မာတာ အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါင် (၃၇) သန်း ကမ်းလှမ်းမှုကို ချယ်လ်ဆီး လက်ခံလိုက်ပြီ

mata_getty_fingers-455309.jpg

အသက် ၂၅ နှစ်အရွယ် စပိန်ကွင်းလယ်ကစားသမား မာတာဟာ ဒီနေ့ မှာ ဆေးစစ်မှု ခံယူမှာဖြစ်ပြီး ဆေးအောင်တာနဲ့ မန်ယူအသင်းကို ရောက်ရှိသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ခန့် မှန်း ပြောင်းရွှေ့ ကြေးအဖြစ် ပေါင် (၃၇) သန်း ၀န်းကျင်ရှိပြီး လေးနှစ်ခွဲ စာချုပ်နဲ့ အိုးထရက်ဖို့ ဒ် ကို ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။ စပိန်လက်ရွေးစင်ကစားသမား မာတာဟာ မနေ့ က အသင်းဖော် ချယ်လ်ဆီးကစားသမားတွေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ၀န်ထမ်းတွေကို လေ့ကျင့်ရေးကွင်းမှာ နောက်ဆုံး နှုတ်ဆက်ခဲ့တယ်လို့ အသင်းနဲ့ နီးစပ်သူတစ်ယောက် ဆီက သိရပါတယ်။

မနေ့ ညက ဆန်းဒါးလန်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ ဒီပြောင်းရွှေ့ မှု အကြောင်း မေးမြန်းချက်တွေကို မန်ယူနည်းပြ ဒေးဗစ်မိုရက်စ်က ဖြေဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီ ပြောင်းရွှေ့ ကြေး တိုင်းသာ ဆိုရင် ကလပ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ ကြေး ဖြစ်ခဲ့တဲ့ ဘာဘာတော့ဗ်ကို စပါးက ခေါ်ယူချိန်က ပေးခဲ့ရတဲ့ ပေါင် သန်း ၃၀.၇၅ ကို ကျော်ဖြတ်သွားပြီ ဖြစ်ပြီး မာတာဟာ မန်ယူအသင်းရဲ့ ဈေးအကြီးဆုံး ကစားသမားတစ်ဦး ဖြစ်လာပါတော့မယ်။

အင်္ဂါနေ့ တုန်းက ချယ်လ်ဆီးအသင်းဟာ မာတာ ဟာ ရောင်းဖို့ အတွက်မဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့်
မနေ့ က ထွက်ပေါ်လာတဲ့ သတင်းများအရတော့ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ချယ်လ်ဆီးတို့  လက်ခံလိုက်ပြီလို့  သိရပါတယ်။ မန်ယူအသင်းဟာ ရလဒ်ဆိုးရွားနေတဲ့အသင်းကို ပြောင်းလဲမှုတွေ အများအပြားလုပ်ဖို့ ရှိပြီး ကစားသမားကောင်းတွေ ထပ်ဝယ်သွားမယ်လို့ ဆိုခဲ့ပါသေးတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ လူငယ်ကစားသမားဘ၀ကနေ ဗလင်စီယာကို ရောက်ရှိခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှာ မာတာဟာ ပေါင် ၂၃.၅ သန်းနဲ့ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Ref: bbc.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.