ရာသီခြင္အလိုက္ ခ်စ္သူက သစၥာဘယ္ေလာက္ရွိတတ္လဲ

သူက ကိုယ့္ အေပၚ ဘယ္ေလာက္သစၥာရွိမလဲ၊ ဘယ္လို သစၥာရွိမလဲ ဆိုတာကို ကိုယ့္ခ်စ္သူရဲ႕ ရာသီခြင္နဲ႔ စစ္ေဆးၾကည့္ႏိုင္ဖို႔ Trend ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။ ကိုယ့္ခ်စ္သူေလးရဲ႕ ရာသီခြင္နဲ႔ ဆန္းစစ္ၾကည့္လိုက္ပါဦး။

၁။ Aries (March 21 – April 19)
ခ်စ္သူမိန္းကေလး – အခ်စ္နဲ႔ပတ္သက္လာရင္ အျပာင္းအလဲဘက္ကို စိတ္ယိုင္တတ္ေပမယ့္ တကယ္သစၥာရွိမရွိဆိုတာက သင့္အေပၚမွာပဲ မူတည္ပါတယ္။
ခ်စ္သူေယာကၤ်ားေလး – လူတစ္ေယာက္ကို ခ်စ္သြားဖို႔ဆိုတာ သူတို႔အတြက္ ခက္ခဲပါတယ္။ ခ်စ္သြားၿပီဆိုရင္လည္း တကယ္ႏွစ္ႏွစ္ကာကာ ခ်စ္တတ္ၾကတယ္။ သစၥာရွိပံုကေတာ့ ခုနကေျပာသလိုပဲ သူတို႔ရဲ႕ခ်စ္သူ အေပၚပဲ မူတည္တာပါ။

၂။ Taurus (April 20 – May 20)
ခ်စ္သူမိန္းကေလး – အခ်စ္စစ္ဆိုတာကို ယံုၾကည္တဲ့သူေတြျဖစ္ၿပီးေတာ့ သူတို႔ခ်စ္သူကို လံုးဝသစၥာရွိတဲ့သူေတြပါ။ ဘယ္ေတာ့မွ သစၥာေဖာက္မယ့္သူေတြ မဟုတ္ပါဘူး။
ခ်စ္သူေယာကၤ်ားေလး – ဒီရာသီဖြား ေကာင္ေလးေတြက အရမ္းကို ရုိးသားတဲ့သူေတြပါ။ ကိုယ့္ကို ေနာက္ေက်ာဓားနဲ႔ ထိုးမွာကို စိတ္ပူစရာမလိုပါဘူး။

၃။ Gemini (May 21 – June 20)
ခ်စ္သူမိန္းကေလး – မ်ားေသာအားျဖင့္ သစၥာရွိတတ္ၾကေပမယ့္ တစ္ခါတေလ သူတို႔ကိုယ္တိုင္ မရည္ရြယ္ဘဲ ကိုယ့္ခ်စ္သူကို သစၥာေဖာက္တတ္ၾကပါတယ္။
ခ်စ္သူေယာကၤ်ားေလး – သူတို႕ရဲ႕ေရြးခ်ယ္မႈအတြက္ အျမဲမျပတ္မသား ျဖစ္ေနတတ္ပါတယ္။ ဟိုလူကို ခ်စ္သလိုလို ၊ ဒီလူကိုကို ခ်စ္သလိုလို ေဝခြဲမရ ျဖစ္တတ္တယ္။ သစၥာေဖာက္တတ္တဲ့ ပံုစံမ်ိဳးေတာ့ မဟုတ္ေပမယ့္ ထားသြားတတ္တဲ့ အက်င့္ေတာ့ရွိပါတယ္။

၄။ Cancer ( June 21 – July 22)
ခ်စ္သူမိန္းကေလး – Cancer ေကာင္မေလးေတြက ရာသီဖြားေတြထဲမွာ ယံုၾကည္လို႔အရဆံုး ရာသီခြင္ပါပဲ။
ခ်စ္သူေယာကၤ်ားေလး – RSမွာ ဘယ္ေတာ့မွ စိတ္ႏွစ္ၿပီး မခ်စ္သလို တစ္ေယာက္မက ရည္းစားထားတတ္ပါတယ္တဲ့။

၅။ Leo (July 23 – August 22)
ခ်စ္သူမိန္းကေလး – သစၥာေဖာက္တတ္တဲ့ သူမ်ိဳးေတြေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ သူတို႔ခ်စ္သူ သစၥာေဖာက္မွာကို အျမဲစိုးရိမ္ သံသယဝင္တတ္တဲ့ သူမ်ိဳးေတြပါ။
ခ်စ္သူေယာကၤ်ားေလး – ယံုၾကည္လို႔ရတဲ့ ေကာင္ေလးေတြပါ။ RS တစ္ခုတည္ေထာင္ဖို႔ လက္တြဲေဖာ္ကို အရမ္းေရြးလြန္းတဲ့ သူေတြေပါ့။ ရည္းစားရသြားတဲ့ အခါမွာလည္း အရမ္းသစၥာရွိတဲ့ သူမ်ိဳးေတြပါ။

၆။ Virgo (August 23 – September 22)
ခ်စ္သူမိန္းကေလး – ဒီရာသီဖြားေကာင္မေလးေတြက အခ်စ္ကို ယံုၾကည္ၿပီး လံုးဝ သစၥာေဖာက္မယ့္သူေတြ မဟုတ္ပါဘူး။
ခ်စ္သူေယာကၤ်ားေလး – ေကာင္ေလးေတြကလည္း သစၥာရွိၿပီးေတာ့ RS မွာ ျဖစ္လာမယ့္ အခက္အခဲမွန္သမွ်ကို ရင္ဆိုင္ေျဖရွင္းမယ့္ သူေတြပါ။

၇။ Libra (September 23 – October 22)
ခ်စ္သူမိန္းကေလး – ဒီရာသီဖြားမိန္းကေလးေတြက သူတို႔ကိုယ္သူတို႔ သစၥာရွိတယ္လို႔ သတ္မွတ္ထားေပမယ့္ တကယ္ပိုဂရုစိုက္ေပးတဲ့လူ ၊ ပိုခ်စ္ေပးနိုင္တဲ့သူေပၚလာရင္ လက္ရွိခ်စ္သူကို ထားသြားတတ္ၾကပါတယ္။
ခ်စ္သူေယာကၤ်ားေလး – RSနဲ႔ပတ္သတ္လာရင္ နာမည္ပ်က္မရွိခ်င္ၾကတဲ့ သူေတြပါ။ သူတို႔ရဲ႕ နာမည္ကို ထိန္းသိမ္းဖို႔အတြက္ကို အဓိကထားတာေၾကာင့္ ခ်စ္သူကို ဘယ္ေတာ့မွ သစၥာမေဖာက္ပါဘူး။

၈။ Scorpio (October 23 – November 21)
ခ်စ္သူမိန္းကေလး – သူတို႔စိတ္ထိခိုက္ခံစားလာရတဲ့အခါ ထြက္ေပါက္အေနနဲ႔ ေနာက္တစ္ေယာက္အေပၚ စိတ္ယိုင္ေလ့ရွိပါတယ္။
ခ်စ္သူေယာကၤ်ားေလး –ခ်စ္သူေကာင္မေလးကို ကိုရီးယားကားထဲကလို အရမ္းရုိမန္တစ္ဆန္ဆန္ ဂရုစိုက္ေပးလို႔ ေကာင္မေလးေတြက ပစ္ေၾကြၾကတယ္။ ဒါေပမဲ့လည္း သူတို႔ေတြက ရုိမန္တစ္ေတာ္ကီေတြနဲ႔ တစ္ေယာက္ၿပီး တစ္ေယာက္တြဲေလ့ ရွိၾကပါတယ္။

၉။ Sagittarius (November 22 – December 21)
ခ်စ္သူမိန္းကေလး – အေပ်ာ္အပါးမက္တတ္လို႔ RSမွာ ၾကာၾကာျမဲေလ့မရွိပါဘူး။ တစ္ေယာက္ၿပီးတစ္ေယာက္ ေျပာင္းတတ္ပါတယ္။
ခ်စ္သူေယာကၤ်ားေလး – ေယာက်္ားေလးေတြကလည္း မိန္းကေလးေတြနဲ႔ တူတူပါပဲ။

၁၀။ Capricon (December 22 – January 19 )
ခ်စ္သူမိန္းကေလး – RS ထားရတာထက္ တစ္ေယာက္တည္းေနရတာ ပိုႀကိဳက္တဲ့ ေကာင္မေလးေတြပါ။ ဒါေပမယ့္ ရည္းစားထားၿပီဆိုရင္လည္း ရုိးသားျပီး သစၥာရွိတဲ့သူေတြပါ။
ခ်စ္သူေယာကၤ်ားေလး – ေကာင္ေလးေတြကေတာ့ ဘဝမွာႀကီးမားတဲ့ ရည္မွန္းခ်က္ရွိၿပီးေတာ့ လုပ္ငန္းခြင္မွာ ေအာင္ျမင္ေအာင္ ႀကိဳးစားေလ့ရွိတယ္။ အလုပ္နဲ႔ အခ်စ္နဲ႔ဆို အလုပ္ကို ဦးစားေပးတဲ့သူေတြ ဆိုေပမယ့္ ေဖာက္ျပန္တတ္တဲ့ထဲမွာေတာ့ မပါပါဘူး။

၁၁။ Aquarius (January 20 – February 18 )
ခ်စ္သူမိန္းကေလး – ရာသီဖြားေတြအားလံုးထဲမွာ အခ်စ္တတ္ဆံုး လူသားေတြပါ။ သူတို႔ခ်စ္သူအေပၚ ဘယ္ေတာ့မွ မေဖာက္ျပန္ပါဘူး။
ခ်စ္သူေယာကၤ်ားေလး – အျခားေကာင္မေလးေတြကို စိတ္ဝင္စားတာေတာ့ ရွိေပမယ့္ ေဖာက္ျပန္တတ္တဲ့သူေတြေတာ့ မဟုတ္ပါဘူး။

၁၂။ Pisces (February 19 – March 20 )
ခ်စ္သူမိန္းကေလး – အရမ္းရုိမန္တစ္ဆန္တတ္ၿပီးေတာ့ စိတ္ကူးယဥ္ဆန္တတ္တဲ့သူေတြပါ။ သူတို႔လက္ရွိခ်စ္သူထက္ ပိုၿပီး ရုိဆန္ရုပ္ေခ်ာ ဆြဲေဆာင္မႈရွိတဲ့သူကိုေတြ႔ရင္ အဲဒီသူဘက္ကို ခ်က္ခ်င္းစိတ္ယိုင္တတ္ပါတယ္။
ခ်စ္သူေယာကၤ်ားေလး – ရာသီခြင္အားလံုးထဲက Cheatingလုပ္တဲ့ေနရာမွာ အေတာ္ဆံုး လူသားေတြပါတဲ့။ ဆိုးတာက အဲလိုလုပ္တာေတြေၾကာင့္ ကိုယ္တကယ္ခ်စ္ရတဲ့သူကို ဆံုးရႈံးသြားလည္း ေနာင္တမရတတ္တာပါပဲ။

[ Unicode ]

သူက ကိုယ့် အပေါ် ဘယ်လောက်သစ္စာရှိမလဲ၊ ဘယ်လို သစ္စာရှိမလဲ ဆိုတာကို ကိုယ့်ချစ်သူရဲ့ ရာသီခွင်နဲ့ စစ်ဆေးကြည့်နိုင်ဖို့ Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ ကိုယ့်ချစ်သူလေးရဲ့ ရာသီခွင်နဲ့ ဆန်းစစ်ကြည့်လိုက်ပါဦး။

၁။ Aries (March 21 – April 19)
ချစ်သူမိန်းကလေး – အချစ်နဲ့ပတ်သက်လာရင် အပြာင်းအလဲဘက်ကို စိတ်ယိုင်တတ်ပေမယ့် တကယ်သစ္စာရှိမရှိဆိုတာက သင့်အပေါ်မှာပဲ မူတည်ပါတယ်။
ချစ်သူယောင်္ကျားလေး – လူတစ်ယောက်ကို ချစ်သွားဖို့ဆိုတာ သူတို့အတွက် ခက်ခဲပါတယ်။ ချစ်သွားပြီဆိုရင်လည်း တကယ်နှစ်နှစ်ကာကာ ချစ်တတ်ကြတယ်။ သစ္စာရှိပုံကတော့ ခုနကပြောသလိုပဲ သူတို့ရဲ့ချစ်သူ အပေါ်ပဲ မူတည်တာပါ။

၂။ Taurus (April 20 – May 20)
ချစ်သူမိန်းကလေး – အချစ်စစ်ဆိုတာကို ယုံကြည်တဲ့သူတွေဖြစ်ပြီးတော့ သူတို့ချစ်သူကို လုံးဝသစ္စာရှိတဲ့သူတွေပါ။ ဘယ်တော့မှ သစ္စာဖောက်မယ့်သူတွေ မဟုတ်ပါဘူး။
ချစ်သူယောင်္ကျားလေး – ဒီရာသီဖွား ကောင်လေးတွေက အရမ်းကို ရိုးသားတဲ့သူတွေပါ။ ကိုယ့်ကို နောက်ကျောဓားနဲ့ ထိုးမှာကို စိတ်ပူစရာမလိုပါဘူး။

၃။ Gemini (May 21 – June 20)
ချစ်သူမိန်းကလေး – များသောအားဖြင့် သစ္စာရှိတတ်ကြပေမယ့် တစ်ခါတလေ သူတို့ကိုယ်တိုင် မရည်ရွယ်ဘဲ ကိုယ့်ချစ်သူကို သစ္စာဖောက်တတ်ကြပါတယ်။
ချစ်သူယောင်္ကျားလေး – သူတို့ရဲ့ရွေးချယ်မှုအတွက် အမြဲမပြတ်မသား ဖြစ်နေတတ်ပါတယ်။ ဟိုလူကို ချစ်သလိုလို ၊ ဒီလူကိုကို ချစ်သလိုလို ဝေခွဲမရ ဖြစ်တတ်တယ်။ သစ္စာဖောက်တတ်တဲ့ ပုံစံမျိုးတော့ မဟုတ်ပေမယ့် ထားသွားတတ်တဲ့ အကျင့်တော့ရှိပါတယ်။

၄။ Cancer ( June 21 – July 22)
ချစ်သူမိန်းကလေး – Cancer ကောင်မလေးတွေက ရာသီဖွားတွေထဲမှာ ယုံကြည်လို့အရဆုံး ရာသီခွင်ပါပဲ။
ချစ်သူယောင်္ကျားလေး – RSမှာ ဘယ်တော့မှ စိတ်နှစ်ပြီး မချစ်သလို တစ်ယောက်မက ရည်းစားထားတတ်ပါတယ်တဲ့။

၅။ Leo (July 23 – August 22)
ချစ်သူမိန်းကလေး – သစ္စာဖောက်တတ်တဲ့ သူမျိုးတွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ချစ်သူ သစ္စာဖောက်မှာကို အမြဲစိုးရိမ် သံသယဝင်တတ်တဲ့ သူမျိုးတွေပါ။
ချစ်သူယောင်္ကျားလေး – ယုံကြည်လို့ရတဲ့ ကောင်လေးတွေပါ။ RS တစ်ခုတည်ထောင်ဖို့ လက်တွဲဖော်ကို အရမ်းရွေးလွန်းတဲ့ သူတွေပေါ့။ ရည်းစားရသွားတဲ့ အခါမှာလည်း အရမ်းသစ္စာရှိတဲ့ သူမျိုးတွေပါ။

၆။ Virgo (August 23 – September 22)
ချစ်သူမိန်းကလေး – ဒီရာသီဖွားကောင်မလေးတွေက အချစ်ကို ယုံကြည်ပြီး လုံးဝ သစ္စာဖောက်မယ့်သူတွေ မဟုတ်ပါဘူး။
ချစ်သူယောင်္ကျားလေး – ကောင်လေးတွေကလည်း သစ္စာရှိပြီးတော့ RS မှာ ဖြစ်လာမယ့် အခက်အခဲမှန်သမျှကို ရင်ဆိုင်ဖြေရှင်းမယ့် သူတွေပါ။

၇။ Libra (September 23 – October 22)
ချစ်သူမိန်းကလေး – ဒီရာသီဖွားမိန်းကလေးတွေက သူတို့ကိုယ်သူတို့ သစ္စာရှိတယ်လို့ သတ်မှတ်ထားပေမယ့် တကယ်ပိုဂရုစိုက်ပေးတဲ့လူ ၊ ပိုချစ်ပေးနိုင်တဲ့သူပေါ်လာရင် လက်ရှိချစ်သူကို ထားသွားတတ်ကြပါတယ်။
ချစ်သူယောင်္ကျားလေး – RSနဲ့ပတ်သတ်လာရင် နာမည်ပျက်မရှိချင်ကြတဲ့ သူတွေပါ။ သူတို့ရဲ့ နာမည်ကို ထိန်းသိမ်းဖို့အတွက်ကို အဓိကထားတာကြောင့် ချစ်သူကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။

၈။ Scorpio (October 23 – November 21)
ချစ်သူမိန်းကလေး – သူတို့စိတ်ထိခိုက်ခံစားလာရတဲ့အခါ ထွက်ပေါက်အနေနဲ့ နောက်တစ်ယောက်အပေါ် စိတ်ယိုင်လေ့ရှိပါတယ်။
ချစ်သူယောင်္ကျားလေး –ချစ်သူကောင်မလေးကို ကိုရီးယားကားထဲကလို အရမ်းရိုမန်တစ်ဆန်ဆန် ဂရုစိုက်ပေးလို့ ကောင်မလေးတွေက ပစ်ကြွေကြတယ်။ ဒါပေမဲ့လည်း သူတို့တွေက ရိုမန်တစ်တော်ကီတွေနဲ့ တစ်ယောက်ပြီး တစ်ယောက်တွဲလေ့ ရှိကြပါတယ်။

၉။ Sagittarius (November 22 – December 21)
ချစ်သူမိန်းကလေး – အပျော်အပါးမက်တတ်လို့ RSမှာ ကြာကြာမြဲလေ့မရှိပါဘူး။ တစ်ယောက်ပြီးတစ်ယောက် ပြောင်းတတ်ပါတယ်။
ချစ်သူယောင်္ကျားလေး – ယောကျ်ားလေးတွေကလည်း မိန်းကလေးတွေနဲ့ တူတူပါပဲ။

၁၀။ Capricon (December 22 – January 19 )
ချစ်သူမိန်းကလေး – RS ထားရတာထက် တစ်ယောက်တည်းနေရတာ ပိုကြိုက်တဲ့ ကောင်မလေးတွေပါ။ ဒါပေမယ့် ရည်းစားထားပြီဆိုရင်လည်း ရိုးသားပြီး သစ္စာရှိတဲ့သူတွေပါ။
ချစ်သူယောင်္ကျားလေး – ကောင်လေးတွေကတော့ ဘဝမှာကြီးမားတဲ့ ရည်မှန်းချက်ရှိပြီးတော့ လုပ်ငန်းခွင်မှာ အောင်မြင်အောင် ကြိုးစားလေ့ရှိတယ်။ အလုပ်နဲ့ အချစ်နဲ့ဆို အလုပ်ကို ဦးစားပေးတဲ့သူတွေ ဆိုပေမယ့် ဖောက်ပြန်တတ်တဲ့ထဲမှာတော့ မပါပါဘူး။

၁၁။ Aquarius (January 20 – February 18 )
ချစ်သူမိန်းကလေး – ရာသီဖွားတွေအားလုံးထဲမှာ အချစ်တတ်ဆုံး လူသားတွေပါ။ သူတို့ချစ်သူအပေါ် ဘယ်တော့မှ မဖောက်ပြန်ပါဘူး။
ချစ်သူယောင်္ကျားလေး – အခြားကောင်မလေးတွေကို စိတ်ဝင်စားတာတော့ ရှိပေမယ့် ဖောက်ပြန်တတ်တဲ့သူတွေတော့ မဟုတ်ပါဘူး။

၁၂။ Pisces (February 19 – March 20 )
ချစ်သူမိန်းကလေး – အရမ်းရိုမန်တစ်ဆန်တတ်ပြီးတော့ စိတ်ကူးယဉ်ဆန်တတ်တဲ့သူတွေပါ။ သူတို့လက်ရှိချစ်သူထက် ပိုပြီး ရိုဆန်ရုပ်ချော ဆွဲဆောင်မှုရှိတဲ့သူကိုတွေ့ရင် အဲဒီသူဘက်ကို ချက်ချင်းစိတ်ယိုင်တတ်ပါတယ်။
ချစ်သူယောင်္ကျားလေး – ရာသီခွင်အားလုံးထဲက Cheatingလုပ်တဲ့နေရာမှာ အတော်ဆုံး လူသားတွေပါတဲ့။ ဆိုးတာက အဲလိုလုပ်တာတွေကြောင့် ကိုယ်တကယ်ချစ်ရတဲ့သူကို ဆုံးရှုံးသွားလည်း နောင်တမရတတ်တာပါပဲ။

Ref; Baydin

211 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.