Crush က ကိုယ့္ကို ျပန္ crush ေနလား ေျပာျပ ေပးတဲ့ အခ်က္မ်ား

ကိုယ္ခ်စ္ရသူက ကိုယ့္ကိုေကာ ျပန္စိတ္ဝင္စားေနလား ဆိုတာ ဒီအခ်က္ေတြ ၾကည့္ရင္ သိႏိုင္မွာပါ။ ဒါဆိုရင္ ကိုယ့္ crush ေလးက ကိုယ့္ကို ျပန္ crush ေနလား ဆန္းစစ္ၾကည့္လိုက္ပါဦး။

၁။ မေနတတ္မထိုင္တတ္ျဖစ္ေနတတ္တယ္။
ကိုယ့္အနားကိုေရာက္လာတာနဲ႔ သူ မေနတတ္မထိုင္တတ္ျဖစ္ေန၊ စိတ္လႈပ္ရွားေန၊ ရွက္ေသြးျဖာေနၿပီ ဆိုရင္ေတာ့ သူသင့္ကိုစိတ္၀င္စားေနတာ ေသခ်ာသေလာက္ရွိေနပါၿပီ။

၂။ စိတ္၀င္စားေနတယ္
သင္ ဘာအေၾကာင္းပဲေျပာေျပာ သူ႔ဘက္က စိတ္၀င္တစားနားေထာင္ေပးေနမယ္၊ ဘာႀကိဳက္တယ္၊ မႀကိဳက္ဘူးကအစ သူသိခ်င္ေနမယ္ဆိုရင္ေတာ့ သူ႔ရဲ႕စိတ္၀င္စားမႈကို သင္ရထားတာ ေသခ်ာပါၿပီ။

၃။ ၿပံဳးျပေနမယ္
သင့္ကို အခ်ိန္တုိင္း ၿပံဳးျပေနတတ္ပါတယ္။ ကိုယ့္မ်က္ႏွာအမူအယာတိုင္းကို သူကလည္း လိုက္ခံစားေပးဖို႔ ႀကိဳးစားေနပါလိမ့္မယ္။

၄။ ကူညီေပးတယ္
အိမ္ျပန္ေနာက္က်တာမ်ိဳး၊ ကိုယ္အကူအညီလိုတဲ့အခါတိုင္း အၿမဲအသင့္ ျဖစ္ေနတယ္ဆိုရင္၊ အၿမဲဂ႐ုတစိုက္ျဖစ္ေနမယ္ဆိုရင္ သူသင့္ အေပၚ စိတ္ဝင္စားေနတယ္ဆိုတာ ေသခ်ာသေလာက္ရွိေနပါၿပီ။

၅။ သတိထားမိတယ္
ကိုယ့္ ဆံပင္ညွပ္တာ၊ အဝတ္အစား style ေျပာင္းတာကအစ သူမ်ားေတြ သတိမထားမိေပမယ့္ သူကလိုက္သတိထားမိေနတာမ်ိဳးဆိုရင္ေတာ့…ေသခ်ာပါတယ္။ သူသင့္ကို Crush ေနပါၿပီ။

[ Unicode ]

ကိုယ်ချစ်ရသူက ကိုယ့်ကိုကော ပြန်စိတ်ဝင်စားနေလား ဆိုတာ ဒီအချက်တွေ ကြည့်ရင် သိနိုင်မှာပါ။ ဒါဆိုရင် ကိုယ့် crush လေးက ကိုယ့်ကို ပြန် crush နေလား ဆန်းစစ်ကြည့်လိုက်ပါဦး။

၁။ မနေတတ်မထိုင်တတ်ဖြစ်နေတတ်တယ်။
ကိုယ့်အနားကိုရောက်လာတာနဲ့ သူ မနေတတ်မထိုင်တတ်ဖြစ်နေ၊ စိတ်လှုပ်ရှားနေ၊ ရှက်သွေးဖြာနေပြီ ဆိုရင်တော့ သူသင့်ကိုစိတ်ဝင်စားနေတာ သေချာသလောက်ရှိနေပါပြီ။

၂။ စိတ်ဝင်စားနေတယ်
သင် ဘာအကြောင်းပဲပြောပြော သူ့ဘက်က စိတ်ဝင်တစားနားထောင်ပေးနေမယ်၊ ဘာကြိုက်တယ်၊ မကြိုက်ဘူးကအစ သူသိချင်နေမယ်ဆိုရင်တော့ သူ့ရဲ့စိတ်ဝင်စားမှုကို သင်ရထားတာ သေချာပါပြီ။

၃။ ပြုံးပြနေမယ်
သင့်ကို အချိန်တိုင်း ပြုံးပြနေတတ်ပါတယ်။ ကိုယ့်မျက်နှာအမူအယာတိုင်းကို သူကလည်း လိုက်ခံစားပေးဖို့ ကြိုးစားနေပါလိမ့်မယ်။

၄။ ကူညီပေးတယ်
အိမ်ပြန်နောက်ကျတာမျိုး၊ ကိုယ်အကူအညီလိုတဲ့အခါတိုင်း အမြဲအသင့် ဖြစ်နေတယ်ဆိုရင်၊ အမြဲဂရုတစိုက်ဖြစ်နေမယ်ဆိုရင် သူသင့် အပေါ် စိတ်ဝင်စားနေတယ်ဆိုတာ သေချာသလောက်ရှိနေပါပြီ။

၅။ သတိထားမိတယ်
ကိုယ့် ဆံပင်ညှပ်တာ၊ အဝတ်အစား style ပြောင်းတာကအစ သူများတွေ သတိမထားမိပေမယ့် သူကလိုက်သတိထားမိနေတာမျိုးဆိုရင်တော့…သေချာပါတယ်။ သူသင့်ကို Crush နေပါပြီ။

Ref; rsgoals

169 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.