ယောက်ျားလေးတစ်ယောက်က သင့်ကို Crush နေကြောင်း သိသာစေတဲ့ အချက်များ
၁။ မကြာခဏ ကြည့်နေတတ်တယ်
၂။ အမြဲ တွေ့နေရတတ်တယ်
၃။ ဥပေက္ခာ ပြုတတ်တယ်
[ Unicode ]
ယောက်ျားလေးတစ်ယောက်က သင့်ကို စိတ်ဝင်စားနေရင် ပြုလုပ်တတ်တဲ့ အပြုအမူလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ဒီတော့ ဒီအပြုအမူလေးတွေ သူ့ဆီမှာ ရှိမရှိ ကြည့်လိုက်ရအောင်။
၁။ မကြာခဏ ကြည့်နေတတ်တယ်
မကြာခဏ ကိုယ်နဲ့ မျက်လုံးချင်း ဆုံမိနေတဲ့ ကောင်လေးကို သတိထားပါ။ သူက သင့်ကို စိတ်ဝင်စားမှု ရှိနေတာ ငါးဆယ်ရာခိုင်နှုန်း သေချာနေလို့ပါ။ အကြည့်ချင်း ဆုံတယ် ဆိုကတည်းက သူက သင့်ကို မကြာခဏ ကြည့်ကြည့်နေတတ်လို့ပါ။ တစ်ခါတစ်လေ စိတ်ထဲက တမျိုးတမည် ခံစားရလို့ လှည့်ကြည့်လိုက်ရင် သူ့အကြည့်တွေနဲ့ ဆုံတတ်တာမျိုးပေါ့။ ဒီလိုမျိုး မျက်လုံးချင်းဆုံတာ မကြာခဏ ဖြစ်နေပြီဆိုရင် သင့်အပေါ်မှာ သူစိတ်ဝင်စားမှု ရှိနေပါပြီ။
၂။ အမြဲ တွေ့နေရတတ်တယ်
သင့်ကို အမြဲတစေ တွေ့နေရမယ့် နေရာမျိုး၊ ဥပမာ – မနက်ခင်း ရုံးသွားချိန်တွေ၊ ရုံးပြန်ချိန်လိုမျိုးတွေ၊ ကိုယ်သွားတတ်တဲ့ စာအုပ်ဆိုင်တို့၊ ကော်ဖီဆိုင်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း မထင်မှတ်ဘဲ တွေ့နေရတတ်ပါတယ်။ တစ်ခါ တစ်ရံမှာ တိုက်ဆိုင်တာ ဖြစ်ပေမယ့်၊ တစ်ခါတစ်ရံမှာတော့ သင်နဲ့ မဆုံဆုံအောင် သူ့ဘက်က အထူးတလည် ကြိုးစားတာ ဖြစ်ပါတယ်။
၃။ ဥပေက္ခာ ပြုတတ်တယ်
သူ့ရဲ့ အပြုအမူတွေကြောင့် သူကိုယ့်ကို စိတ်ဝင်စားနေမှာပဲလို့ ထင်ခဲ့ပေမယ့် တစ်ခါတစ်ရံမှာတော့ မထင်မှတ်ထားလောက်အောင် သူစိမ်းဆန်ဆန် ဥပေက္ခာပြုတာမျိုး ကြုံဖူးမှာပါ။ အဲ့ဒါလည်း သူ့ရဲ့ စိတ်ဝင်စားနေမှုကို မပေါ်လွင်အောင် ဖုံးကွယ်တဲ့ အျပုအမူ တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ကောင်လေးတစ်ယောက်က တစ်ခါတစ်ရံမှာ ကိုယ့်ကို စိတ်ဝင်တစား လိုက်လိုက်ကြည့်နေတတ်ပြီး တစ်ခါတစ်ရံမှာတော့ လုံးဝမသိချင်ယောင် ဆောင်နေတတ်ရင် ကိုယ့်ကို စိတ်ဝင်စားနေလို့ ဖြစ်ပါတယ်။
သေချာပါတယ်။ ဒီအပြုအမူတွေ ရှိနေရင် သူ သင့်ကို Crush နေပါပြီ။
Ref; crushsigns
268 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.