ငွေရဲ့ အရှင်သခင်ဖြစ်အောင်
၁။ ဝင်ငွေထဲက စုပါ
၃။ အကြွေးကင်းအောင်နေပါ
၎။ ရင်းနှီးမြှပ်နှံပါ
[ Unicode ]
ကိုယ်ရှာထားတဲ့ ငွေကို ခိုင်းတတ်စေတတ်ရင် မချမ်းသာတောင် မကြောင့်ကြရတော့ပါဘူး။ ဒါကြောင့် ငွေရဲ့ အရှင်သခင် ဖြစ်စေတဲ့ နည်းလမ်းတွေကို Trend ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
၁။ ဝင်ငွေထဲက စုပါ
ပိုက်ဆံစုဖို့မမေ့ပါနဲ့။ ရာခိုင်နှုန်း နည်းရင်တောင်မှ ငွေစုဖြစ်အောင် စုသင့်ပါတယ်။ ငွေစုခြင်းဟာ ကာလရှည်ကြာလေလေ အကျိုးရှိလေလေပါပဲ။
၂။ ကြိုးစားရှာပါ၊ ချွေတာသုံးပါ
အလွန်ရိုးလှတဲ့ ငွေကြေး စည်းမျဉ်းတစ်ခုက ငွေကို ပိုရှာဖို့နဲ့အသုံးအစွဲ စိစစ်ဖို့ပါပဲ။ တစ်ခါတစ်လေမှာ အသေးသုံးလေးတွေကြောင့် စာရင်းပျောက်သွားတဲ့ ငွေတွေ သိန်းဂဏန်းများစွာ ရှိတာ တွေ့ရမှာပါ။ သေးငယ်တဲ့ ယိုပေါက်ဟာ ကြီးမားတဲ့ သင်္ဘောကြီးတစ်စီးလုံးကိုတောင် နှစ်မြှုပ်နိုင်စွမ်း ရှိပါတယ်။
၃။ အကြွေးကင်းအောင်နေပါ
ပိုက်ဆံအချေးအငှား လက်လွယ်သူတွေဟာ အမြဲငွေကြေး ပြဿနာတက်ပါတယ်။ ငွေချေးတာကို တတ်နိုင်သမျှ ရှောင်သင့်သလို ရှိထားတဲ့ အကြွေးတွေလည်း အမြန်ဆပ်သင့်ပါတယ်။
၄။ ရင်းနှီးမြှပ်နှံပါ
လုပ်ငန်းတစ်ခု ထောင်တာ ၊ ဒါမှမဟုတ် ကိုယ်တတ်ကျွမ်းနားလည်ပြီး ယုံကြည်ထိုက်တဲ့ အလုပ်တစ်ခုခုမှာ ငွေကြေး ထည့်ဝင်တာမျိုး လုပ်မယ်ဆိုရင် ဒီငွေဟာ ကိုယ့်အိတ်ကပ်ထဲကို နောက်ထပ် ငွေပမာဏအသစ်တွေ ထည့်ပေးသွားမှာ ဖြစ်ပါတယ်။
Ref; trainexpenses
320 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.