက်နှာကြည့်ပြီး ပြောနိုင်ဖို့ ကြိုးစားရမှာပါ။ ဒါပေမယ့် ဒီလိုပြောခွင့်ရဖို့ တောင်းဆိုတာကိုတော့ မှန်ကန်တဲ့အချိန်ဖြစ်ဖို့ လိုပါတယ်။ စာရိုက်ပြီး စကားပြောတာ သိပ်မကြာသေးပဲ ခင်မင်ရင်းနှိးကာစ အခြေအနေမှာဆိုရင် မတောင်းဆိုသင့်သေးပါဘူး။ အတိုင်းအတာတစ်ခုအထိ ခင်မင်ရင်းနှီးပြီးမှ တောင်းဆိုသင့်ပါတယ်။

၅။ အစစ်အမှန်ရိုးသားမှုကို ပြပါ
သူမကို မြင်တွေ့ခွင့်ရပြီဆိုတာနဲ့ အလှအပကို ချီးကျူးစကားပြောပါ။ အရှိအတိုင်းပဲပြောပါ။ ဒီလိုအလှအပရေးရာကိစ္စတွေ ပြောတဲ့အခါမှာ အပိုတွေလျှောက်ပြောတာကို မိန်းကလေးတွေက မလိုလားပါဘူး။ ပြီးတော့ မိန်းကလေးတွေဟာ သူတို့စိတ်ထဲမှာ လုံခြုံစိတ်ချရတယ်လို့ ခံစားရသူတွေကို သဘောကျတတ်ကြပါတယ်။ ဒါ့ကြောင့် ရယ်စရာတွေပြောပါ။ ရယ်မောပြောရွှင်ရအောင် လုပ်ဆောင်ပါ။

Ref; nicechatting

 

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.